Part 124(2)

2.1K 187 3
                                    

Unicode

Part 172

အခန်း ၁၂၄(ခ)

အနိမ့်ဆုံးဈေးနဲ့ ရောင်းဖို့ဆိုတာက နေ့မအား ညမအား ဖောက်သည်တွေ လက်ခံရတဲ့ အဆင့်အနိမ့်ဆုံး ဆောင်ကြာမြိုင်တွေမှာ ရောင်းမယ်လို့ ဆိုလိုတာပဲ။ အဲ့လိုမျိုးဘဝမျိုးက သေရတာထက်ကို ပိုဆိုးတယ်။ အစေခံက တုန်ယင်စွာနဲ့ ပြောလိုက်တယ်။
“သခင်မ ကျေးဇူးပြုပြီး ဒီအစေခံအပေါ်ကို ဒီတစ်ကြိမ်လောက်တော့ သက်ညှာပေးပါ။ ဒီအစေခံက အဲ့လိုမျိုးထပ်ပြီး မလုပ်ရဲတော့ပါဘူး။ ”
တုန်သခင်မက သူမကိုကြည့်ပြီး ပြောလိုက်တယ်။
“မင်းက အရောင်းမခံချင်ဘူးဆိုတော့ ဒီမှာဖြစ်သမျှ အကုန်အမှန်အတိုင်းပြော။ ယင်းအာပြောတဲ့လူက ဘယ်သူလဲ။ ပြီးတော့သူကသူမကို စိတ်ရှုပ်စေဖို့အတွက် ဘယ်လိုနည်းလမ်းကို သုံးခဲ့တာလဲ။ ”
တုန်သခင်မက ဒီအစေခံရဲ့ အရေးပါတဲ့အချက်ကို ဆုပ်ကိုင်ထားတာဖြစ်တာကြောင့် သူမက ဘာမှထပ်ပြီး မဖုံးကွယ်နိုင်တော့ဘူး။ သူမက တုန်သခင်မကို ကိစ္စတစ်ခုလုံးကို အသေးစိတ် ပြောပြခဲ့တယ်။ တုန်သခင်မက ဒေါသကြောင့် တုန်ယင်သွားတယ်။
“ငါဒီလိုသမီးမျိုးကို ဘယ်လိုများ မွေးခဲ့တာပါလိမ့်။ ငတုံးမလေး အရမ်းတုံးတာပဲ။ ”
တုန်သခင်မက တုန်ယင်းအာ ရင်ထဲကလူက တကယ်ပဲ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အငယ်ဆုံး စစ်နတ်ဘုရား ကျန်းရှင်းကျီဖြစ်လိမ့်မယ်လို့ လုံးဝထင်မထားဘူး။ အစေခံကလည်း မလိမ်ရဲဘူး။ တကယ်လို့ ဒီတိုင်းဆိုတော့ ကျန်းရှင်းကျီက ဘာမှမလုပ်ခဲ့ဘူး။ ပြီးတော့ တစ်ခြားသူကိုက တုန်ယင်းအာရဲ့ စိတ်ကူးပဲဖြစ်တယ်။ အမျိုးသမီးတိုင်းက သူတို့ရဲ့ဂုဏ်သတင်းကို ကာကွယ်ဖို့လိုပေမဲ့ တုန်ယင်းအာရဲ့ သူ့အပေါ်ထားတဲ့ စွဲလမ်းခြင်းက ကျင့်ဝတ်စည်းကမ်းတွေနဲ့ နေထိုင်လာတဲ့ တုန်သခင်မကို လုံးဝမျက်နှာပျက်ရစေတယ်။ တုန်ယင်းအာကအခု အရမ်းနက်နက်ရှိုင်းရှိုင်း ဖြစ်နေတာဖြစ်ပေမဲ့ သူမက ဒီလိုလက်ထပ်မှုမျိုးက ဖြစ်နိုင်ချေ မရှိဘူးဆိုတာကို နားမလည်ဘူး။ လက်ရှိမှာ ကျန်းရှင်းကျီက တုန်ယင်းအာအပေါ်ကို ဘာခံစားချက်မှ မရှိဘူး။ အဆင့်အတန်းအနေနဲ့လည်း တုန်ယင်းအာက ကျန်းရှင်းကျီကို လက်ထပ်ဖို့ အရမ်းခက်ခဲမှာ။
