အခန်း (၂၀၈)
မျက်စိတစ်မှိတ်အတွင်းမှာ နှစ်စဉ်နှစ်တိုင်းရဲ့ တော်ဝင်အမဲလိုက်နေ့ကို ရောက်လာပြီဖြစ်တယ်။ ဒီနေ့က နှစ်သစ်ကူးကို မရောက်ခင်မှာ ကျင်းပတာဖြစ်ပြီး ဝန်ကြီးချုပ်တွေနဲ့ မြင့်မြတ်သူတွေကလည်း မကောင်းတဲ့ အငွေ့အသက်တွေ ပျောက်အောင်ဝင်ရောက် ဆင်နွှဲကြတယ်။
သူတို့ အမဲလိုက်တဲ့နေရာက တောထဲတောင်ထဲမှာရှိတဲ့ ဘေကွမ်းလင်မှာ ရှိတာဖြစ်ပြီး အဲ့မှာ ရှားပါးတဲ့ တိရိစ္ဆာန်တွေနဲ့ ငှက်တွေရှိတယ်။ ဒီနေရာက အရာရှိမိသားစုတွေဆီက ကလေးတွေအတွက်တော့ ထူးခြားတဲ့ပြိုင်ဆိုင်မှုဖြစ်ပြီးတော့ ဒီအချိန်မှာ အမဲလိုက်ကွင်းက မမျှော်လင့်စွာနဲ့ လူတွေစည်ကားနေတယ်။
ကျန်းတန်က သူမကိုပါ ခေါ်သွားဖို့အတွက် ဧကရာဇ်ကို တောင်းဆိုခဲ့တယ်။ ဒီနေ့မှာ နန်းတော်ထဲက အစေခံတွေက သူမအတွက် စောစောစီးစီး အင်္ကျီရွေးပေးနေကြတယ်။ ဘာလို့လဲဆိုတော့ သူမက ဒီနေ့ သူမ သွားနေကြအတိုင်းဖြစ်တဲ့ ကျန်းမိသားစုရဲ့ အငယ်ဆုံးသမီးတစ်ယောက် အနေနဲ့ သွားရမှာမဟုတ်ဘဲ ဧကရာဇ်တစ်ယောက်ရဲ့ မောင်းမတော်တစ်ယောက်အနေနဲ့ သွားရမှာဖြစ်တယ်။ ကျန်းတန် မှန်ထဲကိုကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။
"ဒီဆံထိုးက အရမ်းပေါ်လွင်နေတယ်။ ငါ ဒီလိုမျိုးတွေ ဝတ်သင့်တယ်လို့ နင်ထင်နေလား"
အစေခံက မင်သက်သွားခဲ့ပြီး အမြန်ပဲ ဒူးထောက်ပြီး သူမကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်။ တကယ်တော့ ဒီအစေခံက ဘာအမှားမှမလုပ်ခဲ့ဘူး။ နန်းတော်ထဲက တော်ဝင်မိသားစုဝင် တော်တော်များများက အဲ့လိုဆံထိုးတွေကို မကြာခဏသုံးလေ့ရှိကြတယ်။ ဒီဆံထိုးက အတော်လေး နာမည်ကြီးပြီးတော့ ဧကရာဇ်က သူမကို အရမ်းသဘောကျလို့ သူကိုယ်တိုင် သူမကို ချီးမြှင့်ပေးခဲ့တာဖြစ်တယ်။ ကျန်းတန်က အနည်းငယ်စိုးရိမ်နေတယ်။ သူမက သူမရဲ့ လက်ဝတ်ရတနာ၏ဘူးထဲက ပုလဲတွေ ကျောက်မြတ်ရတနာတွေကို မကျေနပ်စွာနဲ့ ကြည့်လိုက်တယ်။ ကျန်းယွမ်နဲ့မတူပဲ ကျန်းတန်က သူမ သဘောကျခံရအောင် လုပ်နေရတာဖြစ်တယ်။ သူမ ဒီလိုမျိုး ရတနာတွေကို သူမခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ချင်စိတ်မရှိဘူး ဖြစ်နေတယ်။ ဒီနေ့ ဧကရာဇ်က သူမကို ခေါ်သွားမှာဖြစ်ပေမဲ့ သူမကို ဂရုတစိုက်နဲ့ စောင့်ကြည့်နေမှာလည်းဖြစ်တယ်။ ဒီတော့ သူမ သခင်မလေးတစ်ယောက်လို့ ဝတ်ဆင်လို့မရဘူးဖြစ်တယ်။ တစ်ခါတစ်လေကျ သူမဘေးက အစေခံကောင်မလေးကတောင် သူမထက်ပိုပြီးတော့ ငယ်တဲ့ပုံပေါက်နေတယ်။
