Part 166

1.4K 141 1
                                    

အခန်း (၁၆၆)

မနေ့ကသတင်းက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ အမြန်ပဲ ပြန့်သွားခဲ့တယ်။

ကျင်းရင်းဝမ်အိမ်တော်မှာ ကျန်းယွမ်က ထိုင်နေပြီးတော့ လက်ဖက်ရည်သောက်နေတယ်။ ကျင်းရင်းဝမ်အိမ်တော်က စာဖိုးမှူးတွေကလည်း အတော်လေးကောင်းတယ်။ ကျင်းရင်းဝမ်အိမ်တော်ရဲ့ ထမင်းစားခန်းကလည်း တော်တော်လေး သပ်သပ်ရပ်ရပ်ရှိတယ်။ အရင်ကျင်းရင်းဝမ်က သူ့ရဲ့နေ့စဉ်ဘဝကို အတော်လေး ဂရုစိုက်တဲ့လူဖြစ်တယ်။ ဒီတော့ ဒီစာဖိုမှူးတွေကို အပြင်ကနေ သေသေချာချာ ခေါ်ထားတာဖြစ်တယ်။ အရင်ကျင်းရင်းဝမ်လင်မယား ဆုံးပါးသွားပြီးကတည်းက ရှောင်ရှို့ရဲ့စိတ်ထားက အေးတိအေးစက်နိုင်ပြီးတော့ သူကရိုးရိုးရှင်းရှင်းပဲ စားခဲ့တာဖြစ်တယ်။ ဒီတော့ ဒီစာဖိုမှူးတွေက လက်ရာကိုဘယ်တော့မှ ပြသခွင့်မရခဲ့ဘူး။ ဒီတော့သူတို့ဆီကို သခင်မလေးတစ်ယောက် ရောက်လာတာက သူတို့ကို အရမ်းပျော်ရွှင်စေခဲ့တာဖြစ်တယ်။ သူတို့က အနာဂတ်မှာ သူမအတွက် ပိုပြီးတော့ သူတို့ရဲ့လက်ရာတွေကို အစွမ်းပြရတော့မှာဖြစ်တယ်။

ဒီအကြောင်းအရင်းက တော်တော်လေး ကို့ယို့ကားယားနိုင်ပေမဲ့ လုကျူးရဲ့စိတ်ထဲမှာတော့ အတော်လေး စိတ်သက်သာရာ ရနေတယ်။ ကျင်းရင်းဝမ်အိမ်တော်က လူတွေကလည်း ကျန်းယွမ်ကို သူတို့ရဲ့ သခင်မလေးအဖြစ် ဆက်ဆံနေကြတယ်။ အခုတလော ကျန်းယွမ်က ကျင်းရင်းဝမ်အိမ်တော်မှာ နေနေရတာက အတော်လေး သက်တောင့်သက်သာ ရှိစေတယ်။

ကျန်းယွမ်က လက်ဖက်ရည် သောက်နေတဲ့အချိန်မှာ သူမက လန်ချောင်ဝင်လာတာကို တွေ့လိုက်ရတယ်။ လန်ချောင်က ဝင်လာခဲ့ပြီးတော့ ကျန်းယွမ်ကိုပြုံးပြီး ပြောလိုက်တယ်။

"သခင်မလေး "

ကျန်းယွမ်က သူမအသံကိုကြားတော့ လန်ချောင်ဘက်ကို လှည့်ကြည့်လိုက်တယ်။ လန်ချောင်က အပြင်ကနေ ကောက်လာတဲ့ လတ်ဆတ်တဲ့ပန်းတွေကို အိုးထဲကို ထည့်လိုက်တယ်။ ကျင်းရင်းဝမ်အိမ်တော်က ရှောင်ရှို့ရဲ့စိတ်ထားနဲ့ အတော်လေး ကိုက်ညီတယ်။ အဲ့ဒီမှာ ဘာမှပြင်ဆင်ထားတာ မရှိဘူး။ ဒီတော့ ကျန်းယွမ်က အနာဂတ်မှာ ကျင်းရင်းဝမ်အိမ်တော်မှာ နေရတော့မှာဖြစ်လို့ လန်ချောင်က နောက်ထပ် တောက်တောက်ပပလေးတွေဖြစ်အောင် စီစဉ်နေတာဖြစ်တယ်။ ပြီးတော့ ယောကျာ်းလေးနဲ့ မိန်းကလေး စိတ်တွေကလည်း မတူညီဘူးဖြစ်တယ်။ ဒါ့ကြောင့်သူမက ပန်းတွေကို အိုးထဲထည့်လိုက်ပြီးတော့ နည်းနည်းစီစဉ်လိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now