ကျန်းရှင်းကျီက ဘယ်သူလဲ။ လွန်ခဲ့တဲ့နှစ်တွေကသူက ရန်သူတပ်တွေကို ခဏခဏတိုက်ထုတ်ခဲ့ပြီး ထျန်ကျင်းနိုင်ငံတော်ကို အောင်မြင်ခဲ့တာကလည်း အချိန်ခဏလေးအတွင်းမှာဖြစ်တယ်။ မြို့တော်ကို တပ်တွေအောင်ပွဲခံဖို့ ပြန်လာတုန်းကလည်း ကျန်းရှင်းကျီက အထူးချွန်ဆုံး ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဧကရာဇ်က ဒီလိုမျိုး လုပ်နိုင်စွမ်းရှိတဲ့လူတွေနဲ့ စစ်သားတွေကို ဆုချီးမြင့်ဖို့ ဘယ်တော့မှ မတုန့်ဆိုင်းခဲ့ဘူး။ ဒီတော့ကျန်းရှင်းကျီက တည်ငြိမ်စွာနဲ့ သူ့ရဲ့အဆင့်အတန်းနဲ့ ရာထူးက မြင့်တက်လာတယ်။ မရေမတွက်နိုင်တဲ့ မိသားစုတွေက သူနဲ့ဆက်ဆံရေးရှိဖို့ ကြိုးစားနေကြပြီးတော့ မြို့တော်ဝန်တို့ မိသားစုက အသေးအဖွဲပဲ။ တုန်ယင်းအာက အရမ်းခေါင်းမာတယ်။ ဒီတော့ သူမကသူ့ရဲ့ ကိုယ်လုပ်တော်တွေထဲက တစ်ယောက်တော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သမီးကြီး တစ်ယောက်အနေနဲ့ ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ အဆင့်အတန်းနဲ့ လူတစ်ယောက်က တစ်ယောက်ယောက်ရဲ့ ကိုယ်လုပ်တော်ဖြစ်ဖို့ဆိုတာက အဲ့ဒီသတင်းကသာ ပြန့်သွားခဲ့မယ်ဆိုရင် လူတိုင်းက သူတို့သွားတွေ ကျွတ်သွားတဲ့အထိ ရယ်ကြမှာမလား။ ဒ့ါအပြင် တုန်ယင်းအာက ငယ်ငယ်ကတည်းက တစ်ဇွတ်ထိုးလုပ်ခဲ့ပြီး သူမက တကယ်တော့ နည်းနည်းမာနကြီးသေးတယ်။ တကယ်လို့ သူမကသာ သူမရဲ့အဆုံးသတ်ကို သိမယ်ဆိုရင်သူမက အဲ့ဒါကို ခံနိုင်မှာမဟုတ်ဘူး။
တုန်သခင်မရဲ့စိတ်က ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်။ သူမက စိတ်ထဲမှာ ကျိန်ဆဲပေမဲ့ တုန်လူကြီးမင်းနဲ့ အနာဂတ်မှာ ဘာလုပ်မလဲ ဆိုတာကိုပဲ တွေးနိုင်ခဲ့တယ်။ ဒီကိစ္စက အရမ်းအရေးကြီးလို့ သူတို့က တုန်ယင်းအာကို ဒီတိုင်းထားလို့ မဖြစ်ဘူး။
သူမရဲ့ လက်မထပ်ရသေးတဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲမှာ တစ်ချို့က တုန်ယင်းအာရဲ့ အခြေအနေနဲ့ လုံးဝကွာခြားနေတယ်။ အဲ့ဒီထဲကမှ သမိုင်းပညာရှင် လင်းရဲ့အိမ်တော်က ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတယ်။ သမိုင်းပညာရှင်လင်းက လင်ဇီရှန်းကို လွန်ခဲ့တဲ့ရက်တွေမှာ လုံးဝကို အလိုလိုက်ထားပြီး လင်ဇီရှန်းက ထူးဆန်းနေတယ်လို့ ခံစားမိတယ်။ သူမရဲ့အဖေက အမြဲတမ်း ရှေးကျပြီးတော့ သူကသူမကို အရမ်းချစ်ပေမဲ့ သူကစည်းကမ်းတင်းကြပ်ပြီး ဘယ်တုန်းကမှ သူမကို အလိုမလိုက်ခဲ့ဘူး။ ဒါပေမဲ့ အခုတလောသူက သူမအတွက် အဝတ်အစားတွေဝယ်လာပြီး လက်ဝတ်တန်ဆာတွေလည်း ခဏခဏဝယ်လာတယ်။ အဲ့ဒါက သူ့ရဲ့ပုံမှန် အပြုအမူမဟုတ်ဘူး။
