Part 165

1.5K 156 1
                                    

အခန်း (၁၆၅)

ဟုန်ရင်းကမေ့လဲတော့မလိုပဲ။ သူမရဲ့ရင်ထဲမှာတော့ သူမက ဒီကိစ္စပြီးလို့ရင် သူမ ဒီနေ့ဘာအလုပ်မှ မလုပ်ပဲ နားလိုက်တော့မယ်လို့ သူမစဉ်းစားနေခဲ့တယ်။

အဲဒီအစောင့်ရဲ့အသွင်အပြင်က စိုးရိမ်နေပြီးတော့ သူက လူအုပ်ထဲကို အတင်းတိုးဝင်လာပြီးတော့ သူကကျန်းစုစု မြေပြင်ပေါ်မှာ လဲနေတာမြင်တော့ လန့်သွားခဲ့တယ်။

"သူမဒီရောက်နေတာကိုး။ ဒုတိယသခင်မလေးကို ဘယ်သူက ဒီလိုမျိုး ဖြစ်အောင်လုပ်လိုက်တာတုန်း ။ အသက်ရှင်ရတာ ပင်ပန်းနေပြီပေါ့ ဟုတ်လား။ တကယ်လို့ကျွမ်းကျူ့ က အဲ့လူက ဘယ်သူလဲဆိုတာ သိလို့ရင် အလွတ်ပေးမှာ မဟုတ်ဘူး"

"ဘေးကလူတွေအကုန်လုံးက လန့်သွားခဲ့ပြီးတော့ အဲဒီအစောင့်ပုံစံကလည်း သာမာန်အစောင့်မဟုတ်ဘူး။ အဲဒီဟုန်ရင်းကိုစကားပြောနေတဲ့သူကတောင်မှ အစောင့်ရဲ့အသွင်အပြင်ကြောင့် လန့်သွားခဲ့တယ်။ ခဏလောက်တုန့်ဆိုင်းပြီးတော့ သူက မေးလိုက်တယ်။ ဒီမှာညီကို မင်းပြောတဲ့ကျွမ်းကျူ့က ဘယ်သူလဲ ။ ဒီကြမ်းပြင်ပေါ်က မိန်းကလေးရဲ့ နောက်ခံကဘာလဲ"

ဟုန်ရင်းက အမြန်ပြောလိုက်တယ်။

"ရှင် ဒီအကြောင်းကို ဂရုစိုက်စရာမလိုပါဘူး။ သူမက ကျွန်မတို့ မိသားစုကပဲ။ အခု သူမကို ခေါ်သွားလိုက်တော့"

အစောင့်ထဲမှာ ဘယ်သူကပြောလိုက်လဲမသိဘူး။

"အိုး မင်းက သူမကို အိမ်ခေါ်သွားမှာပေါ့ဟုတ်လား။ ဘယ်လိုလုပ်ပြီး သူမကို ငါ မြို့တော်ထဲမှာ မမြင်ဘူးရတာလဲ"

အစောင့်ကအဲဒါကို ကြားတဲ့အချိန်မှာ ပြောလိုက်တယ်။

"မင်းသခင်မလေးကို စော်ကားရဲတယ်ပေါ့။ သူက ကျန်းအိမ်တော်ရဲ့ ဒုတိယသခင်မလေး ဟောင်အန်းကျွမ်းကျူရဲ့ ညီမပဲ "

ဒီစကားတွေ ထွက်လာတဲ့အချိန်မှာ ပတ်ဝန်းကျင်က ရုတ်တရက် ကို့ယို့ကားယားနိုင်သွားတယ်။

ကျန်းစုစုက သူမရဲ့လက်သည်းတွေကို သူမလက်ထဲ ထိုးမိတော့မလိုပဲ။ သူမရဲ့ နှုတ်ခမ်းတွေက တုန်ရင်နေတယ်။ ဒါက ကျန်းယွမ်လုပ်ခိုင်းတယ်ဆိုတာ သူမအစတည်းက သိလိုက်တယ်။အဲဒါက သူမဘယ်သူလဲဆိုတာ လူတွေသိစေပြီးတော့ သူမကို ရှက်စေတာပဲ။ ဒါက သူမကို သတ်တာထက်တောင် ပိုပြီးတော့ဆိုးဝါးစေတယ်။ ဒီနေ့အဖြစ်အပျက်ကြောင့် သူမရဲ့ နာမည်က လုံးဝထိုးကျမှာဖြစ်ပြီး သူမရဲ့ ဘဝက လုံးဝပျက်သုဉ်းသွားပြီဖြစ်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now