အခန်း (၁၉၆) (က)
ရှောင်ရှုံးက သူ့ရင်ခွင်ထဲက မိန်းကလေးကို ငုံ့ကြည့်လိုက်တယ်။ သူကခြံထဲကို မဝင်ခဲ့ဘဲ အပြင်ကနေပဲ စောင့်နေခဲ့ပေမဲ့ အထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူသေသေချာချာသိတယ်။ ကျန်းယွမ်က အပြင်ပိုင်းမှာတော့ သူမရဲ့ခံစားချက်တွေကို ထုတ်မပြခဲ့ပေမဲ့ ဒီအစေခံတွေက သူမနဲ့အတူ ကြီးပြင်းလာခဲ့တာဖြစ်တယ်။ ဒီတော့သူမက ဒီအစေခံတွေအပေါ် သူမက အပြည့်အဝ ယုံကြည်ပေးထားတာဖြစ်တယ်။ ဒါ့ကြောင့် အဆုံးမှာ ဒီလိုဖြစ်သွားရတဲ့အချိန်မှာ သူမက သူမရင်ထဲက ဝမ်းနည်းမှုတွေကို အခြားလူတွေရှေ့မှာ ထုတ်မပြခဲ့ပေမဲ့ သူ့ရှေ့မှာတော့ ပွင့်ပွင့်လင်းလင်းနဲ့ ထုတ်ပြခဲ့တာဖြစ်တယ်။ ကျန်းယွမ်နောက်ကျောကို သာသာလေး ပုတ်ပေးခဲ့တယ်။
ဒီညင်သာပြီး နွေးထွေးတဲ့ လက်မောင်းတွေကြားထဲမှာ ကျန်းယွမ်ရဲ့စိတ်က ဖြေးဖြေးချင်း တည်ငြိမ်လာခဲ့တယ်။ သူမက ပိုင်ကျီကို သံသယအရှိဆုံးဖြစ်တာက ဒီလူတွေထဲကမှ ပိုင်ကျီတစ်ယောက်ပဲ သူမကို အဆုံးထိ အဖော်ပြုပေးခဲ့တာဖြစ်တယ်။ အခုပိုင်ကျီက ရှရန်ရဲ့လူဖြစ်နေတော့ ရှရန်ကသူမကို တစ်ခုခုထိခိုက်အောင် ဘာမှမလုပ်ခိုင်းခဲ့ပေမဲ့ သူမရဲ့အခြေအနေက အစကတည်းက ရန်လိုတဲ့နေရာမှာ ရှိနေတာဖြစ်တယ်။ အဆုံးမှာတော့သူမက ဖေးအာကို ပိုင်ကျီကို အပ်နှံခဲ့တယ်။ ပိုင်ကျီက ဖေးအာနဲ့အတူ လွှတ်မြောက်နိုင်လိမ့်မယ်လို့ သူမမျှော်လင့်ရင်းနဲ့ပေါ့။ ဒါပေမဲ့ အဆုံးမှာတော့ ဖေးအာက လီတုန်ရဲ့လက်ထဲကိုပဲ ရောက်သွားခဲ့တယ်။ ပိုင်ကျီက ဖေးအာကို ကျန်းစူးစူး ဒါမှမဟုတ် ရှရန်ကိုပဲ ပေးခဲ့တာဖြစ်လောက်တယ်။ ဒါကလည်း သူမမလွှတ်မြောက်နိုင်လို့ ဖြစ်ရင်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒါကဘယ်လို အခြေအနေမျိုးကြီးတုန်း။ အရင်ဘဝက ပိုင်ကျီတစ်ယောက်ထဲ ဒီအဖြေတွေကို သိမှာဖြစ်တယ်။ ဒီကိစ္စကတော့ သူမရဲ့လည်ချောင်းဝမှာ ဆူးလိုမျိုးပဲ တစ်နေခဲ့တယ်။ သူမအဲ့အကြောင်းကို တွေးလိုက်တိုင်း ပိုင်ကျီက ဖေးအာကို ဘယ်လိုမျိုး လုပ်ခဲ့တယ်ဆိုတာကို သူစဉ်းစားလို့ မရနိုင်အောင် ဖြစ်နေတယ်။ သူကဒီဘဝမှာတော့ အဲ့လိုမျိုး မဖြစ်ခဲ့ပေမဲ့ သူမက အဲ့အကြောင်းကို သိချင်နေတုန်းပဲ။
