Part 209

1K 110 0
                                    


အခန်း (၂၀၉)

တချို့လူတွေက စကားပြောနေပေမဲ့ မိန်းမစိုးတစ်ယောက်ရဲ့ ကြေငြာသံအရှည်ကြီးကို ကြားလိုက်တဲ့အချိန်မှာ သူတို့ ပါးစပ်တွေ ပိတ်သွားခဲ့ပြီး ဧကရာဇ် ရောက်လာခဲ့တယ်။ တချို့လူတွေက ဧကရာဇ်နဲ့ သူ့ဘေးက မိန်းကလေးတွေကို ကြည့်နေကြတယ်။ သူ့ဘေးက မိန်းကလေးတွေက အခု သဘောအကျခံနေရတဲ့ ဝမ်လင်းအာ၊ မုရှီရုံနဲ့ ကျန်းတန်တို့ပဲ။

ကျောက်ကျင်းက ကျန်းယွမ်ကို ပြောလိုက်တယ်။

"ညီမလေးယွမ် ညီမလေးရဲ့ လေးယောက်မြောက်ညီမလေးက နန်းတော်ထဲမှာ အခု အတော်လေး သဘောကျခံနေရတယ်နဲ့တူတယ်"

ကျန်းယွမ် ဘာမှမပြောပဲ ရယ်လိုက်တယ်။ ကျန်းတန်က နန်းတော်ထဲမှာ ဧကရာဇ် သဘောကျတာခံရဖို့ ဘာကိုမှဂရုမစိုက်နိုင်ဘဲ ဒီလောက်ကြိုးစားအားထုတ်ထားတာ။ သူမရဲ့အကြည့်က ဧကရာဇ်ဘေးက ပုံရိပ်လေး အပေါ်ကို ကျရောက်သွားတဲ့အချိန်မှာ ကျန်းယွမ်ပြုံးမိသွားတယ်။ ရွှမ်းဖေးလည်း ပါလာတာကိုး။

ဧကရာဇ်ရောက်လာတဲ့အချိန် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားတယ်။ နှစ်တိုင်း သားကောင်အများဆုံးရတဲ့သူက အနိုင်ရတာဖြစ်ပြီး ဧကရာဇ်က သူ့ရဲ့ဆုတောင်းတစ်ခုကို ဖြည့်ဆည်းပေးတယ်။ အရင်နှစ်တွေတုန်းက ကွမ်းလင်းဟန်နဲ့ ရွှမ်းလီတို့က သရေရကြတာဖြစ်တယ်။ ရှောင်ရှို့က ဒီလိုအရာမျိုးကို ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ဘူး။ ကွမ်းလင်းဟန်က ထူးချွန်တဲ့ လေးအတတ်နဲ့ ဗိုလ်ချုပ်ဖြစ်ပြီး ရွှမ်းလီကလည်း ကျန်ခဲ့မယ့်သူ မဟုတ်ဘူ။ သူတို့နှစ်ယောက်လုံးက ခနန်းတောင်ပေါ်မှာ ငယ်ငယ်ကတည်းက မြင်းစီးပြီး အမဲလိုက်ခဲ့ကြတာဖြစ်လို့ အမဲလိုက်ခြင်းနဲ့ ရင်းနှီးတဲ့သူတွေဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ကျန်းရှင်းကျီ ပါဝင်လာပြီး ရလာဒ်က ထပ်ပြီး ရှုပ်ထွေးလာပြန်တယ်။

အကုန်လုံးက စစ်နတ်ဘုရားနဲ့ အငယ်ဆုံးဗိုလ်ချုပ်ဖြစ်တဲ့ ကျန်းရှင်းကျီကို အရမ်းစိတ်ဝင်စားနေကြတယ်။ သူတို့ထဲကမှ မိန်းကလေးတွေကတော့ သူ့ကို စိတ်ဝင်အစားဆုံးပဲ။ ကွမ်လင်းဟန်က အရမ်းရိုင်းပြီးတော့ ရွှမ်းလီရဲ့ ညင်သာသိမ်မွေ့တဲ့ သဘောထားက သူတို့ ရနိုင်တဲ့အရာမဟုတ်ဘူး။ ကျန်းရှင်းကျီတစ်ယောက်ပဲ သူတို့မျှော်မှန်းလို့ရတာဖြစ်တယ်။ သူက ခန့်ညားပြီး ဗိုလ်ချုပ်တွေမှာရှိတဲ့ ရိုင်းစိုင်းမှုမျိုး မရှိဘူး။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now