မုန်းမာန်ဖွဲ့ရန်ငြိုး
Part 175
အခန်း(၁၂၆)(က)
မနက်စောစောတွင် ကျန်းယွမ်၏ မင်းသမီးခန်းမထဲသို့ မမျှော်လင့်ထားသည့် ဧည့်သည့် ရောက်လာခဲ့တယ်။ လုကျူးက လိုက်ကာများကို ဖွင့်လိုက်ပြီး အိပ်ယာထလာပြီး ခုလေးတင် မျက်နှာသစ်ပြီးသည့် ကျန်းယွမ်ကို ကြည့်လိုက်တယ်။
"သခင်မလေး ဝမ်မိန်းမပျိုလေးက တော်ဝင်နက္ခတ္တဗေဒ အစိုးရဌာနမှာ ကျင်းပမယ့်ပွဲမှာ ဝတ်ဆင်ရမဲ့ အဝတ်တွေ လာပေးပါတယ်။"
နန်းတော်ထဲက မိန်းမပျိုလေးတွေက တော်ဝင်နက္ခတ္တဗေဒ အစိုးရဌာန ကျင်းပမယ့်ပွဲမှာ တက်ရောက်ရမှာဖြစ်ပြီး ဝတ်ဆင်ရမဲ့ အဝတ်တွေကို ဂရုတစိုက်နဲ့ သေသေချာချာ အာရုံစိုက်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီအဝတ်တွေကို ပုံမှန်အားဖြင့် အဝတ်အစားဌာနကနေ သူတို့ဆီကို ပို့ပေးတာဖြစ်ပြီး ဧကရာဇ်ရဲ့ တော်ဝင်ကြင်ယာတော် တစ်ယောက်က သူတို့ကိုလာပို့တာ ပထမဆုံး အကြိမ်ပဲဖြစ်တယ်။ ဒါက သေချာပေါက် လက်တွေနဲ့ ဆန့်ကျင်နေပေမဲ့ ဒီသဘောထားက နည်းနည်း တက်ကြွနေတဲ့ပုံ ပေါ်နေတယ်။ လုကျူးကလည်း ဒီလိုမျိုး တူညီတဲ့ အကြံကိုပဲ တွေးမိခဲ့တယ်။ သူမကပြောတယ်။
"သခင်မလေးနဲ့ ဝမ်မိန်းမပျိုလေးက သူငယ်ချင်းလိုမျိုး အပြန်အလှန် ဆက်ဆံတာမျိုး သိပ်မရှိဘူး မဟုတ်ဘူးလား။"
ကျန်းယွမ်က သူမစောင်ကို ဘေးကို ခေါက်ထားလိုက်ပြီး ပြောလိုက်တယ်။
"နင်ရော ဝမ်မိန်းမပျိုလေးကို ဘယ်လိုထင်လဲ။ "
"သူမက ဖော်ရွေတဲ့ပုံပေါ်ပြီး တည့်တိုးပြောတဲ့ အကျင့်ရှိတယ်။"
လုကျူးက ခဏလောက်တွေးပြီး ထပ်ပြောတယ်။
"ဒါပေမဲ့ သူမက မကောင်းတဲ့ရည်ရွယ်ချက်တွေ ဖုံးကွယ်ထားရင် ဖုံးကွယ်ထားမှာပဲ။ ကျွန်မတို့ ဂရုစိုက်သင့်တယ်။"
ကျန်းယွမ်က ပြုံးလိုက်ပြီး ပြောလိုက်တယ်။
"မသိတာ ကောင်းတာပဲ။"
လုကျူးက ဥာဏ်ထက်ပေမဲ့ သူမက သဘောကောင်းလွန်းတယ်။ နောက်ဆုံးမှာတော့ နန်းတော်ထဲမှာ ဘာဖြစ်နေလဲဆိုတာကို မသိခဲ့ဘူး။ တကယ်လို့ ကျန်းအိမ်တော်က ဝံပုလွေအသိုက်ကြီးဆိုရင် တော်ဝင်နန်းတော်က ကျားတွေနေတဲ့ နေရာဖြစ်တယ်။ ဒါကြောင့် ဒီလိုဆိုမှာတော့ ဘယ်လိုလုပ်ပြီး ကျားတွေရှိတဲ့ နေရာမှာ သိုးတစ်ကောင်က ရှိနေရမှာလဲ။ ကျန်းယွမ်ရဲ့မျက်နှာပေါ်မှာ အေးစက်တဲ့ အပြုံးတစ်ခု ထွက်ပေါ်လာတယ်။ သူတို့အရင်တုန်းက တွေ့ခဲ့တာ သိပ်မကြာသေးဘူး။ သူတို့ပြန်ဆုံတဲ့အချိန်မှာ ဘယ်လိုဇာတ်ထုတ်မျိုး ကရမလဲဆိုတာ သူမစိတ်ဝင်စားနေတယ်။