လင်ဇီရှန်းက တည့်တန်းပြောတတ်ပြီး သခင်မကို ဘာတွေဖြစ်နေလဲဆိုတာ မေးခဲ့တယ်။ လင်သခင်မကလည်း ဘာကြောင့်ဆိုတာကို မပြောနိုင်ခဲ့ဘူး။ လင်ဇီရှန်းရဲ့ စိတ်ထဲမှာ ထူးဆန်းတယ်လို့ ခံစားနေရပေမဲ့ သူမက အဲ့ဒါကို သူမစိတ်ထဲ မထားတော့ဘူး။ အဲ့ဒီအစားသူမက သူမကျန်းယွမ်ကို ဘယ်တော့သွားလည်ဖို့နဲ့ သူတို့နှစ်ယောက် သူမနဲ့ ဘယ်လိုပျော်စရာတွေ လုပ်မလဲဆိုတာကို စဉ်းစားခဲ့တယ်။ ဒို့နှစ်ယောက်က မတွေ့တာလည်း အချိန်အတော် ကြာပြီဖြစ်ပြီး ကျန်းလီရဲ့ အဖြစ်အပျက်ပြီးကတည်းက သူတို့မတွေ့ခဲ့တာဖြစ်တယ်။ လင်ဇီရှန်းက နည်းနည်းပျင်းနေပြီး သူတို့ညီအစ်မတတွေ မကြာခဏ တွေ့ရဖို့ပဲ တွေးနေတယ်။ လင်သခင်ကြီးက လင်သခင်မနဲ့အတူ စာကြည့်ခန်းထဲမှာ စကားပြောနေတယ်။ လင်သခင်မကပြောတယ်။
“အဲ့ဒါရှင့်ရဲ့ အပြစ်တွေကြီးပဲ။ ရှင်က ပြီးခဲ့တဲ့ရက်တွေမှာ အရမ်းသိသာနေတယ်။ ဒီနေ့ရှန်းအာက ကျွန်မကို ဘာတွေဖြစ်နေလည်းလို့တောင် မေးခဲ့တယ်။ ရှင်နည်းနည်းလောက်တော့ စိတ်ထိန်းထားမှ ဖြစ်မယ်။ ပြီးတော့ ရှင့်ရဲ့ပုံမှန် အသွင်အပြင်ကိုလည်း ထိန်းထားအုံး။ ဒီတော့မှ ရှင့်ကလေးက တစ်ခုခုမှားနေတယ်ဆိုတာကို သတိမပြုမိမှာ။ ”
လင်သခင်ကြီးက ချောင်းဟန့်လိုက်ပြီး ပြောလိုက်တယ်။
“မိန်းမ ငါအခုလုံးဝကို ဝမ်းသာနေတာ။ ရှန်းအာကအခု အဲ့ဒီငရဲထဲကို မကျတော့ဘူးဆိုတာကို ငါတွေးမိလိုက်တိုင်း ငါအရမ်းပျော်လာတယ်။ အဲ့ဒါက အဖေတစ်ယောက်အနေနဲ့ ငါအသုံးမကျလို့ ငါကအဲ့တုန်းက ဖြေရှင်းဖို့နည်းလမ်းကို မစဉ်းစားနိုင်ခဲ့တာပဲလို့ ပြောနိုင်တယ်။ ဒီမမြင်ရတဲ့ ကိစ္စတွေကြောင့်သာမဟုတ်ရင် ငါကငါသမီး ငရဲထဲမှာ ဒုက္ခရောက်နေတာကို မြင်ရရင် ငါတစ်သက်လုံး အရှက်ရနေမှာ။ ” ဒါကိုပြောပြီး လင်သခင်ကြီးက စိတ်မသက်မသာ ဖြစ်နေပုံပေါ်တယ်။
လွန်ခဲ့တဲ့လတုန်းက တော်ဝင်ကြင်ယာတော်ချန်က သူ့ကို တစ်ယောက်ယောက်လွှတ်ပြီး ပြောလိုက်တယ်။ စိတ်မချရလို့ မဟုတ်ပေမဲ့ လင်ဇီရှန်းရဲ့ လက်ထပ်ပွဲကို တတိယမင်းသား ရွှမ်းယုံကိုပေးဖို့အတွက် ပြောခဲ့တယ်။ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ထဲက လူတွေအကုန်လုံးက ရွှမ်းယုံက ဘယ်လိုလူမျိုးလည်းဆိုတာ သိတယ်။ တကယ်လို့ လင်ဇီရှန်းက ရွှမ်းယုံကို လက်ထပ်လိုက်မယ်ဆိုရင် သူမရဲ့ဘဝတစ်ခုလုံး ပျက်စီးသွားပြီလို့ ဆိုလိုတာဖြစ်တယ်။ ဒါပေမဲ့ တော်ဝင်ကြင်ယာတော်ချန်က လင်မိသားစု တစ်ခုလုံးရဲ့ အဓိကအချက်ကို ဆုပ်ကိုင်ထားတယ်။ သူမက အမြဲတမ်း ဧကရာဇ်ရဲ့ သဘောကျ အခံရဆုံး ကြင်ယာတော်ဖြစ်ပြီး တကယ်လို့သူမက သမိုင်းပညာရှင်ရဲ့သမီးက မင်းသားတစ်ယောက်ရဲ့ ကြင်ယာတော် မဖြစ်ချင်ဘူးလို့ ပြောခဲ့ရင် ဧကရာဇ်က လုံးဝသံသယရှိမှာဖြစ်တယ်။
