Part 216

681 74 2
                                    


အခန်း (၂၁၆)

ကျန်းယွမ် ဘုရားကျောင်းထဲကနေ ထွက်လာခဲ့ပြီး ရှောင်ရှို့က သူမကို အပြင်ကနေစောင်နေ့ပြီး ကျန်းယွမ်ကိုတွေ့တော့ သူမနားသွားလိုက်ပြီး ပြောတယ်။

"အဆင်ပြေရဲ့လား"

"ဒါပေါ့"

ကျန်းယွမ် သူ့ကို ချိုသာစွာပြုံးပြလိုက်ပြီး

"လာသွားကြရအောင်။ လမ်းမှာ ကျွန်မ ရှင့်ကို ပြန်ပြောပြမယ်"

ဒီအရာတွေက နန်းတော်ထဲမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ရှောင်ရှို့က ဒီနေရာမှာ နေဖို့ သက်တောင့်သက်သာမရှိဘူး။ အနည်းဆုံးတော့ ဧကရာဇ်ရဲ့ ပွစိပွစိပြောခံရမယ့်ရန်ကနေ ကင်းလွတ်မှာဖြစ်တယ်။ ရွှမ်းလီမပြန်ခင်မှာ သူ ကျန်းယွမ်ကို အကုန်လုံးကို သိနေသလိုမျိုးပုံစံနဲ့ ကြည့်လိုက်ပြီး ပြုံးပြခဲ့တယ်။ သူမ ဟွိုင်ကျွဲ့ကို ငြိမ်ငြိမ်နေဖို့ပြောခဲ့ပြီး နန်းတော်ထဲက ထွက်လာပြီး ရထားလုံးပေါ်ကို တက်လိုက်တယ်။

ရထားလုံးပေါ်မှာ ရှောင်ရှို့က ကျန်းယွမ်ကိုကြည့်နေတယ်။ သူ့ကြည့်ရတာ တစ်ခုခုကို မကျေနပ်တဲ့ပုံပဲ။

"မင်း ဒီနေ့လုပ်တဲ့အရာက အရမ်းအန္တရာယ်များတယ်"

ကျန်းယွမ်က အန္တရာယ်များတဲ့အရာတွေကို လုပ်နေတာ သူသိပေမဲ့လည်း တကယ်လို့ သူ အဲ့အပေါ်မှာ စိတ်တိုနေလည်း ကျန်းယွမ်က အဲဒါကိုလုပ်ဦးမှာဖြစ်တယ်။ ကျင်းရင်ဝမ်က သူမနောက်မှာရှိနေပေမဲ့လည်း သူမ အမှားတစ်ခုလုပ်မိရင် သူမ အဲ့ပြဿနာထဲမှာ ပါသွားမှာဖြစ်တယ်။

"ကျွန်မ အဲ့ကိစ္စကို သေချာတွေးထားတာပါ"

ကျန်းယွမ်ပြောလိုက်တယ်။

"ရွှမ်းဟွာက အဆုံးမှာ ကျွန်မထင်ထားတာထက်ကို ပိုကောင်းကောင်းအသုံးချခံသွားတာပဲ။ ဒီတစ်ခေါက်တော့ ကျန်းတန် လွတ်ဖို့ အတော်လေးကြိုးစားရတော့မှာပဲ"

ရွှမ်းဟွာက နမော်နမဲ့နိုင်တာကို ကျန်းတန်မသိခဲလို့ အခု သူ ဆွဲချသွားတာကို ခံလိုက်ရတာဖြစ်တယ်။

ကျောက်မိန်အတွက် ကလဲ့စားချေဖို့ ကျန်းတန်က သေကိုသေရမှာဖြစ်ပြီး သူမရဲ့အသက်က အဲ့လောက်မတန်ပေမဲ့ သူမကို ဒီတိုင်းသေခိုင်းလိုက်ရတာက အတော်လေး သက်ညှာရာကျတယ်လို့ သူမ တွေးမိတာဖြစ်တယ်။ ဒီလောက်နှစ်တွေအများကြီး ကျန်းတန်က ကျောက်မိန်ကို အဆိပ်ခတ်သတ်ခဲ့ပြီး ကျောက်မိန်ကို သစ္စာဖောက်ခဲ့တာ ကျန်းတန် သေချာပေါက် တန်ဖိုးတစ်ခုတော့ ပေးဆပ်ရမှာဖြစ်မယ်။ ပြီးတော့ အခု ဧကရာဇ်ကလည်း ကျန်းတန်ကို ဒီတိုင်းသေခိုင်းမှာမဟုတ်ဘူး။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now