အခန်း (၁၄၀)
ရွှေရောင်ဂန္နမာပန်း ဂုဏ်ပြုညစာစားပွဲပြီးတော့ အကုန်လုံးက ပြန်ပြီးတည်ငြိမ်သွားပုံပေါ်တယ်။ဒါပေမယ့် အဲဒီနေ့မှ ကျန်းစုစုကရောင်ရှီရဲ့ ရထားလုံးပေါ် ပါမလာခဲ့ဘူး။ တခြား ကြီးမြတ်တဲ့ မိသားစုရဲ့သားတစ်ယောက် သူမကို သူ့ရဲ့ရထားလုံးနဲ့ခေါ်သွားပြီးတော့ ကျန်းစုစုကို ကျန်းအိမ်တော်မှာပို့ခဲ့တယ်လို့ပြောခဲ့တယ်။ဘာအကြောင်းပြချက်ပဲဖြစ်ဖြစ်ကျန်းစုစုက လက်ခံခဲ့တယ်။လူတွေကလည်း ရှမိသားစုရဲ့သခင်မနှစ်ယောက်အကြောင်းကိုပဲ ပြောနေကြတာဖြစ်တယ်။
ကျန်းအိမ်တော်ပြန်လာတဲ့လမ်းတစ်လျှောက်မှာ အရာရှိက ကြောင်းဖေးကြောင်းဆီကနေ အဲဒီကိစ္စကိုသိခဲ့ရတယ်။သူမက ကျန်းယွမ်ကိုထပ်ပြီးကျေးဇူးတင်ခဲ့တယ်။ဒါပေမယ့်သူမက မေးလိုက်တယ်။
"အဲဒီအစေခံနှစ်ယောက်က ဘယ်ရောက်သွားတာလဲ။"
"အဆုံးထိ ယုယရဲ့အစေခံ ဒါမှမဟုတ် အဲဒီအဖြစ်အပျက်ကို ပြန်ပြောတဲ့အစေခံက ရောက်မလာခဲ့ဘူး။ဒါကို ကျန်းယွမ်က ပြန်ပြောလိုက်တယ်။"
"လာပြောတဲ့လူက ကျွန်မရဲ့လူဖြစ်တယ်။ဒုတိယသခင်မရှရဲ့ အစေခံအတွက်က သူက ကျေးလက်ရဲ့အိမ်တော်ကို ပြန်အပို့ခံလိုက်ရပြီး ရက်အနည်းငယ် အတွင်းမှာ မြို့တော်ထဲကနေ ကျေးလက်ကို ပို့မှာဖြစ်တယ်။"
ရောင်ရှီက စိတ်သက်သာရသွားပြီး ခေါင်းငြိမ့်လိုက်တယ်။ဒါပေမယ့် ယူလျောင်ကတော့ လုံးဝအလိမ်မခံရဘူး။ကျန်းယွမ်က အမြဲတမ်းကိစ္စတွေကို စေ့စေ့စပ်စပ်နဲ့သေသေချာချာလုပ်ခဲ့တာဖြစ်ပြီး သူမကိုပြန်ပြီး ခုခံမဲ့အရာကို သူမလက်ခံမှာမဟုတ်ဘူး။ဒီယုယရဲ့အစေခံကို အသက်ရှင်ခိုင်းဖို့ဆိုတာက အရမ်းကိုအန္တရာယ်များတယ်။ကျန်းယွမ်က ဒီလောက်ရက်စက်တာ။ ဘယ်လိုလုပ်ပြီး သူမက သူမကို အသက်ရှင်ခွင့်ပေးမှာလဲ။ဒါပေမယ့် သူမရဲ့စကားတွေက တစ်ဝက်ယုံကြည်လို့ရပြီး ယူလျောင်က သက်သေပြဖို့လည်း ဘာသက်သေမှမရှိဘူး။ ဒါ့ကြောင့် လျော့အင်တန်က ဒီကိစ္စကို ထပ်ပီးတော့ မစုံစမ်းဖို့ပဲ။
သူတို့အိမ်တော်ကိုရောက်တဲ့အထိကို ကျန်းချွန်က အိမ်မှာမရောက်သေးဘူးပဲ။ ဒါပေမယ့် အဲဒီက အမျိုးသမီးတွေအကုန်လုံးက သူမကို မတူညီနဲ့မျက်လုံးတွေနဲ့ ကြည့်ခဲ့တယ်။တခြားအစေခံတွေထက် သတ္တိရှိတဲ့အစေခံအဖွားအို တစ်ယောက်က လျူကျူးဘေးနားကို လာပြီးတိုးတိုးလေး မေးလိုက်တယ်။