170 01
အခန်း (၁၇၀)
ဆယ်ရက်ကြာပြီးတော့ ရှောင်ရှို့က ကျင်းရီအစောင့် တစ်သိန်းကို ဦးဆောင်ပြီးတော့ ဗိုလ်ချုပ်အိမ်တော်က သားသုံးယောက်နဲ့အတူ ထွက်သွားခဲ့တယ်။ ဧကရာဇ်ရဲ့ အတွေးတွေက မှန်းဆလို့ မရနိုင်ဘူး။ သူက ဒီအချိန်မှာလည်း ကျောက်မိသားစုကို ရုတ်တရက် တိုက်ပွဲကို ပို့လိုက်တယ်။ ကျောက်မိသားစုမှာ အခု ကျောက်ယွီ၊ကျောက်ယုလောင်နဲ့ ကျောက်ဖေးကျောင်းတို့ပဲ ရှိတာဖြစ်ပြီးတော့ သူတို့က နည်းနည်း အားနည်းသေးတာဖြစ်တယ်။ ကျောက်မိသားစုက ဧကရာဇ်ရဲ့အမိန့်ကို လည်း မလွန်ဆန်နိုင်ဘူး။ ပြီးတော့ သူတို့က မငြင်းဆန်နိုင်ဘူး။ သူတို့ကို ရှောင်ရှို့က ကျင်းရီရဲမက်တွေနဲ့အတူ ဦးဆောင်သွားခဲ့တယ်။
ကျင်းရင်းဝမ်အိမ်တော်က အခုဦးဆောင်မယ့်သူ မရှိဖြစ်နေပေမယ့် အဲဒီမှာ လက်ထက်ဖို့အတွက်စောင့်နေတဲ့ ဇနီးလောင်းတစ်ယောက်ရှိနေတယ်။ ကြီးမြတ်တဲ့ ကျန်းနိုင်ငံတော်ရဲ့ ဥပဒေအရ လက်မထက်ရသေးတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ အနာဂတ်အမျိုးသားရဲ့ အိမ်မှာ နေလို့ရတယ်။ မယ်တော်ရိကျယ်ကလည်း ဟောင်အန်းကျွမ်းကျူ့ကို အဲဒီမှာ နေခွင့်ပြုတယ်။
ကျန်းအိမ်တော်ကလည်း အခုတလော အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရတယ်။ ပထမ ကျန်းစုစုက ဓားပြတွေဖမ်းသွားတာခံခဲ့ရပြီး သူမရဲ့ အပြစ်ကင်းမှုကို ကာကွယ်ဖို့အတွက်သေဆုံးသွားခဲ့တယ်။ ပိုပြီးတော့အံ့အားသင့်စရာကောင်းတာက အချိန်အတော်ကြာ နာမကျန်းဖြစ်ပြီးတော့ နောက်ဆုံးမှာ ဆုံးသွားခဲ့တယ်။ ရှသခင်မက နောက်ထပ်သုံးလတောင်မစောင့်တော့ပဲ ကျန်းအိမ်တော်ကို နောက်ထပ်မိန်းမပျိုတစ်ယောက် ထပ်ပို့လိုက်တယ်။
ကျန်းသခင်မသေဆုံးသွားတဲ့အချိန်မှာ ကျန်းအိမ်တော်နဲ့ ရှအိမ်တော်တို့ကြားက ဆက်ဆံရေးက ပြတ်တောက်သွားမယ်လို့ ထင်ခဲ့တာဖြစ်တယ်။ သူတို့က ရှအိမ်တော်က နောက်ထပ်အမျိုးသမီးတစ်ယောက်ကို တန်းပြီးတော့ ပို့လိမ့်မယ်လို့ ထင်မထားဘူး။ ဒီတော့ ကျန်းအိမ်တော်နဲ့ ရှအိမ်တော်ကြားက လက်ထက်ထားတဲ့ ဆက်ဆံရေးကလည်း ဆက်ပြီးတော့ တည်ရှိနေပြီး လူတွေက သိပ်ပြီးတော့ မပျော်ရွှင်ကြဘူး။