Part 171

904 71 1
                                    

171 01

အခန်း (၁၇၁)

တိုက်ပွဲနဲ့ မိုင်ပေါင်းထောင်ချီဝေးမှာ တဲအိမ်တစ်အိမ်ရှိတယ်။ ပြီးတော့ အဲ့ဒီတဲအိမ်က အရမ်းထူးဆန်းတယ်။ အဲဒီတဲအိမ်ရဲ့ ခေါင်းအစ ခြေအဆုံးက အရမ်းတောက်ပနေပြီးတော့ အပြင်မှာလည်း အစောင့်တွေအများကြီး စောင့်ကြတ်နေတယ်။ ပြီးတော့ သူတို့ကလည်း သန်မာတဲ့လူတွေ။

လက်ထဲမှာ ခြင်းတောင်းနဲ့ ဝတ်ရုံစိမ်းနဲ့ ကောင်မလေးက အပြင်ကနေပြီး အထဲကို ဝင်သွားခဲ့တယ်။ ပြီးတော့ အဲ့အစာတွေကို စားပွဲပေါ်က ပန်းကန်ပြားပေါ်မှာ ထည့်လိုက်တယ်။

" ရှင်တစ်ခုခုတော့ စားသင့်တယ်"

ထိုင်ခုံပေါ်မှာ လက်နောက်ပြန်ကြိုးတုပ်ခံထားရတဲ့သူက သူ့ကို ကြည့်လိုက်တယ်။ သူ့ကြည့်ရတာ နည်းနည်းဖြူဖျော့နေပြီးတော့ သူက ကောင်မလေးအသံကြားတဲ့အချိန်မှာ ပြောလိုက်တယ်။

"မင်းက ကြီးမြတ်တဲ့ ကျန်းနိုင်ငံတော်က လူလား"

ကောင်မလေးက ခေါင်းငုံ့ပြီးပြောလိုက်တယ်။

" ဒီကအစေခံတွေအကုန်လုံးက ကြီးမြတ်တဲ့ ကြီးမြတ်တဲ့ ကျန်းနိုင်ငံတော်ကဖြစ်ပြီးတော့ တောင်ပိုင်းရှန်းကျန်းက လူတွေခေါ်ဆောင်တာခံခဲ့ရတာပါ။ အရှင့်ကို အလုပ်အကျွေးပြုဖို့ ဒီအစေခံကို သူတို့က ပို့လိုက်တာပါ"

ကျန်းရှင်ကျီက ကောင်မလေးကို ကြည့်လိုက်တယ်။ ကောင်မလေးက အရမ်းအသက်မကြီးသေးတဲ့ပုံပဲ။ သူမက ဆယ့်ခြောက်နှစ် ဒါမှမဟုတ် ဆယ့်ခုနှစ်နစ်ပဲ ရှိဦးမယ်။ သူမရဲ့ အသားအရေက ချောမွေ့ပြီးတော့ သူမရဲ့ မျက်ဝန်းတွေက သူမထက်မြတ်တယ်ဆိုတာကို ဖော်ပြနေပေမယ့် ပြီးတော့ သူမရဲ့ဘယ်ဘက်ပါးမှာလဲ သိသာတဲ့ အပူလောင်ထားတဲ့ အမာရွတ်ရှိနေတယ်။ အဲဒါက သူမရဲ့ မျက်နှာတစ်ခုလုံးရဲ့အလှကို ရုတ်တရက်ဖျက်ဆီးသွားတာဖြစ်တယ်။ သူမကလည်း သူ့ကို အလုပ်အကျွေးပြုဖို့ အပို့ခံခဲ့ရတာဖြစ်တယ်။ တကယ်လို့ သူမမှာ ဒီအမာရွတ်မရှိရင် ဒီကစစ်သားတွေ သူမကို အရှင်လတ်လတ်စားတာခံရမှာဖြစ်တယ်။ ကျန်းရှင်းကျီက မျက်မှောင်ကြုတ်လိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now