ရှေ့လည်းတိုးမရ နောက်လည်းဆုတ်မရ အခြေအနေထဲမှာ ပိတ်မိနေပြီး လင်လူကြီးမင်းက လင်ဇီရှန်းရဲ့ အကာအကွယ်မရှိတဲ့ မျက်နှာလေးကိုမြင်လိုက်တိုင်း သူက သူ့နှလုံးသားကို ဓားနဲ့ထိုးခံရသလို ခံစားနေရတယ်။ အဲ့တုန်းကသူက နေ့တိုင်းစိတ်ဓာတ်ကျနေခဲ့တယ်။ လင်ဇီရှန်းက မျက်စိလျှင်ပြီး သူစိတ်ဓာတ်ကျနေတာကို ဘာဖြစ်နေတာလဲလို့ ဆက်တိုက်မေးခဲ့တယ်။ သူကအဲ့နေ့ ရောက်လာတော့မှာကိုမြင်တော့ နေ့ရက်တိုင်းက သူ့အပေါ်မှာ ဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်။ လင်လူကြီးမင်းက ထောင့်မှာအကပ်ခံနေရတယ်လို့တောင် ခံစားခဲ့ရတယ်။ ပြီးတော့ ရုတ်တရက်ကြီး ကျန်းလီရဲ့ လက်ထပ်ပွဲ အခြေအနေက ဖြစ်ပျက်လာခဲ့ပြီး နောက်ရက်မှာ ရွှမ်းရုံက သေသွားခဲ့တယ်။ အဲ့ဒါက တကယ်ပဲ သေခြင်းတရားရဲ့ တံခါးပေါက်ကနေ လွတ်မြောက်လာခဲ့သလိုပဲ။ တကယ်လို့သူက ရွှမ်းရုံကို ဘယ်သူသတ်ခဲ့တာလည်းဆိုတာသိရင် လင်လူကြီးမင်းက အဲ့လူကို သူကိုယ်တိုင်သွားပြီး  သူ့ရဲ့ကျေးဇူးတင်မှုကို သူကိုယ်တိုင် ကမ်းလှမ်းမှာဖြစ်တယ်။
လင်ဇီရှန်းက တတိယမင်းသားအိမ်တော်ကို လက်မထပ်ရတော့ဘူးဆိုတော့ သူမက သူမရဲ့ဘဝမှာ ဒုက္ခခံစရာ မလိုတော့ဘူး။ လင်လူကြီးမင်းက ဒါကိုတွေးလိုက်တိုင်းသူက ဘာဖြစ်တော့မလည်းဆိုတဲ့ ကြောက်ရွံ့မှုကို ဖယ်ရှားနိုင်ခဲ့တယ်။ သူကအဖေတစ်ယောက်အနေနဲ့ သူ့သမီးရဲ့ လက်ထပ်ပွဲထဲမှာ ဝင်မပါနိုင်ခဲ့လို့ သူကအခုရက်ပိုင်းတွေမှာ လင်ဇီရှန်းကို ကောင်းကောင်း ဆက်ဆံနေတာဖြစ်တယ်။ သူမက သူ့ရဲ့အကျင့်ကို သတိပြုမိပြီး အရမ်းထူးဆန်းနေတယ်လို့တောင် သတ်မှတ်မယ် မထင်ခဲ့ဘူး။
လင်သခင်မက လင်လူကြီးမင်းထပ်ပြီးတော့ တွေးနေတာကိုမြင်တော့ သူက သက်ပြင်းချပြီး နှစ်သိမ့်လိုက်တယ်။
“ကျွန်မဘယ်လိုလုပ်ပြီး သခင်ကြီးကို အပြစ်တင်နိုင်မှာလဲ။ ဒါကတကယ်ပဲ ကောင်းကင်ဘုံရဲ့ ဆန္ဒပဲ။ ဘုရားသခင်က ကျွန်မတို့ရဲ့ ရှန်းအာကို သူမကိုဒီလိုမျိုး ရွံ့စရာကောင်းတဲ့ မိသားစုထဲကို လက်မထပ်ရဖို့ ကူညီပေးနေတာပဲ။ ဒါကကျွန်မတို့ရဲ့ ရှန်းအာက ကောာင်းချီးပေးခံရတယ်ဆိုတာကို ပြနေတာပဲ။ ”
လင်လူကြီးမင်းက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ်။
