129 01
အခန်း (၁၂၉) (က)
ကျန်းယွမ်က အိမ်တော်ထဲမှာ နောက်ထပ်ရက်အနည်းငယ် နေနေပြီး ဒုတိယကိုယ်လုပ်တော်ကို တွေ့တာဖြစ်တယ်။ ကျန်းလီဆုံးသွားကတည်းက ဒုတိယကိုယ်လုပ်တော်က လန်ကျောင်းအိမ်တော်ထဲမှာ ပြဿနာ ရှာတော့တယ်။ သူမကို ကျန်းချွမ်က သူမရဲ့အိမ်တော်မှာပဲ အကျယ်ချုပ် ချထားတာဖြစ်တယ်။ သူမအနေနဲ့ ရုတ်တရက်ကြီး ဒီလိုမျိုး လွတ်လပ်သွားတာ အကုန်လုံးကို အံ့အားသင့်သွားစေတယ်။ ဒါ့အပြင် ပိုပြီးအံ့အားသင့်စေတာက သူမကလုံးဝ မတူညီတဲ့လူ ဖြစ်သွားပြီး သိမ်မွေ့ပြီး သတိကြီးကြီးထားတယ်။ သူမရဲ့အရင်က အနိုင်ကျင့်တတ်ပြီး မောက်မာတဲ့ပုံစံနဲ့ လုံးဝမတူတော့ဘူး။ သူမက ငါးယောက်မြောက် ကိုယ်လုပ်တော်လိုပဲ အိမ်တော်က အစေခံတွေအကုန်လုံးက ပြောနေကြတယ်။ ဒုတိယကိုယ်လုပ်တော်က ကျန်းလီဆုံးသွားပြီဆိုတာကို သတိရသွားပြီးတော့ သူမက ကျန်းအိမ်တော်ထဲမှာ အရမ်းသတိကြီးကြီးထားနေမှ သူမက သူမနေရာမှာ နေနိုင်မယ်ဆိုတာကို သတိရသွားလို့နေမှာဆိုပြီး ပြောနေကြတယ်။ လက်ရှိအချိန်က အရင်တုန်းက အချိန်တွေနဲ့ မတူတော့ဘူးဖြစ်တယ်။ ညင်သာသိမ်မွေ့ပြီး အရည်အချင်းရှိပြီး ဂုဏ်သတင်းကျော်ကြားတဲ့ ရှယန်နဲ့ အနိုင်ကျင့်တက်ပြီး မောက်မာတဲ့ ဒုတိယကိုယ်လုပ်တော်တို့က သူတို့ရဲ့အာဏာကို ဆုံးရှုံးသွားခဲ့ပြီဖြစ်တယ်။ အခုအိမ်တော်ထဲမှာ တာဝန်ရှိတဲ့လူက ဆောင်ကြာမြိုင်ကလာတဲ့ ငါးယောက်မြောက် ကိုယ်လုပ်တော် ဟုန်ရင်းဖြစ်နေတယ်။ ဒါ့အပြင် ဟုန်ရင်းက ကိုယ်ဝန်ရှိနေပြီးတော့ ကျန်းအိမ်တော်ထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ရှိမှာစိုးရတယ်။
အရင်တုန်းက ကျန်းယွမ်က ဒုတိယကိုယ်လုပ်တော်ကို ဥယျာဉ်ထဲမှာ တစ်ခါဆုံဖူးတယ်။ ဒုတိယကိုယ်လုပ်တော်က လုံးဝရိုရိုသေသေနဲ့ ပေါ်လာပြီး သူမရဲ့ အမူအရာက နည်းနည်းထူးဆန်းနေတယ်။ သူတို့ယွမ်ဂျူကို ပြန်တော့ လန်ချောင်က ပြောတယ်။
"သခင်မလေး ဒုတိယကိုယ်လုပ်တော်က သခင်မလေးကို ကြည့်တဲ့အခါမှာ သူက ဒေါသထွက်နေတဲ့ပုံပဲ။ အဲ့ဒါနည်းနည်း ထူးဆန်းတယ်"
