အခန်း (၂၃၁)
မြို့တော်ထဲက အိမ်တစ်အိမ်မှာ ယွမ်ချန်း မတ်တပ်ရ၌်နေပြီး သူ့လူတွေဆီက အချက်ပြတာကိုကြည့်နေပြီး ခေါင်းခါပြီး ပြောလိုက်တယ်။
"လူမိသွားပြီ"
"သခင်။ ဘာကို လူမိသွားတာလဲ"
သူ့လက်အောက်ငယ်သားက မေးလိုက်တယ်။ ဒီလက်အောက်ငယ်သာက ယွမ်ချန်းရဲ့ လူဖြစ်ပြီးတော့ သူက မေးခွန်းမေးရာမှာ တည့်တန်းပဲ။ ယွမ်ချန်းပြုံးလိုက်ပေမဲ့ သူ့အသံက ကျေနပ်နေတဲ့အသံမဟုတ်ဘူး။
"သခင်မလေးကို လူမိသွားပြီ"
သူ့လက်အောက်ငယ်သား လန့်သွားတယ်။ သူတို့ သိတာက သခင်မလေးက မြို့တော်ထဲကို တိတ်တဆိတ်နဲ့ ဝင်ရောက်ခဲ့ပြီးတော့ အကုန်လုံးက စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့နဲ့ သွားနေတာဖြစ်တယ်။ ဒီရက်ပိုင်း ယွမ်ချန်းက အစီအစဉ်ကို တစ်ဆင့်ချင်းစီ သွားနေတာဖြစ်တယ်။ ဘယ်လိုလုပ်ပြီး သခင်မလေးကို လူမိသွားတာလဲ။ သခင်မလေး မြို့တော်ကို ရောက်တုန်းက သူတို့တောင် မသိခဲ့ဘဲ နောက်မှ သူမ ယောင်သခင်မလေးနေရာမှာ အစားဝင်နေကြောင်းကို သူတို့ သိကြတာဖြစ်တယ်။ အကုန်လုံးက ဧကရာဇ်က မိန်းမပျိုလေးယောင်နဲ့ ရှောင်ရှို့တို့ကို သဘောတူထားတာဆိုတာကိုသိကြတယ်။ တကယ်လို့ ကျန်းယွမ်သာ ဝင်မရှုပ်ရင် မိန်းမပျိုလေးယောင်က ကျင်းရင်ဝမ်ကတော်ဖြစ်နေလောက်ပြီ။ ဝန်ကြီးချုပ်ယောင်က မြို့တော်မှာ အာဏာအရှိဆုံးထဲက တစ်ယောက်ဆိုတော့ ပြောစရာကိုမလိုဘူး။ ဒီပြစ်ချက်မရှိတဲ့အကြံက အခုလိုမျိုးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။
အထူးသဖြင့် ကျန်းယွမ်လိုလူမျိုးက သိသွားရတယ်လို့ ကျန်းယွမ်က သူမက သူမ သိတဲ့အရာတစ်ခုကို ကောင်းကောင်းအသုံးချတတ်တဲ့သူ ဖြစ်ပြီးတော့ သူမ နောက်လုပ်မယ့်အရာက ဘာဖြစ်မလဲဆိုတာကို ယွမ်ချန်း တွေးကြည့်မိပြီး သူ ရုတ်တရက်ပြောလိုက်တယ်။
"သိုလှောင်ရုံကိုသွားပြီးတော့ လွန်ခဲ့တဲ့ရက်က သေခဲ့တဲ့ မိန်းကလေးအလောင်းကို ထုတ်ခဲ့။ ဒီနေ့ မင်းတို့တွေ ဘယ်သူမှ မတွေ့အောင် အဲ့အလောင်းကို ယောင်အိမ်တံခါးဝမှာ စွန့်ပစ်ဖို့ နည်းလမ်းရှာထား"