“ဟုတ်တယ်။ ရှန်းအာကတကယ်ပဲ ကောင်းချီးပေးခံရတာပဲ။ ”
ကျင်းရီဝမ်အိမ်တော်မှာတော့ ရှောင်ရှုံးက သူ့လက်ထဲကစာကို ဖတ်ပြီးတော့သူက သူ့နားက မီးအိမ်ထဲမှာ မီးရှို့လိုက်တယ်။ သူကကျင်းရီနဲ့ ကျင်းအာကိုခေါ်ပြီး ပြောလိုက်တယ်။
“မကြာသေးခင်က မြို့တော်ထဲမှာ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေ မရှိဘူး။ တောင်ပိုင်းရှင်းကျန်းက ဒီနေ့ကို သေသေချာချာ စောင့်ကြည့်ထား။ တကယ်လို့ ဒီလူတွေက သူတို့ကိုယ်သူတို့ ချုပ်တီးထားပြီး ဘာလှုပ်ရှားမှုမှမလုပ်ရင် အဲ့ဒါက ထောင်ချောက်တစ်ခု ဖြစ်ဖို့များတယ်။ ”
ကျင်းရီနဲ့ကျင်းအာက အရိုအသေပေးလိုက်တယ်။ ရှောင်ရှုံးက ခဏလောက်နားလိုက်ပြီး မေးလိုက်တယ်။
“ချန်လန်ကိစ္စကို စီစဉ်ပြီးပြီလား။ ”
“အကုန်စီစဉ်ပြီးပါပြီ။ ”
ကျင်းအာက ပြောလိုက်တယ်။ သူကပြုံးပြီးတော့ ပြောလိုက်တယ်။
“အဲ့ဒီကောက်ကျစ်တဲ့ မြေခွေးအိုကြီးကို စိတ်ဆင်းရဲစရာတွေ အများကြီးပေးဖို့ လုံလောက်ပါတယ်။ ”
“ဗိုလ်ချုပ်အိမ်တော်ကလည်း သခင်လိုပဲ ဒီမြေခွေးအိုကို တစ်ခုခုလုပ်ဖို့ တွေးနေကြတယ်။ ”
ကျင်းရီက မပြောင်းလဲတဲ့ မျက်နှာထားနဲ့ ပြောလိုက်တယ်။ သူကဆက်ပြီးတော့ တည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။
“သူတို့လူတွေကလည်း စပြီးတော့ လှုပ်ရှားဖို့ပြင်နေပြီ။ ”
ကျင်းအာက မျက်စိမှိတ်ပြလိုက်ပြီး
“သခင် ကျွန်မတို့သခင်မ.... ကျွမ်းကျူ့ကို ပြောသင့်တယ် မဟုတ်ဘူးလား။ ”
တကယ်လို့ ကျန်းယွမ်က ဒီအကြံအစည်က ကျောင်းကွမ်းနဲ့ သူ့ဘက်ကလူတွေ စီစဉ်တာလို့ ထင်သွားရင် အဲ့ဒါက သူတို့လုပ်ခဲ့တာကို နာမည်ကောင်း ယူလိုက်သလို ဖြစ်သွားမှာ မဟုတ်ဘူးလား။
“မလိုဘူး။ ”
ရှောင်ရှုံးက ကတိမစိုက်စွာ ပြောတယ်။
ဒီမထူးဆန်းတဲ့ တုန့်ပြန်မှုကြောင့် ကျင်းအာက လေလျော့တဲ့ ဘောလုံးတစ်လုံးလို စိတ်ဓာတ်ကျသွားတယ်။ သူက ကျင်းရီနဲ့ထွက်မသွားခင် ရှောင်ရှုံးကို စိတ်ဓာတ်ကျစွာ ကြည့်လိုက်တယ်။
သူတို့ထွက်သွားတော့ ကျင်းစမ်းက ရှောင်ရှုံးသူ့ကို ခိုင်းထားတဲ့ကိစ္စကို လာပြီးတော့ပြောတယ်။ ရှောင်ရှုံးက သူ့ရဲ့အလုပ်ထဲမှာ စိတ်နှစ်ပြီး လုပ်နေတာကိုမြင်တော့ သူမရဲ့နှုတ်ခမ်းတွေက ပင့်တက်သွားတယ်။
သူမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒီနေ့ထျန်ကျူးကို တွေ့ခဲ့တယ်။ ကျွမ်းကျူ့က လက်တလောမှာ အရမ်းကြီး အေးအေးချမ်းချမ်း မနေရတဲ့ပုံပဲ။
