Part 241

632 79 0
                                    


အခန်း (၂၄၁)

ကျန်းယွမ် နိုးလာတဲ့အချိန်မှာ မှောင်နေပြီဖြစ်တယ်။ အခန်းက အရမ်းမကျယ်ဘဲ အိုဟောင်းနေတဲ့ပုံပေါ်တယ်။ အထဲမှာ လူမနေတဲ့အတိုင်းပဲ။ သူမလေးမှာ မိန်းကလေးတစ်ယောက်ရပ်နေပြီး စားပွဲပေါ်ကို စားစရာတွေတင်နေတယ်။ သူမ နိုးလာတာကိုမြင်တော့ အဲ့ကောင်မလေးက စားစရာတွေကို အမြန်တင်ပြီးတော့ အမြန်ပဲအပြင်ကို ထွက်သွားတယ်။

ကျန်းယွမ် သူမနောက်ကို လိုက်မသွားခဲ့ဘူး။ သူမ ဘယ်လောက်ကြာကြာ အိပ်ခဲ့လဲတောင်မသိဘူး။ ကြည့်ရတာ ကိစ္စတွေက သူမ ထင်ထားတာထက် ပိုပြီးတော့ချောမွေ့တဲ့ပုံပဲ။ ထျန်ကျူး လုကျူးကို သွားကယ်တဲ့အချိန်မှာ လူတချို့က အမြန်ပြေးလာပြီး သူမနားက မယ်တော်ယိတျယ်ပေးတဲ့ သေတ္တာထဲက ပစ္စည်းတွေကို ယူသွားပြီး သူမကိုလည်း ဖမ်းခေါ်သွားတယ်။ သူမကို ဆေးခတ်ထားတဲ့ အဝတ်စနဲ့ အုပ်လိုက်ပြီးတော့ သူမ အိပ်ပျော်သွားခဲ့တယ်။

ကျန်းယွမ် တစ်ပိုင်းတစ်စမြင်ခဲ့တာက သူမကို ဖမ်းခေါ်သွားတဲ့အချိန်မှာ လန်ချောင် ဓားအထိုးခံလိုက်ရတာကို မြင်ခဲ့တယ်။ သူမ ဒဏ်ရာက အရမ်းပြင်းမလားတော့ သူမ မသိခဲ့ဘူး၊

ဒီနေရာက ဘယ်နေရာလဲဆိုတာ သူမ မသိပေမဲ့ အခုထိ ဘယ်သူမှ မလာသေးဘူး။ ရှောင်ရှို့ရဲ့ ကျင်းရီရဲမက်တွေရော ကျန်းရှင်းကျီဆီကလူတွေရော မြန်မြန်မရှာနိုင်ကြဘူးဆိုတော့ ဒီနေရာက အရမ်းလျှို့ဝှက်တဲ့နေရာဖြစ်မယ်။ ပြီးတော့ ဒီလိုနေရာမျိုးကို တောင်ပိုင်းရှင်းကျန်းက မိန်းမပျိုလေးရှာတာမဖြစ်နိုင်ဘူး။ ရွှမ်းလီလည်း မဖြစ်နိုင်ဘူး။ ဒီတော့ ဒီနေရာက အရင်တောင်ပိုင်းရှင်းကျန်းရဲ့ မင်းသမီး ကျင်းမန်ရဲ့ နေရာပဲဖြစ်ရမယ်။

ကျန်းယွမ် ပြတင်းပေါက်နားကို သွားလိုက်ပြီး ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ အပြင်မှာ မဲမှောင်နေပြီးတော့ အရမ်းတိတ်ဆိတ်နေတ‌ယ်။ ကြည့်ရတာ မြို့တော်နဲ့ အရမ်းဝေးတဲ့ တောထဲမှာနေမယ်။ ကျန်းယွမ် အပြင်ကို မထွက်ခဲ့ဘူး။ သူမ အပြင်ကိုထွက်လိုက်တာနဲ့ ရွှမ်းလီ ခန့်ထားတဲ့ သူမကိုတားမယ့် ကိုယ်ခံပညာရှင်တွေ ဒါဇင်လိုက်ထွက်လာမှာဖြစ်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now