Part 227

780 91 1
                                    


အခန်း (၂၂၇)

မင်ယွဲ့ပြောလိုက်တယ်။

"အရှင်မင်းသား ဒီနေ့ ဝန်ကြီးချုပ်ချိုးနဲ့ ဝန်ကြီးချုပ်ဝမ်တို့က မင်းသားရှစ်ဘက်ကို ပြောင်းသွားကြပါတယ်"

ရွှမ်းဖေး 'အင်း' လို့ပြောပြီး ဆက်ပြီးတော့ လက်ရေးလှကျင့်နေတယ်။ ချောင်ရန်နဲ့မင်ယွဲ့တို့ အချင်းချင်း ကြည့်လိုက်ကြတယ်။ နန်းတွင်းအစေခံတွေက သခင်တွေရဲ့ ကိစ္စတွေကို မဆွေးနွေးသင့်ပေမဲ့ မင်ယွဲ့နဲ့ ချောင်ရန်တို့က ရှောင်ရှို့ပို့လိုက်တဲ့သူတွေဖြစ်တယ်။ ပြီးတော့ အခုဖြစ်နေတဲ့တိုက်ပွဲက မင်းသားနှစ်ယောက်ကြားက တိုက်ပွဲတင်မဟုတ်ဘဲ အုပ်စုနှစ်စုကြားက တိုက်ပွဲဖြစ်တယ်။ တကယ်လို့ တစ်ယောက်ယောက်ရှုံးရင် သူတို့နောက်က ထောက်ခံသူတွေပါ ရှုံးတာဖြစ်ပြီး သွေးချောင်းစီးမှာဖြစ်တယ်။ ရွှမ်းဖေးနဲ့ ရွှမ်းလီတို့က မကြာခင်မှာပဲ တိုက်ရတော့မှာဖြစ်တယ်။ ဒီတော့ သူတို့ အဲ့နေ့မတိုင်ခင် စီစဉ်စရာရှိတာတွေ စီစဉ်ထားရမှာဖြစ်တယ်။ တခြားသူတွေရဲ့ အမြင်မှာ ရွှမ်းဖေးကို အားကိုးလို့မရတဲ့သူလို့ မြင်ရင်မြင်မှာဖြစ်တယ်။ ရွှမ်းလီနဲ့ယှဉ်ရင် ရွှမ်းဖေးက ကလေးတစ်ယောက်ဖြစ်ပြီးတော့ သူ့နောက်ကနေ မလိုက်ရဲတဲ့သူတွေရှိတယ်။ ဒီတော့ သူတို့ လူစုထားရမှာဖြစ်တယ်။

ဒီဝန်ကြီးချုပ်ဝမ်နဲ့ ဝန်ကြီးချုပ်ချိုးတို့က ရွှမ်းဖေးကို တိတ်တဆိတ်ထောက်ခံခဲ့ပေမဲ့ အခု ဧကရာဇ်က မင်းသားနှစ်ယောက်ကို လာမတွေ့တော့ ရွှမ်းလီရဲ့ အဖွဲ့က ပိုပြီးတော့ ခိုင်မာလာပေမဲ့ ရွှမ်းဖေးကတော့ ဘာမှမလုပ်ရသေးဘူးဖြစ်တယ်။ ဒီတော့ သူ့ကို ထောက်ခံထားတဲ့ ဝန်ကြီးချုပ်တွေက တဖြည်းဖြည်းနဲ့ ဘက်ပြောင်းသွားကြတယ်။ ဝန်ကြီးချုပ်ဝမ်နဲ့ ဝန်ကြီးချုပ်ချိုးတို့က အင်အားကြီးတွေဖြစ်တယ်။ သူတို့ ဘက်ပြောင်းသွားကြတာကိုမြင်တော့ တခြားသူတွေကလည်း တဖြည်းဖြည်းနဲ့ ပြန်ပြီးတော့ တွေးလာကြတယ်။

"အရှင်မင်းသား"

ချောင်ရန် စိုးရိမ်စွာနဲ့ပြောလိုက်တယ်။

"ဝန်ကြီးချုပ်ဝမ်နဲ့ ဝမ်ကြီးချုပ်ချိုးတို့က အရှင်မင်းသားဘက်က ပါခဲ့ပေမဲ့ အခု သူတို့ ဒီလိုမျိုးထွက်သွားတော့ ကျွန်တော်မျိုးမတို့အတွက် အတော်လေးအထိနာပါတယ်"

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now