ရှောင်ရှုံးက မော့မကြည့်ဘူး။
“ဘာဖြစ်တာလဲ။ ”
မဟာနည်းပြက သူမနဲ့ထပ်တွေ့တယ်။
ကျင်းစမ်းက အပြင်ပန်းမှာတော့ တည်ငြိမ်နေတဲ့ပုံ ပေါက်ပေမဲ့ သူမရဲ့အတွင်းထဲမှာတော့ သူမက ရယ်နေတယ်။
ရှောင်ရှုံးရဲ့လက်က လှုပ်နေရာကနေ ခဏရပ်သွားပြီး သူကနောက်ဆုံးတော့ မော့ကြည့်လိုက်တယ်။ သူ့ရဲ့နက်မှောင်တဲ့ မျက်ဝန်းထဲမှာ ထူးဆန်းတဲ့ ခံစားချက်တွေပါနေပြီး သူကဒီအဖြစ်အပျက်ကြောင့် အံ့အားသင့်သွားပုံပဲ။
“ဘာအတွက်လဲ။ ”
“မဟာနည်းပြလျိုက ကျွမ်းကျူ့ကို အရမ်းစိတ်ပူနေတယ်။ သူမရဲ့ လက်ရှိအခြေအနေကိုမေးပြီး သူကသူမနဲ့ သခင်ကြားက ဆက်ဆံရေးကိုလည်း မေးခဲ့တယ်။ ”
ကျင်းစမ်းက ဆက်ပြောတယ်။
“မဟာနည်းပြလျိုက ကျွမ်းကျူ့ကို သခင်အနားကနေ ဝေးဝေးနေစေချင်တယ်။ ”
ရှောင်ရှုံးက သူ့လက်ထဲကစာလေးကို ချလိုက်ပြီး သူ့ရဲ့အကြည့်က အေးစက်လာတယ်။ ခံစားချက်မဲ့စွာနဲ့ သူကပြောလိုက်တယ်။
“သူကအရမ်းကို စိတ်ပူနေတာပဲ။ ”
စကားက နည်းနည်းလေးဆိုပေမဲ့ သခင်က ဒီအချိန်မှာ မပျော်ဘူးဆိုတာ သိသာနေတယ်။ ကျင်းစမ်းက မျက်မှောင်ကြုတ်လိုက်ပြီး သူမက ပြောလိုက်တယ်။
“အမှန်ပဲ ကျွမ်းကျူ့ကလည်း သူ့ကိုအဲ့လိုပဲ ပြောခဲ့တာ။ ” ဒါပေမဲ့ အဲ့ဒီမဟာနည်းပြလျိုက အကြောင်းအရင်းကို နားထောင်တဲ့လူတစ်ယောက် မဟုတ်ဘူးလေ။ ပြီးတော့သူက အံ့ကြိတ်လိုက်ပြီး ဒီတိုင်းထားဖို့ကို ငြင်းခဲ့တယ်။ ဒီတော့သူက ကျွမ်းကျူ့နဲ့ အကြီအကျယ် စကားများခဲ့ပြီး ဒေါသတကြီးနဲ့ ထွက်သွားခဲ့တယ်။
ကျင်းစမ်းက ပြောနေရင်း သူမက ရှောင်ရှုံးရဲ့မျက်နှားထားကို အကဲခတ်နေတယ်။ သေချာတာတော့ ကျင်းစမ်းကပြောပြီးတာနဲ့ ရှောင်ရှုံးရဲ့မျက်နှာပေါ်က တင်းမာမှုက နည်းနည်းချင်းစီ ပျောက်သွားပြီး အရင်က အေးစက်တဲ့ လေထုကလည်း ပျောက်သွားတယ်။ ရှောင်ရှုံးနဲ့ ရင်းနှီးတဲ့ လက်အောက်ငယ်သားအနေနဲ့ သူမက ရှောင်ရှုံးရဲ့ ခံစားချက်တွေကို နားလည်တယ်။ သူမက ပြောလိုက်တယ်။
“ကျွမ်းကျူ့က သခင်ကို အရမ်းအရေးကြီးတဲ့ လူတစ်ယောက်အနေနဲ့ မြင်တာဖြစ်နိုင်တယ်။ ပြီးတော့ သူမနဲ့သခင်ကြားက ဆက်ဆံရေးကလည်း အလွယ်တကူ လှုပ်ခါနိုင်တဲ့ အရာမဟုတ်ဘူး။ ”
သူမရင်ထဲမှာသူမက တောင်းပန်လိုက်တယ်။ မဟာနည်းပြ ရှင်က ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ထဲမှာ ကောင်းမွန်တဲ့ ဂုဏ်သတင်းရှိပေမဲ့ သခင်မကို ကျွန်မတို့သခင်ပဲ ပိုင်တယ်။ ကျွန်မတို့သခင်က ခံစားချက်တွေအကြောင်း ဘာမှမသိဘူးလို့ ကျွန်မရှင့်ကို ရန်စဖို့ အသုံးပြုခဲ့တာပါ။ သူဉာဏ်အလင်း ရဖို့ဆိုတာက ဘဝတွေအများကြီး လိုအပ်တယ်။
