Part 205

911 98 0
                                    


အခန်း (၂၀၅)

ရွှမ်းလီက စာရွက်ကို သူ့ရှေ့က မီးပုံထဲကို ပစ်ထည့်လိုက်တယ်။ သူ့ဘေးက လက်အောက်ငယ်သားက မမေးဘဲ မနေနိုင်ခဲ့ဘူး။

"အရှင်မင်းသား ဘာလို့ ကျန်းကျောက်ရီရဲ့ ကမ်းလှမ်းမှုကို ငြင်းလိုက်တာပါလဲ"

ကျန်းဒန်က ရွှမ်းလီကို သူမနဲ့အတူ ကျင်းရီဝမ်အိမ်တော်ကို ရှင်းထုတ်ဖို့အတွက် ကမ်းလှမ်းခဲ့တာဖြစ်တယ်။ အဲ့ဒါက ကြားရတာတော့ ကောင်းတဲ့အရာဖြစ်တယ်။ ကျန်းဒန်က ဒီလိုမျိုး ပြောတယ်ဆိုမှတော့ သူမက အကြံတစ်ခုတော့ ရှိမှာဖြစ်တယ်။ ရွှမ်းလီက ချက်ချင်းပဲ တုန့်ဆိုင်မှုမရှိဘဲ ကျန်းဒန်ရဲ့ ကမ်းလှမ်းမှုကို ငြင်းလိုက်တာက တကယ်ပဲ ထူးဆန်းတယ်။

"သူမကအခု အရမ်းစိုးရိမ်နေပြီ။ ဒါ့ကြောင့်သူမ ဒီလိုမျိုးတွေ ကမ်းလှမ်းနေတာ။ သူမက ပြောရရင် ကျန်းယွမ်ကို ရှင်းထုတ်ပစ်ချင်နေတာ။ ငါလည်းကျန်းယွမ်ကို ရှင်းထုတ်ပစ်ချင်ပြီးတော့ ကျင်းရီဝမ်နန်းတော်ကိုလည်း ငါရှင်းထုတ်ပစ်ချင်တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်က ငါဝင်ပါစရာ မလိုသေးဘူး"

ရွှမ်းလီက မီးပုံထဲကို ကြည့်လိုက်တယ်။

"ဒါ့အပြင် ဒီမိန်းမက အတော်လေး ဉာဏ်များပြီးတော့ ငါးယောက်မြောက် ညီနဲ့လည်း ပတ်သတ်နေတယ်"

ရွှမ်းလီက မီးပုံထဲကိုကြည့်ပြီး သူကလျို့ဝှက်ချက် တစ်ခုခုကို သိနေပုံပဲ။ ကျန်းဒန်က တကယ်ပဲ ရွှမ်းဝါနဲ့ ဒီလိုမျိုး အချိန်တိုအတွင်းမှာ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့ပြီးတော့ သူ့ရဲ့လက်အောက်ငယ်သားက ပြောလိုက်တယ်။

"အရှင်မင်းသား ဆိုလိုတာက..."

"ငါပြောစရာ လိုသေးလို့လား"

ရွှမ်းလီက ပြောလိုက်တယ်။

"တကယ်လို့ သူတို့နှစ်ယောက်က ကျင်းရီဝမ်နန်းတော်ကို ရှင်းထုတ်ပစ်မယ်ဆိုရင်လည်း ရှောင်ရှုံးက အမြဲတမ်း လမ်းပိတ်နေတဲ့ ကျောက်တုံးလိုမျိုး ဖြစ်နေတယ်။ ငါကတစ်နေ့မှာ ဒီကျောက်တုံးကို ဖယ်ရှားရမှာပဲ။ ဒါပေမဲ့ တစ်ယောက်ယောက်က ငါ့အတွက် လုပ်ပေးမယ်ဆိုရင်ရော ဘာလို့ငါက လက်မခံနိုင်ရမှာလဲ"

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now