182 01
အခန်း (၁၈၂)
ကျင်းရင်ဝမ်အိမ်တော်က လူတွေအကုန်လုံးကို ကောင်းကောင်း လေ့ကျင့်ပေးထားတာဖြစ်ပြီးတော့ ကျန်းယွမ်က အမိန့်ပေးလိုက်တဲ့အချိန်မှာ သူတို့က အလျှင်အမြန်ပဲ ဆောင်ရွက်ကြတယ်။ ထျန်ကျူးတို့က အိမ်တော်ထဲက မိန်းကလေးတွေနဲ့ ကလေးတွေ ပုန်းဖို့အတွက် နေရာရှာပေးနေတယ်။ ရဲမက်တစ်ချို့က ရှောင်ရှို့ရဲ့ စာကြည့်ခန်းနဲ့ အိပ်ခန်းထဲမှာ ခြုံခိုတိုက်ခိုက်ဖို့အတွက် စောင့်ဆိုင်းနေကြတယ်။ ကျန်းယွမ်က ခန်းမအလယ်မှာ ထိုင်နေပြီးတော့ သူမဘေးနားမှာ အစောင့်ပေါင်းများစွာရှိတယ်။ အိမ်တော်ထိန်းလင်းက စိုးရိမ်စွာနဲ့ ပြောလိုက်တယ်။
"သခင်မလေး ဒီကနေ ထွက်မသွားချင်ရင် သခင်မလေး ပုန်းဖို့နေရာ ရှာပါ့လား။ ကျေးဇူးပြုပြီး ဒီမှာမနေပါနဲ့။ ဒီမှာနေတုန်း အဲ့ဒီလူတွေ ဝင်လာရင် ဘယ်လိုလုပ်မလဲ"
"တကယ်လို့ကျွန်မ ပုန်းဖို့နေရာ ရှာရင်လည်း သူတို့ကကျွန်မကို လာရှာမှာပဲ။ ပြီးတော့ ကျွန်မရဲ့ အပျိုစင်ကိုတောင် ဖျက်ဆီးရင် ဖျက်ဆီးနိုင်တယ်။ ဒီတော့ ကျွန်မ ဒီနေရာမှာပဲ ထိုင်နေပြီးတော့ သူတို့ကျွန်မအသက်အတွက် လာတာလား ဒါမှမဟုတ် ကျင်းရင်ဝမ် အိမ်တော်ထဲက အခြားအရာ တစ်ခုခုကြောင့် လာတာလား ဆိုတာကို ကျွန်မစောင့်ကြည့်ရမှဖြစ်မယ် "
ကျန်းယွမ်က ခေါင်းခါပြီး ပြောလိုက်တယ်။
"ဒါကတကယ်ပဲ အန္တရာယ်ရှိပါတယ်"
အိမ်တော်ထိန်းလင်းက ကူကယ်ရာမဲ့စွာနဲ့ ကျန်းယွမ်ကို ပြောလိုက်တယ်။ ကျန်းယွမ်ရဲ့စိတ်ကလည်း ရှောင်ရှို့နဲ့ အတူတူပဲ။ တစ်ခုခုလုပ်မယ် ကြံလိုက်ရင် သူတို့ကို ကျွဲငါးကောင် ဆွဲရင်တောင်မှ သူတို့က သူတို့ရပ်နေတဲ့ နေရာကနေ တုပ်တုပ်လှုပ်မှာမဟုတ်တဲ့ပုံပဲ။ ဒါ့အပြင် ကျန်းယွမ်က သူမရဲ့အသက်ကို ဂရုမစိုက်ဘဲနဲ့ ဒီမှာနေနေတာဖြစ်တယ်။ အိမ်တော်ထိန်းလင်းက နှစ်ပေါင်းများစွာ ကျင်းရင်ဝမ်အိမ်တော်မှာ နေလာတာဖြစ်ပြီးတော့ သူကလူတော်တော်များများကို မြင်ဖူးတယ်။ ကျန်းယွမ်က သူမရဲ့လုံခြုံမှုကို စိတ်ထဲမှာ လုံးဝထားမထားတဲ့ပုံပဲ။ သူမရဲ့ နည်းလမ်းတွေက ကြမ်းကြုတ်ပြီး ရက်စက်တယ်။ သူမက သူမလုပ်ဆောင်မဲ့ အရာတစ်ခုအတွက် သူမရဲ့ အသက်ကိုတောင်မှ စတေးနိုင်တယ်။ အခုကျန်းယွမ်က တစ်ခုခုကို လုပ်ဖို့အတွက် ဆုံးဖြတ်ထားတဲ့ ပုံပဲဆိုတော့ သူမကို စိတ်ပြောင်းအောင် လုပ်ဖို့အတွက် မဖြစ်န်ိုင်တော့ဘူး။ အိမ်တော်ထိန်းလင်းက သက်ပြင်းချလိုက်ပြီးတော့ မေးလိုက်တယ်။