ကျင်းစမ်းရဲ့စကားတွေက ရှောင်ရှုံးအကြိုက် ဖြစ်ခဲ့တယ်။ သူ့ရဲ့အေးစက်တဲ့ အပြုအမူက သိမ်မွေ့သွားပြီး သူ့ရဲ့မျက်ဝန်းထဲမှာ အပြုံးတစ်ခုရဲ့ အရိပ်အယောင် ပေါ်လာတယ်။ သူကတစ်ခုခုကို တွေးမိသလိုပဲ။ အဲ့ဒါကသူ့ရဲ့ ကျော့ရှင်းတဲ့ပုံစံကို ပိုပြီးတော့တောင် လှပလာစေတယ်။
ကျင်းစမ်းက တိတ်ဆိတ်စွာနဲ့ သူမရဲ့အကြည့်ကို သူ့အပေါ်ကနေ ဖယ်လိုက်တယ်။ သူမရဲ့သခင်က တသီးတခြား နေခဲ့တာဖြစ်ပြီး အခုသခင်မက အားပေးနိုင်တယ်။ သူ့ရဲ့အသွင်အပြင်က ပိုပြီးတော့ ကြည့်ကောင်းလာပြီးတော့ သူကတကယ်ပဲ မှင်သက်စေနိုင်တယ်။
ရှောင်ရှုံးက အေးစက်စွာ ပြောလိုက်တယ်။
“ဟင်း ”
“သခင်ဘာလို့ နန်းတော်ကို ကိုယ်တိုင်သွားမလည်တာလဲ။ ”
ရှောင်ရှုံးက စိတ်နေစိတ်ထားကောင်းနေတော့ ကျင်းစမ်းရဲ့ အရေးပေးမှုကလည်း ကြီးထွားလာတယ်။ ဒါ့ကြောင့်သူမက ရဲတင်းစွာနဲ့ အကြံပေးလိုက်တယ်။
“ကျွမ်းကျူ့နဲ့သခင်က မတွေ့ရတာ ရက်အနည်းငယ် ကြာသွားပြီ။ သူများတွေပြောတာကတော့ တစ်ရက်လောက် ဝေးကွာသွားတာက သုံးနှစ်သုံးမိုးလောက် ဝေးကွာသွားသလိုပဲ။ ပြီးတော့ ဆက်ဆံရေးက မကြာခဏ ပြုစုပျိုးထောင် ပေးသင့်တယ်တဲ့။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ နှလုံးသားက အမြဲတမ်း ပျော့ပြောင်းတယ်။ မဟာနည်းပြလျိုက ကျွမ်းကျူ့ကို နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ဂရုစိုက်ပြီး တောင်းပန်လိုက်ရင် ကျွမ်းကျူ့က အဲ့ဒီအချိန်မှာ နူးညံ့သွားပြီး တကယ်လို့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပိုပြီးကောင်းလာရင်ရော သခင်က ဘာလုပ်မလဲ။ အဲ့အချိန်ကျ သခင်ဘာလုပ်မလဲ။ ”
ကျင်းရီရဲမက်တွေက သူတို့သခင်ရဲ့ လက်ထပ်ပွဲကို တိတ်ဆိတ်စွာနဲ့ သတ်မှတ်ထားပြီးဖြစ်တယ်။ ဒီအဖြစ်အပျက်က အရမ်းအရေးကြီးပြီး အရင်နှစ်တွေတုန်းက ရှောင်ရှုံးက အရမ်းရိုးရှင်းတဲ့ဘဝနဲ့ နေထိုင်ခဲ့တာဖြစ်တယ်။ သူခံစားချက်ရှိတဲ့ မိန်းမပျိုလေးတစ်ယောက်ကို ရှာဖို့က အရမ်းခက်ခဲခဲ့တယ်။ ကျင်းရီရဲမက်တွေက သူတို့သခင်ကို အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ကူညီချင်ပြီး အဖြစ်အပျက်ကို သေသေချာချာ တွေ့ချင်ခဲ့တယ်။
