Part 232

852 95 2
                                    


အခန်း (၂၃၂)

ရွှမ်းလီမျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေပေမဲ့ ဆန့်ကျင်ဘက်အနေနဲ့ သူ သူ့စိတ်ထဲက ဒေါသကို ထိန်းချုပ်နေတဲ့ပုံပဲ။

ဧကရာဇ်ရဲ့သားတွေထဲကမှ ရွှမ်းလီက အတည်ငြိမ်ဆုံးဆိုတာ သေချာပြီးတော့ လူတိုင်းရဲ့အမြင်မှာ သူက ညင်သာပြီးတော့ လူကြီးလူကောင်းတစ်ယောက်လိုပဲ။ ဒီလိုမျိုး တည်ငြိမ်တဲ့သူက အမြဲတမ်း လုံခြုံမှုကို ပေးစွမ်းနိုင်တယ်။ ရွှမ်းလီဘက်ကို လာတဲ့သူတွေက ဒါကိုယုံကြည်ပြီးလာကြတာဖြစ်တယ်။ ရွှမ်းလီက တဖြည်းဖြည်းပြောင်းလဲလာတာကို သူတို့ မသိကြဘူး။ အတိတ်တုန်းကဆိုရင် ရွှမ်းလီဘေးကလူတွေက ရွှမ်းလီက အတော်လေးသဘောထားကြီးမားတယ်လို့တောင် ခံစားကြရတယ်။

သူ ရွှမ်းဟွာရဲ့ နမောနမဲ့နိုင်မှုကို လေှာင်ခဲ့ဖူးပေမဲ့ အခုတော့ သူ့ အလှည့်ရောက်လာပြီ။ ဘယ်တုန်းက အဲ့လိုဖြစ်သွားလဲဆိုတာကို သူကိုယ်တိုင်တောင် မသိခဲ့ဘူး။ သူ့ရဲ့ အကြံတွေက အတိတ်မှာတုန်းက အတော်လေး ချောချောမွေ့မွေ့ဖြစ်ခဲ့ပေမဲ့ အခုတော့ သူ ရုန်းကန်နေရပြီ။ ကြည့်ရတာ သူ လှမ်းမယ့်ခြေလှမ်းတွေကို တစ်ဖက်လူက တန်ပြန်ပြီး အကွက်ချနိုင်တဲ့ပုံပဲ။ သူပိုပြီးတော့ စိုးရိမ်လေလေ တစ်ဖက်လူက သူ့အကြံတွေကို မြန်မြန်ရိပ်မိလာလေလေပဲ။ အခု အလျင်စလို ဆုံးဖြတ်ချက် မချနိုင်တော့ဘူး။ အခုလို အရေးကြီးတဲ့အခြေအနေမှာ သူ ပိုပြီးတော့ ရန်လိုလာတယ်။ ယောင်မိသားစုက ရွှမ်းဖေးဘက်ကိုသွားတာ တစ်ယောက်ယောက်က မိန်းမပျို‌လေးယောင်ရဲ့ သေဆုံးမှုက တောင်ပိုင်းရှင်းကျန်းနဲ့ပတ်သက်တယ်လို့ သတင်းလွှင့်လိုက်လို့ဖြစ်တယ်။ ပြီးတော့ တောင်ပိုင်းရှင်းကျန်းကလူတွေက သူနဲ့ ပတ်သက်နေတယ်လို့ သတင်းကလည်းထွက်လာတယ်။ ယောင်မိသားစုက ဒီလိုနဲ့ရွှမ်းဖေးဘက်ကို ပါသွားတာဖြစ်တယ်၊

သူ အဲ့အကြောင်းကို ပိုတွေးလေလေ။ ရွှမ်းလီပိုပြီး စိတ်ညစ်လေလေပဲ။ ဒီကိစ္စက သူနဲ့ ဘာမှမဆိုင်ဘူး။ သူက လူသတ်ဖို့ လူတချို့ ငှားချင်ရုံပဲ။ ပြီးတော့ သူက အဝေးကနေ ထိုင်ကြည့်မယ်ပေါ့။ အဆုံးမှာတော့ သူ သူ့ကိုယ်သူ အန္တရာယ်များတဲ့ အခြေအနေထဲ သွင်းလိုက်သလိုဖြစ်သွားတယ်။ 'ကျင်းရင်ဝမ်အိမ်တော်'။ ရွှမ်းလီ အံကြိတ်လိုက်တယ်။ ဒီသတင်းကို ဘယ်သူလွှင့်လိုက်တာလဲဆိုတာ သူသိတယ်။ ဒါပေမဲ့ ရှောင်ရှို့က အဲ့လိုလုပ်မယ်လို့ ထင်မထားဘူး။ ဒါပေမဲ့လည်း အဲဒါ ရှောင်ရှို့ဆီက မဟုတ်ဘဲ အဲ့မိန်းကလေးဆီက ဖြစ်နိုင်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now