135 01
အခန်း (၁၃၅) (က)
တော်အိမ်တော်ကနေ ပြန်ထွက်လာပြီးတော့ လုကျူးနဲ့ ထျန်ကျူးတို့က ဘာစကားမှ မပြောရဲကြဘူး။ စောစောတုန်းက ကျန်းယွမ်က တုန်ရင်းအာကို အရင်တုန်းက သူတို့ကြားက ဆက်ဆံရေးက မရှိခဲ့သလိုပဲ သူမကို အရမ်းစိမ်းကားစွာနဲ့ ဆက်ဆံခဲ့တယ်။ နောက်ဆုံးမှာ တုန်ရင်းအာရဲ့ အမူရာက လုံးဝဝမ်းနည်းတဲ့ပုံ ဖြစ်ပေါ်လာပြီး နောက်ကျသူမက ကျန်းယွမ်ကို စိမ်းကားသွားပုံရတယ်။ ဒါပေမဲ့ ကျန်းယွမ်က ဒီကိစ္စကို စိတ်ထဲသိပ်မထားဘူး။ တုန်ရင်းအာအပေါ်သူမက သိပ်ပြီးသံယောဇဉ်မတွယ်ဘူး။ ဒါ့ကြောင့် သူမက တုန်ရင်းအာကို သူမအတွက်သူမ တွေးဖို့ပဲ လုပ်နိုင်ခဲ့တယ်။ ကျန်းရှင်းကျီနဲ့ တုန်ရင်းအာကြားက ကိစ္စတွေကတော့ သူမက ကျန်းရှင်းကျီကို ပိုပြီးအလေးထားမှာ ပုံမှန်ပဲ။
တော်အိမ်တော်ကနေ ထွက်လာတော့ စောသေးတယ်။ သူမက နန်းတော်ထဲကို မယ်တော်ရိကျယ်ဆီကို သွားလည်ဖို့ ပြင်ခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရန်ကုကုက တစ်ယောက်ယောက်ကို သူမကို နန်းတော်ထဲလာပြီး အပန်းဖြေလမ်းလျှောက်ဖို့အတွက် စာတစ်စောင် ပို့ခိုင်းခဲ့တယ်။ နည်းနည်းစောနေတာကို တွေ့ပြီးတော့သူမက ရထားလုံးကို နန်းတော်ဆီကို သွားစေခဲ့တယ်။
ဒီရက်တွေမှာ နန်းတော်က တော်ဝင်ကိုယ်လုပ်တော် ရွေးချယ်ဖို့ကိစ္စနဲ့ အလုပ်ရှုပ်နေပြီး သူမက လျှောက်လာရင်းနဲ့ သင်ကြားပေးတဲ့ ကုကုတွေက နာမည်စာရင်းတွေကို ရွေးနေတာကို တွေ့လိုက်ရတယ်။ ကျန်းယွမ်က ပြုံးလိုက်ပြီး ကျန်းတန်ရဲ့နာမည်ကလည်း အဲ့ဒီအပေါ်မှာ ရှိနေအုံးမှာဆိုပြီး တွေးခဲ့တယ်။ ပြီးတော့ သူမက စီနင်နန်းတော်ကို လာခဲ့တယ်။
သူမလျှောက်လာရင်းနဲ့ သူမရဲ့အကြည့်က ပန်းခင်းဘေးက ရင်းနှီးတဲ့ အသွင်အပြင်ကို တွေ့လိုက်ရတယ်။ အဲဒါမင်းသမီးဟယ်ရီပဲ။
မင်းသမီးဟယ်ရီနောက်မှာ နန်းတွင်းအစေခံတစ်ချို့ပါပြီး သူမက တစ်ယောက်ယောက်ကို စကားပြောနေတဲ့ပုံပဲ။ သူမနီးနီးကပ်ကပ် သွားလိုက်တော့ သူမက မင်းသမီးဟယ်ရီဆီက စကားတွေကို ကြားလိုက်ရတယ်။
