Part 201

1.5K 122 3
                                    

အခန်း (၂၀၁)

ရှောင်ရှို့ မကြာခင်မှာပဲ သစ်သားစည်ပိုင်းနဲ့အတူပြန်လာခဲ့တယ်။ သူ အပြင်က အစေခံတစ်ယောက်ကို ခိုင်းလိုက်တဲ့ပုံပဲ။ အဲဒါက လန်ချောင် သို့မဟုတ် ကျင်းအာဖြစ်လောက်တယ်။ ရှောင်ရှို့ ဝင်လာပြီး သူမနားလာပြီးတော့ သူမကို ဖက်လိုက်တယ်။

"ရှင်ဘာလုပ်တာလဲ"

"မင်းက အစေခံတွေကို မလာခိုင်းတော့ ကိုယ်မင်းကို ကိုယ်လက်သန့်စင်ပေးမယ်။"

ရှောင်ရှို့က ပြောလိုက်တယ်။

"မလိုပါဘူး။"

ကျန်းယွမ်က အောက်ကိုဆင်းလိုက်တယ်။

"ကျွန်မဘာသာကျွန်မ သန့်စင်လိုက်ပါ့မယ်။"

တကယ်လို့သူမ ရှောင်ရှို့နဲ့အတူ ရေချိုးမယ်ဆိုရင် သူမတည်ငြိမ်သလို ဟန်ဆောင်ရမှာ ဖြစ်ပေမဲ့ သူမအဲ့လိုမျိုး ဟန်မဆောင်နိုင်မှာ စိုးရိမ်ရတယ်။ ပြီးတော့သူမ ဒီအချိန်မှာ အားနည်းသလို ခံစားနေရတာဖြစ်ပြီး နည်းနည်းလည်း နာကျင်နေခဲ့တယ်။ ဒါကြောင့်သူမ အဲ့လိုမလုပ်ဖို့အတွက် ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်တယ်။

ရှောင်ရှို့ သူမကိုကြည့်လိုက်ပြီးတော့ ရုတ်တရက် ပြုံးပြီးပြောလိုက်တယ်။

"ကိုယ်ဘာမှ မလုပ်ပါဘူး"

ကျန်းယွမ် တွေးလိုက်တယ်။ သူမဒီအချိန်မှာ ရေချိုးဖို့အတွက် ခက်ခဲနေပေမဲ့လည်း သူမ မောက်မာနေတာထက်စာရင် ရှောင်ရှို့နဲ့အတူ ရေချိုးလိုက်တာက ပိုကောင်းလိမ့်မယ်လို့ သူမတွေးခဲ့မိတယ်။ ဘာလို့လဲဆိုတော့ အခု သူမရဲ့ ခန္ဓာကိုယ်က ချွေးတွေနဲ့ စေးကပ်နေတာဖြစ်တယ်၊ ဒါ့ကြောင့် သူမခေါင်းညိတ်လိုက်ပြီးတော့ ရှောင်ရှို့က သူမကို သစ်သားစည်ပိုင်းကြီးဆီ ပွေ့ချီသွားခဲ့တယ်။ ကျန်းယွမ်ကတော့ အရမ်းမောပန်းနေပေမဲ့ ရှောင်ရှို့ကတော့ အရမ်းလန်းဆန်းနေတဲ့ပုံ ပေါ်နေပြီးတော့သူမကို အလွယ်တကူပဲ ပွေ့ချီခဲ့တာဖြစ်တယ်။ သူမသစ်သားဇလုံထဲ ထိုင်လိုက်တဲ့အချိန်မှာ နွေးထွေးတဲ့ရေက သူမကို အရမ်းသက်တောင့်သက်သာ ဖြစ်စေတယ်။ ကျန်းယွမ် စိတ်အေးလက်အေး ဖြစ်သွားတာနဲ့ သူမရဲ့ မျက်ခွံတွေက အတော်လေး လေးလံလာပြီး သူမအိပ်ပျော်သွားမှန်းမသိ အိပ်ပျော်သွားခဲ့တယ်။ ရှောင်ရှို့က ဂရုတစိုက်နဲ့ သူမကို ကိုယ်လက်သန့်စင်ပေးခဲ့ပြီး ရေသုတ်ပေးခဲ့တယ်။ အဲ့အချိန်မှာ ကျန်းယွမ်က နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေပြီဖြစ်တယ်။ ရှောင်ရှို့က ပြုံးလိုက်ပြီး သူမကို ကုတင်ပေါ်ဆီကို ပြန်ပွေ့ချီလာပြီးတော့ ညအိပ်ဝတ်စုံလေး ဝတ်ပေးခဲ့တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now