Part 141

1.4K 140 3
                                    

141 01

အခန်း (၁၄၁)

နောက်ရက်တွေမှာ ရှမိသားစုရဲ့အကြီးဆုံးသခင်လေးက သူ့ညီအရင်းရဲ့မိန်းမနဲ့ ဖောက်ပြန်တယ်ဆိုတဲ့သတင်းက မြို့တော်ထဲမှာ ပျံ့နှံ့သွားတယ်။ ရှချန်းကလည်း သိပ်ကိုရှက်ရွံ့ခဲ့လို့ ဧကရာဇ်ဆီမှာ သူ ဖျားနေတယ်ဆိုပြီးတော့ ခွင့်တောင်းခဲ့တယ်။ တစ်ပြိုင်တည်းမှာ ဧကရာဇ်ဆီကို တော်ဝင်စိစစ်ရေးရုံးတော်က တင်ပြလွှာက ရောက်လာပြီးတော့ အထက်ဆင့်အမှုထမ်းရှရဲ့ အိမ်တော်က ရုန်းရင်းဆန်ခတ်နဲ့ ရှချန်းကလည်း သူ့မိန်းမနဲ့ ကလေးတွေကို မအုပ်ချုပ်နိုင်တာမို့ အရာရှိဖြစ်ဖို့ မသင့်တော်ဘူးလို့ ဆိုထားတယ်။

အထက်အဆင့်အမှုထမ်းရှရဲ့အိမ်တော်က ရှရန်ရဲ့ ဖောက်ပြန်မှုကြောင့် သိက္ခာကျခဲ့တာဖြစ်ပေမဲ့ ဒီရှမိသားစုရဲ့ဒုတိယ သခင်လေးကိစ္စက ဒီလိုမျိုးဖြစ်ခဲ့တော့ ကျန်းအိမတော်မှာလည်း ဒီလိုမျိုး ဖြစ်ခဲ့တာ မဆန်းပါဘူးလို့ ပြောကြတော့တယ်။ ပြောရရင် အငယ်တွေက အကြီးတွေနောက်ကို လိုက်တာပဲ။ ကောလဟာလအမျိုးမျိုးက ပြန့်နေပြီးတော့ သူတို့က ရှချန်းရဲ့နားထဲကို ရောက်သွားတယ်။ ဒီကိစ္စက လူသိရှင်ကြားဖြစ်သွားတဲ့ အချိန်ကတည်းက ရှထျန်းရီက အိမ်တော်ထဲမှာပဲ နေနေပြီးတော့ သူ့အစေခံတွေကို သေရည်ဝယ်ဖို့သာ စေလွှတ်ခဲ့တယ်။ ပြီးတော့ သူက သေရည်ကို အလွန်အကျွံသောက်ပြီး အရင်တက်ကြွပြီး ယုံကြည်မှုရှိတဲ့ပုံ မပေါ်တော့ဘဲ လမ်းဘေးက အရက်သမားနဲ့ မခြားနားတော့ဘူး။ ရှချန်းက သူ့ကို ဆူပေမဲ့ ရှထျန်းရီက ပိုပြီးပဲ ဆိုးလာခဲ့ကာ မကြာခင် သက်သာသွားမယ်ထင်လို့ ရပ်ဖို့သာ ပြောခဲ့တယ်။

ရှမ်းရုံရဲ့မိသားစုက သူမကို နားလည်ပေးခဲ့ပေမဲ့ ဘာဖြစ်လဲ သိသွားချိန်မှာတော့ သူတို့က ရှက်သွားကြတယ်။ ရလဒ်အနေနဲ့ သူတို့က ရှမ်းရုံက ရှမိသားစုနဲ့ လက်ထပ်ခဲ့တာ ဖြစ်လို့ ရှမိသားစုနဲ့သာ သက်ဆိုင်ပြီး သူမ သေသွားရင်တောင် ဒါက သူတို့နဲ့ မသက်ဆိုင်ဘူးလို့ ကြေညာခဲ့တယ်။ သူတို့က သူမကို ရှမိသားစုမှာ ပစ်ထားလိုက်ပြီးတော့ သူမနဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်တော့တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Dove le storie prendono vita. Scoprilo ora