ရှောင်ရှုံးက မျက်မှောင်ကြုတ်လိုက်တယ်။ အရင်က အဖြစ်အပျက်ကို ပြန်သတိရသွားတယ်။ အရင်ကလျိုမင် ကျန်းယွမ်ရဲ့လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ အဖြစ်အပျက်ကို ပြန်သတိရသွားပြီး သူကနည်းနည်း စိတ်အနှောက်အယှက် ဖြစ်သွားတယ်။ ကျန်းယွမ်က ကျင်းစမ်းပြောသလို ဒီလိုမျိုး ကြင်နာတဲ့လူ မဟုတ်ပေမဲ့ သူမက လျိုမင်ကို စောစောတုန်းက ကူညီခဲ့ပြီးတော့ သူတို့ကြားက ဆက်ဆံရေးက သူငယ်ချင်း ဆက်ဆံရေးကနေ အတိုင်းအတာတစ်ခုထိရှိတယ်။ မရင်းနှီးတဲ့ လူတစ်ယောက်က သူ့နေရာကို ယူသွားမယ်ဆိုတာကို တွေးကြည့်ရင် ရှောင်ရှုံးရဲ့ရင်ထဲမှာ တင်းမာသွားတယ်။
ကျင်းစမ်းက သူမရဲ့ရည်မှန်းချက်ကို ရပြီဆိုတာကို သိပြီးတော့ သူမက တိုးတိုးပြောလိုက်တယ်။
“သခင် ဒီလက်အောက်ငယ်သားက အရင်သွားပါတော့မယ်။ ဒီလက်အောက်ငယ်သားက သခင်အတွက် ပြောစရာစကားလေး ရှိပါသေးတယ်။ တကယ်လို့ သခင်က မဟာနည်းပြလျိုနဲ့ ကျွမ်းကျူ့ကိုဆက်ပြီး ခွင့်ပေးထားမယ်ဆိုရင် သခင်နဲ့ကျွမ်းကျူ့ လုပ်နိုင်တာကို မဟာနည်းပြလျိုနဲ့ ကျွမ်းကျူ့ကလည်း လုပ်နိုင်ပါတယ်။ ”
ဒါကိုပြောပြီးသူမက ရှောင်ရှုံးရဲ့ တုန့်ပြန်မှုကိုတောင် ဂရုမစိုက်တော့ဘဲ ထွက်သွားတယ်။
ရှောင်ရှုံးက နေရာမှာတင် မတ်တပ်ရပ်ပြီး ကြက်သေသေသွားတယ်။ သူနဲ့ကျန်းယွမ်လုပ်နိုင်တာကို လျိုမင်ကလည်း လုပ်နိုင်တယ်တဲ့လား။
မမျှော်လင့်စွာနဲ့ မြင်ကွင်းတစ်ခုက သူ့စိတ်ထဲပေါ်လာတယ်။ အဲ့နေ့က တစ်ယောက်ယောက်က ကျွမ်းကျူ့ကို အဆိပ်ခတ်ခံထားရပြီး သူ့ကိုသူမအပေါ်ကို ဆွဲလိုက်တဲ့အချိန်မှာ သူကသူ့ရဲ့ နှလုံးသားအပေါ်ကို ပျော့ပြောင်းတဲ့ အထိအတွေ့နဲ့ သင်းပျံ့တဲ့ မွှေးရနံ့ကို သူပြန်ပြီး သတိရသွားတယ်။ ပြီးတော့ သူ့ရဲ့ရင်ဘက်ထဲကို သူ့ရဲ့ခါးပတ်ကိုဆွဲရင်း တိုးဝေ့နေရင်းနဲ့ သူ့ကိုဖြေးဖြေးချင်း ပွတ်သပ်နေတဲ့အချိန် ဒါတွေကိုဖြေးဖြေးချင်း သူပြန်ပြီးသတိရလာပြီး ဘာလို့ သူပြန်ပြီးသတိရလာရတာလဲ။ ပြီးတော့ အဲ့အချိန်မှာ သူကဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေတာကို ပြန်သတိရသွားတယ်။
လူငယ်ရဲ့ ဖြူဖွေးတဲ့မျက်နှာက နည်းနည်းနီလာတယ်။ ပြီးတော့သူက တစ်ခုခုကို သတိပြန်ဝင်လာပြီး သူ့ရဲ့မျက်နှာက နီရဲသွားပြီး သူကရုတ်တရက် မတ်တပ်ရပ်လိုက်တယ်။ သူကလျိုမင်က ဒီလိုလုပ်ရဲတယ်ပေါ့။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Où les histoires vivent. Découvrez maintenant