Part 147

1.7K 166 4
                                    

147 01

အခန်း (၁၄၇ )(က)

ကျန်းယွမ်က အနည်းငယ် အံ့အားသင့်သွားတယ်။ ပြီးတော့ သူမက ရှောင်ရှို့ဆီကို သွားပြီးတော့၊

"ရှင်ကဘာလို့ ဒီမှာရောက်နေတာလဲ"

"တကယ်လို့ သူက မင်းနဲ့ကံကြမ္မာ တူနေရင် မင်းသူ့ကိုတကယ်ပဲ လက်ထပ်မှာလား"

ကျန်းယွမ်ရဲ့မေးခွန်းကို တုံ့ပြန်ရမဲ့အစား ရှောင်ရှို့က ဆက်စပ်မှုမရှိတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်။

"အင်း"

ကျန်းယွမ်က တုံ့ပြန်လိုက်တယ်။

"ကုမိသားစုထဲကို လက်ထပ်လိုက်ရင် ကာကွယ်ရပြီးတော့ အကြံကိုဆက်ပြီး လုပ်ဆောင်နိုင်သေးတယ်ဆိုရင် ဘာလို့ လက်မထပ်ရမှာလဲ။ ကုမိသားစုက အခုအချိန်မှာ သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ဘူး။ အဲဒါကြောင့် ဒါက အကောင်းဆုံး ရွေးချယ်မှု မဟုတ်ဘူး"

ရှောင်ရှို့က သူမကိုကြည့်လိုက်ပြီး မျက်ဝန်းထဲမှာ ခံစားချက်တစ်ခု ဖြတ်သွားတယ်။

"တကယ်လို့ မင်းနဲ့ထိုက်တန်တဲ့လူတစ်ယောက် ရှိခဲ့ရင် မင်းသူ့ကို လက်ထပ်မှာလား"

"လက်ထပ်မှာပေါ့။ ဘာလို့လဲ"

ကျန်းယွမ်က ပြန်မေးလိုက်တယ်။

ရှောင်ရှို့က သူမကို ကြည့်နေလိုက်တယ်။ ခဏကြာတော့ သူက မေးတယ်။

"ဒါဆိုရင် မင်း ကိုယ့်ကိုရော ဘယ်လိုမြင်လဲ"

ကျန်းယွမ် ကြက်သေသေသွားတယ်။

ရှောင်ရှို့က ပြောတယ်။

"ကျင်းရီဝမ်အိမ်တော်က ဧကရာဇ်ရဲ့လက်အောက်မှာရှိပြီးတော့ ဘယ်ဘက်ကို ပါမယ်ဆိုတဲ့ အကြောင်းကို စိုးရိမ်စရာ မလိုဘူး။ ပြီးတော့ မင်းကို လုံခြုံအောင် ထားဖို့လည်း အင်အားရှိတယ်။ အဲ့ဒီမှာ ထိပ်ဆုံးရောက်နေတဲ့ လူမရှိသလို အောက်ကိုရောက်နေတဲ့ အစေခံတွေလည်း မရှိဘူး။ မင်း ကျင်းရီဝမ်အိမ်တော်ကို သူတို့ရဲ့သခင်မအနေနဲ့ ရောက်လာရင် မင်းကိုဘယ်သူမှ အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး။ အကုန်လုံးက မင်းကို ရိုသေကြလိမ့်မယ်။ ဒါဆိုရင် ဒီမိသားစုကို စိတ်ကျေနပ်စရာကောင်းတဲ့ မိသားစုလို့ ပြောလို့ရမလား"

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now