Part 238

742 81 0
                                    


အခန်း (၂၃၈)

နောက်နေ့မနက်မှာ ကျန်းယွမ် အစောကြီးထလာတယ်။ ရှောင်ရှို့ သူမ အစောကြီးထနေတာကို မြင်တော့ မေးလိုက်တယ်။

"ဘာလို့ ထပ်မအိပ်တော့တာလဲ"

"နန်းတော်ကိုသွားပြီး ဖေးအာနဲ့တွေ့မလို့"

ကျန်းယွမ်ပြောလိုက်တယ်။

"သူနဲ့ ဒီရက်ပိုင်း အဆက်အသွယ်လုပ်ရတာ မလွယ်ဘူး။ ကျွန်မ သူနဲ့ ဆွေးနွေးစရာတချို့ရှိတယ်"

ရှောင်ရှို့ သူမကို တားမှာမဟုတ်ဘူး။ သူ ပြောလိုက်တယ်။

"မြို့တော်ထဲမှာ ဒီတလော ငြိမ်းချမ်းနေတာမဟုတ်ဘူး။ ကျင်းအာကို မင်းနဲ့ ခေါ်သွားလိုက်"

တောင်ပိုင်းရှင်းကျန်းကလူတွေရဲ့ သတင်းထပ်မရသေးတာကြောင့် သူ သူမကို စိတ်ပူနေတာဖြစ်တယ်။ ကျန်းယွမ် ခေါင်းခါလိုက်တယ်။

"မလိုပါဘူး။ ကျင်းရီရဲမက်တွေက သူတို့တာဝန်တွေရှိသေးတယ်။ ကျွန်မ နန်းတော်ကိုပဲသွားမှာပါ။ ပြီးတော့ အကြာကြီးလည်းမနေဘူး။ ကျွန်မဘေးမှာ ထျန်ကျူးလည်း ရှိတာပဲ။ အခု တောင်ပိုင်းရှင်းကျန်းကလူတွေ ငြိမ်နေတာပဲ။ စိတ်ချပါ ကျွန်မ မြန်မြန်ပြန်လာမှာပါ"

ရှောင်ရှို့ ခဏလောက် တုံ့ဆိုင်းနေတယ်။ ကျန်းယွမ်က အရမ်းခေါင်းမာတာကြောင့် သူ ကျန်းယွမ်ပြောတာကိုပဲ အမြဲနားထောင်ခဲ့တာဖြစ်တယ်။ ဒါ့ကြောင့် သူ ထပ်မပြောတော့ပဲ ထျန်ကျူးကိုပဲ မှာစရာရှိတာမှာခဲ့တယ်။ ကျန်းယွမ် ပြုံးလိုက်ပြီး ရှောင်ရှို့ရှေ့မှာ မတ်တပ်ရပ်လိုက်တယ်။ ဒီတလော တောင်ပိုင်းရှင်းကျန်းကလူတွေ ငြိမ်နေတာကြောင့် ရှောင်ရှို့ အတော်လေးအလုပ်ရှုပ်နေခဲ့တယ်။ သူ အမြဲတမ်း မနက်အစောကြီး အပြင်ကိုထွက်ရတယ်။ ကျန်းယွမ် သူ့ကိုကူပြီးတော့ အင်္ကျီလက်တွေ ခေါက်ပေးခဲ့တယ်။

ရှောင်ရှို့ နည်းနည်းတုံ့ဆိုင်းသွားတယ်။ ကျန်းယွမ်က အခုတလော သူ့ကို အရမ်းချွဲနေပြီး သူ့နားမှာပဲကပ်နေတာဖြစ်တယ်။

"မင်း..."

ရှောင်ရှို့ ဘာမှဆက်မပြောခဲ့ဘူး။ ကျန်းယွမ်က ရှောင်ရှို့ရှေ့မှာ အရမ်းချစ်စရာကောင်းနေတယ်။ သူမ ခြေဖျားထောက်လိုက်ပြီး ရှောင်ရှို့ရဲ့ အင်္ကျီကော်လံကို သေချာခေါက်ပေးနေတယ်။ ရှောင်ရှို့ သူမကို ငုံ့ကြည့်လိုက်တယ်။ သူမ ကြည့်ရတာ ဤရမ်းလေးနက်နေတဲ့ပုံပဲ။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Hikayelerin yaşadığı yer. Şimdi keşfedin