143 01
အခန်း (၁၄၃)
ကျန်းတန်က ခြင်ထောင်ကို မလိုက်ပေမဲ့ အထဲမှာ ဘယ်သူမှ မရှိဘူး။ လုကျူးနဲ့လန်ချောင်ရဲ့ အပြုအမူတွေကြောင့် ကျန်းတန်က အခန်းထဲမှာ အမျိုးသားတစ်ယောက် ရှိနေလိမ့်မယ်လို့ ခန့်မှန်းခဲ့တာ ဖြစ်တယ်။ သူမ အခု မြင်လိုက်ရတာကို လက်မခံနိုင်ဘူး။ သူမက အခန်းထဲမှာ ရှာဖွေခဲ့ပေမဲ့ ဘယ်ကိုပဲ ကြည့်ကြည့် သန့်ရှင်းနေပြီးတော့ ဘယ်သူမှ မရှိဘူး။ အဲဒါက ပြက်လုံးတစ်ခုလိုပဲ။
ကျန်းတန်က သူမကိုယ်သူမက တည်ငြိမ်အောင် ရုန်းကန်လိုက်ပြီးနောက် အမွှေးအိတ်ကို ကြည့်လိုက်ပြီး ပြောတယ်။
"မမ ဒီအနံ့တွေကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး မဟုတ်လား။ ဘာလို့ ဒီနေ့မှာ သုံးနေတာလဲ"
"ဟုတ်တယ် အဲဒါတွေကို မကြိုက်ဘူး"
ကျန်းယွမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်။
"ဒါပေမဲ့ မမက ဒါကို အခန်းထဲက အနံ့ကို ဖုံးဖို့အတွက် သုံးနေတာ"
ကျန်းတန်က ကျန်းယွမ်ကို ဆတ်ခနဲ ကြည့်လိုက်ပြီးနောက် နားမလည်နိုင် ဖြစ်နေတယ်။ ဒါက ဝန်ခံလိုက်တာလား။
ကျန်းယွမ်က ပြုံးလိုက်ပြီးနောက် ပြောတယ်။
"မမက ရာသီလာနေပြီးတော့ ခန္ဓာကိုယ်က ထုံထိုင်းနေတယ် ဘာလို့ စတုတ္တညီမလေးက မမကို ဒီလိုမျိုး ကြည့်နေရတာလဲ"
ကျန်းယွမ်က သူမကို ကစားနေမှန်း သိလိုက်တော့ ကျန်းတန်က ဒေါသထွက်ပြီး သွေးအန်တော့မလိုပဲ။ ကျန်းယွမ်ရဲ့စကားတွေက သည်းမခံနိုင်စရာ ဖြစ်ပေမဲ့ ကျန်းတန်က ဘာပြန်ပြောရမလဲဆိုတာ မသိဘူး။ အခန်းထဲကို ကြည့်လိုက်တော့ ကျန်းယွမ်ဆီမှာ အလှဆင်ပစ္စည်းနည်းနည်းပဲ ရှိတာကို တွေ့ရပြီးတော့ အိပ်ရာကလွဲလို့ ဘာမှကြီးမားတဲ့အရာ မရှိသလို လူတစ်ယောက် ဝင်ပုန်းနိုင်တဲ့နေရာလည်း မရှိဘူး။ ဒီနေ့ လာရတာက အချည်းနှီးပဲ။ ကျန်းတန်က မျှော်လင့်ထားသလို မဖြစ်လာပေမဲ့ သူမက သံသယ ဖြစ်နေတုန်းပဲ။ ပြိးတော့ သူမက ဘာလုပ်ရမှန်း မသိဘဲ ဒီတိုင်း ရပ်နေမိတယ်။