မုန်းမာန်ဖွဲ့ရန်ငြိုး
အခန်း (၁၂၅) က
နန်းတော်ထဲက စီမံနန်းတော်မှာ တော်ဝင်ကြင်ယာတော်ချန်က သူမရဲ့ခုံပေါ်မှာ လှဲနေပေမဲ့ အရင်ကလို အေးအေးဆေးဆေးနဲ့ လှဲနေတာ မဟုတ်ဘူး။ သူမက ရောင်စုံကြိုးအိတ်လေးကို ထိုးနေတာဖြစ်ပြီး ဂရုမစိုက်မိစွာနဲ့ တစ်ဖက်ကိုမှားပြီး ထိုးမိသွားတယ်။ ချည်တွေက ရှုပ်ထွေးသွားပြီး အဲ့ဒါကိုကြည့်ခြင်းက သူမကို ဒေါသထွက်စေတယ်။
"လောင်ချန် ကျွန်မအဖေရဲ့ အခြေအနေက ဘယ်လိုလဲ။ " တော်ဝင်ကြင်ယာတော်ချန်က သူမရဲ့နဖူးပေါ် လက်တင်ပြီး မေးလိုက်တယ်။
မိန်းမဆိုးချန်က ခေါင်းငုံ့လိုက်ပြီး ပြောလိုက်တယ်။
"သခင်ကြီးရဲ့ အခြေအနေက အရမ်းမကောင်းဘူး။ ပြီးခဲ့တဲ့ရက်တွေမှာ အခွန်ဝန်ကြီးနဲ့ စစ်ရေးဝန်ကြီးတို့က နည်းလမ်းမျိုးစုံနဲ့ သူ့ကိုဆန့်ကျင်ခဲ့တယ်။ ဒီတော့ သခင်ကြီးကအရမ်း ဒေါသထွက်နေတယ်။ "
တော်ဝင်ကြင်ယာတော်ချန်က သူမရှေ့က နှင်းလိုဖြူဖွေးတဲ့ ကြွေပန်းအိုးကို ခွဲလိုက်တယ်။ ပြီးတော့သူမက ပြောလိုက်တယ်။
"ကျောင်းကွမ်း အဲ့ဒီလူမိုက်ကြီးက "
လက်တလော တော်ဝင်မြို့စားကြီးချန်က ဆိုးကျိုးမပေးတဲ့ အခြေအနေတွေ အများကြီးနဲ့ ရင်ဆိုင်နေရပြီး ဒါတွေက ကျောင်းကွမ်းလုပ်တာတွေပဲဆိုတာကို ကျပ်မပြည့်တဲ့ကောင်တောင် သိတယ်။ အခွန်ဝန်ကြီးနဲ့ စစ်ရေးဝန်ကြီးတို့က ဗိုလ်ချုပ်အိမ်တော်နဲ့ ရင်းနှီးကြတယ်။ သူတို့က ခေါင်းမာတဲ့ အဘိုးအိုတွေဖြစ်ပြီး ချန်မိသားစုကို ဆန့်ကျင်ပြီးပြောတာကို သဘောကျကြတယ်။ ဒါ့ကြောင့်သူတို့က ပြီးခဲ့တဲ့ရက်တွေက ကျောင်းကွမ်း အစီအစဉ်အတိုင်း ဒုက္ခပေးနေကြတာ ဖြစ်တယ်။
မိန်းမဆိုးချန်က မျက်မှောင်ကြုတ်လိုက်ပြီး တော်ဝင်ကြင်ယာတော်ချန်ရဲ့ အတွေးကို လုံးဝသဘောမတူခဲ့ဘူး။ တုန့်ဆိုင်းစွာနဲ့ သူကမေးလိုက်တယ်။
"ဒီနိမ့်ကျတဲ့အစေခံရဲ့ ရှု့ထောင့်ကဆိုရင် ဒါကဗိုလ်ချုပ်အိမ်တော် လုပ်တာမဟုတ်လောက်ဘူး။ "