အခန်း (၁၈၈) (က)
အိမ်တော်ထိန်းလင်းက ချန်းရှဆီကနေပြီး ဆေးစာတောင်းခဲ့ပြီး သူ့ရဲ့လက်အောက်ငယ်သားတွေကို ဆေးသွားဖော်ဖို့အတွက် အမိန့်ပေးခဲ့တယ်။ ပြီးတော့သူက ကျင်းရီဝမ်အိမ်တော်ရဲ့ ရထားလုံး အမြန်လာနေတာကို တွေ့လိုက်ရတဲ့အချိန်မှာ ဘာကြောင့်မှန်းမသိ သူအမြန်ပဲ အဲ့ကိုသွားလိုက်ပြီး လိုက်ကာကို မလိုက်တဲ့အချိန်မှာ လန်ချောင်နဲ့ ပိုင်ကျီတို့က ကျန်းယွမ်ကို ပွေ့ထားပြီး အရမ်းစိုးရိမ်နေတဲ့ပုံ ပေါ်နေတယ်။
အိမ်တော်ထိန်းလင်းက အသက်ကြီးနေပြီးတော့ အခုဘာဖြစ်နေလဲဆိုတာကို တစ်ချက်ကြည့်ရုံနဲ့ သတိပြုလိုက်မိတယ်။ ကျန်းယွမ်ရဲ့ နှုတ်ခမ်းမှာ သွေးစတစ်ချို့ ရှိနေတာဖြစ်ပြီး သူကချက်ချင်းပဲ စိုးရိမ်သွားတယ်။ ရှောင်ရှုံးက ဒီမှာရှိနေတာမဟုတ်လို့ သူကချက်ချင်းပဲ မေးလိုက်တယ်။
"ဘာဖြစ်နေတာလဲ။ သခင်မလေး ဘာဖြစ်ခဲ့တာလဲ"
"သခင်မလေး သတိမေ့သွားပြီ"
ပိုင်ကျီက စိုးရိမ်စွာနဲ့ ပြောလိုက်တယ်။
"သမားတော် အမြန်ဆုံးခေါ် အိမ်တော်ထိန်းလင်း ကျေးဇူးပြုပြီး သခင်မလေးကို အမြန်ဆုံး သတိရလာအောင် ကူညီပေးပါ"
အိမ်တော်ထိန်းလင်းက ဒါကိုကြားလိုက်တဲ့အချိန်မှာ ချက်ချင်းပဲ အရမ်းစိုးရိမ်သွားတယ်။ အခုမင်္ဂလာဆောင်ပြီး ဒုတိယမြောက်နေ့ပဲ ရှိသေးတာဖြစ်ပြီး သူကသမားတော်ဆီမှာ ဆေးသွားတောင်းထားတုန်းရှိသေး ချက်ချင်းပဲ ဒီလိုမျိုး ဖြစ်လာရတယ်လို့ သူကအမြန်ပဲ တစ်ယောက်ယောက်ကို ချန်းရှကိုသွားပြီး ပင့်ခိုင်းလိုက်တယ်။ ကျန်းယွမ်ကို အခန်းထဲ သယ်လာခဲ့ပြီးတော့ အိပ်ယာပေါ်မှာ လှဲခိုင်းထားလိုက်တယ်။ အိမ်တော်ထိန်းလင်းက လန်ချောင်ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ဘယ်လိုလုပ်ပြီး သခင်မလေးက မေ့လဲသွားတာလဲ။ သခင်မလေးကို မင်းတို့ စောင့်ကြည့်မထားဘူးလား"
လျူကျူးနဲ့ ထျန်ကျူးတို့ကလည်း သတင်းကြားပြီး အမြန်ပြေးလာခဲ့ကြတယ်။ ကျန်းယွမ်အပေါ်မှာ ဘာဒဏ်ရာမှ မရှိခဲ့လို့ ကြည့်ရတာ သူမထိခိုက်လာတဲ့ပုံ မပေါ်ဘူး။ လန်ချောင်က ပြောလိုက်တယ်။