Part 186

1.3K 129 0
                                    

အခန်း (၁၈၆) (က)

လက်ထပ်ပွဲပြီးတော့ ပန်းရောင်ဝတ်စုံနဲ့ ကောင်မလေးနှစ်ယောက်က ကျန်းယွမ်ကို မင်္ဂလာခန်းမထဲကို ခေါ်သွားကြတယ်။ ကျန်းယွမ်က ဘဝနှစ်ခုလုံးမှာမှ ပထမဆုံးအကြိမ် ဒီဘဝမှာ လက်ထပ်ဖူးတာဖြစ်တယ်။ ဒီရှုပ်ထွေးတဲ့ အလေ့အကျင့်တွေက သူမကို မူးမေ့သွားတော့မလိုပါပဲ။ သူတို့မင်္ဂလာခန်းမထဲကို ရောက်လာတဲ့အချိန်မှာ လူတွေက အပြင်မှာရှိနေတာဖြစ်တယ်။ ကျန်းယွမ်က နည်းနည်း မသက်မသာ ခံစားနေရပြီး သူမက သူမရဲ့ မျက်နှာလွှာဇာကိုလည်း ဖယ်လို့မရဘူးဖြစ်တယ်။ ခဏလောက် တွေးပြီးတော့ သူမက ပြောလိုက်တယ်။

"အပြင်သွားလေ။ အပြင်မှာ မင်္ဂလာပွဲရှိနေတာ။ ရှင့်ကိုဝိုင်သောက်ဖို့အတွက် စောင့်နေကြတဲ့လူတွေ ရှိနေအုံးမယ်"

ဒီစကားပြောပြီးတာနဲ့ သူမက အခန်းထဲကနေပြီး ရယ်သံကို ကြားလိုက်ရတယ်။ ရှောင်ရှုံးက ပြုံးလိုက်ပြီးတော့ ကျန်းယွမ်ရဲ့လက်ကို လာဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်။

"အရမ်းစိတ်လှုပ်ရှား မနေပါနဲ့"

"ကျွန်မ စိတ်မလှုပ်ရှားပါဘူး"

ကျန်းယွမ်ကသူ့ကို ကြားဖြတ်ပြောလိုက်ပြီး သူမရဲ့လေသံက နည်းနည်း တုန့်ဆိုင်းနေတဲ့ပုံပေါ်ပြီး သူမက သူမရဲ့စိတ်ထဲမှာတော့ နည်းနည်း စိတ်ညစ်နေတယ်။

"ရှင်အပြင်သွား"

ရှောင်ရှုံးက မတ်တပ်ရပ်လိုက်ပြီး လန်ချောင်ကို ကျန်းယွမ်ကို လာခစားဖို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့သူက အပြင်ကို တုန့်ဆိုင်းခြင်းမရှိဘဲ ထွက်သွားခဲ့တယ်။ ရှောင်ရှုံးထွက်သွားပြီးတော့ ကျန်းယွမ်က သူမရဲ့မျက်နှာလွှားဇာကို မလိုက်တော့ ပိုင်ကျီက လန့်သွားပြီး ချက်ချင်းပဲ သူမရဲ့မျက်နှာလွှားဇာကို ပြန်ဖုံးလိုက်တယ်။

"သခင်မလေး အမြန်ပြန်ကာ တကယ်လို့ တစ်ယောက်ယောက်က မြင်သွားရင် ဘယ်လိုလုပ်မလဲ"

"အဲ့ဒါက လက်ထပ်တာလေးကို ဘာလို့အဲ့လိုမျိုး ဂရုတစိုက် လုပ်နေရတာလဲ"

ကျန်းယွမ်က ပြောလိုက်တယ်။ လက်ထပ်တာက သူမအတွက်တော့ နှိပ်စက်နေသလိုပဲ။ လူတွေက ရူးသွပ်ကြတာပဲ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ အဲ့ဒါက အိမ်တော်ထိန်းလင်းရဲ့ အကြံလိုမျိုးပဲ သူမခံစားနေရတယ်။ သူမအရင်ဘဝ နန်းတော်ထဲမှာ နေတုန်းက ဒီလိုမျိုးအရာတွေ အများကြီးရှိတယ်လို့ မကြားခဲ့ရဖူးဘူး။ ဒီနေ့ မင်္ဂလာပွဲက တကယ်ပဲ ကြီးကျယ်ခမ်းနားပေမဲ့ သူမတကယ်ပဲ သည်းမခံနိုင်ဘူး။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Waar verhalen tot leven komen. Ontdek het nu