အခန်း (၂၁၇)
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်သစ်ကူးကိုတောင် ရောက်လာပြီဖြစ်တယ်။ နှစ်သစ်ကူးမှာ ကျင်းရင်ဝမ်အိမ်တော်က အရမ်းအလုပ်ရှုပ်နေခဲ့တယ်။ ရှောင်ရှို့ကတော့ မြို့ပြင်ကိုသွားတာမဟုတ်ရင် မြို့တော်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာဖြစ်တယ်။ အခု ကျန်းယွမ်က ကျင်းရင်ဝမ်အိမ်တော်က လူတွေနဲ့ အတော်လေးခင်မင်လာပြီဖြစ်ပြီး နောက်ဆုံးမှာ အဲဒါက သူမရဲ့ အိမ်နဲ့တူလာခဲ့တယ်။
ကျန်းယွမ် မက်မွန်ရောင်ဝတ်စုံနဲ့ အပြာရောင်အနွေးထည်ကို ဝတ်ဆင်ထားတယ်။
ထျန်ကျူး တံခါးဖွင့်လိုက်ပြီးတော့ ပြုံးပြီးပြောလိုက်တယ်။
"သခင်မလေး အပြင်မှာ နှင်းတွေကျနေတယ်"
ဒီအချိန်က နှစ်သစ်ကူးမို့လို့လားမသိ ကျန်းယွမ် အေးနေရမယ့်အစား တက်ကြွနေခဲ့တယ်။ သူမ အပြင်ထွက်လိုက်တဲ့အချိန်မှာ ရှောင်ရှို့က ခြံထဲမှာ မတ်တပ်ရပ်နေပြီး ကျင်းရင်ဝမ်တွေကို တစ်ခုခုလုပ်ဖို့ ညွှန်ကြားနေတယ်။ အသံကြားလို့ လှည့်ကြည့်လိုက်တဲ့အချိန်မှာ ကျန်းယွမ်ကိုမြင်တော့ သူ တုံ့ဆိုင်းသွားခဲ့တယ်။
ရွှမ်းဟွာခေါင်းဖြတ်သတ်ခံရပြီးတော့ ရုံးတော်က ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပြီး ရှောင်ရှို့ကလည်း အလုပ်များသွားခဲ့တယ်။ သူ ညသန်းခေါင်လောက်မှာ အပြင်ကို မကြာခဏ သွားရတတ်ပြီး မနက်လောက်ကျမှ ပြန်ပြန်ရောက်လာတတ်တယ်။ သူ ပြန်လာတိုင်း ကျန်းယွမ်က အိပ်ပျော်နေပြီဖြစ်တယ်။ ဒီတော့ သူတို့ စုံတွဲ အချင်းချင်းတွေ့ကြတာရှားတယ်။ မမျှော်လင့်စွာနဲ့ ရှောင်ရှို့က ဒီနေ့စောစောပြန်လာခဲ့တယ်။ ရဲ့ဖန်းက ဒီရက်ပိုင်းမှာ အရမ်းအလုပ်များနေပြီး အိမ်မှာနေတာရှားတယ်။ သူ ကျန်းယွမ်ကိုတွေ့တော့ နှုတ်ဆက်လိုက်တယ်။
"သခင်မလေး ပျော်ရွှင်စရာနှစ်သစ်ကူးဖြစ်ပါစေ"
ကျန်းယွမ်ပြုံးပြလိုက်ပြီး ရှောင်ရှို့ဆီကိုသွားလိုက်တယ်။ ရဲ့ဖန်း လန်ချောင်ကိုကြည့်လိုက်ပြီးပြောလိုက်တယ်။