146 01
အခန်း (၁၄၆)
ကျန်းယွမ်က စီနျင်နန်းတော်မှာ ဖြစ်ပျက်ခဲ့တာတွေကို လုံးဝ မသိလိုက်ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိစ္စတိုင်းမှာ ကံတရားကိုယ်စီနဲ့ တိုက်ဆိုင်မှုတွေကလည်း ရှိတတ်ကြသလို ရှောင်ရှို့နဲ့ အတွေးတူတဲ့ တခြားလူလည်း ရှိနေတယ်။
သေနာပတိကုက သူ့အစေခံကို အဝေးကို နှင်လိုက်တယ်။ သူ့အိမ်တော်ကနေ ခိုးထွက်လာခါနီးမှာ သူက ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတယ်။
"ရီအာ.. ဘယ်သွားမလို့လဲ"
ကုရီအနောက်ကို လှည့်ကြည့်လိုက်တော့ ထင်ထဲ့အတိုင်း ကုသခင်မက သူ့နောက်ကို ရောက်နေတယ်။ သူမက ရှေ့နည်းနည်း တိုးလာပြီး စတင်ဆူပူတော့မယ်။
"ဒီလောက် ရှုပ်ထွေးနေတာကို မင်းက ဘယ်သွားချင်သေးတာလဲ"
သူက ပြောလိုက်တယ်။
"ကျွန်တော်.. ကျွန်တော် နန်းတော်ကို သွားပြီးတော့ ဝမ်းကွဲအစ်မကို သွားတွေ့မလို့ပါ"
ကုရီရဲ့ဝမ်းကွဲအစ်မက အရည်အချင်းရှိတဲ့ အမျိုးသမီး ဖြစ်ပြီးတော့ သူမ နန်းတော်ထဲ ဝင်သွားကတည်းက မတွေ့ရတော့တာ ကြာနေပြီ ဖြစ်တယ်။
ကုသခင်မက သူ့အကြောင်းပြချက်ကို အနည်းငယ် သံသယဖြစ်နေတယ်။
"အိုး မင်းရဲ့ဝမ်းကွဲအစ်မကို သွားတွေ့မလို့ ဟုတ်လား ဟောင်အန်းကို သွားမရှာမှာ သေချာလို့လား"
"အမေ.."
ကုရီက စိုးရိမ်တကြီးပြောတယ်။
"သားက သူ့သူငယ်ချင်းတစ်ယောက်ပါ ပြီးတော့ အခု သူမက အခြေအနေ မကောင်းဘူး ဖြစ်နေတာ သား သူမကို ဒီအတိုင်း မထားနိုင်ဘူး၊ သူမကို ကူညီရမယ်"
ကုသခင်မက ကြည့်ပြီး ပြောလိုက်တယ်။
"သူမကို သွားကူမယ် ဟုတ်လား.. မင်း မသေချင်သေးရင်တော့ သူမကိစ္စမှာ သွားမရှုပ်တာ အကောင်းဆုံးပဲ။ ကျန်းရှင်းကျီရဲ့အခြေအနေက ဘယ်လိုဖြစ်မယ်ဆိုတာ ပြောရခက်တယ်။ မင်း ဂရုစိုက်မှ ရမယ်။ မဟုတ်ရင် ငါတို့ တစ်အိမ်လုံး ရိုက်ခတ်လိမ့်မယ်။ ပြီးတော့ ဒီအခြေအနေထဲကို အကြောင်းပြချက် မရှိဘဲ ဝင်ပါလို့ မရဘူး"
![](https://img.wattpad.com/cover/344006526-288-k561366.jpg)