အခန်း (၁၇၉)
ကျန်းရှင်းကျီက တော်တော်များများတွေးခဲ့ပေမယ့် ကျန်းယွမ်ရဲ့ သူငယ်ချင်းဆိုတာကို သူက မမျှော်လင့်ထားခဲ့ဘူး။ သူက ခေါင်းငုံပြီးတော့ပြောလိုက်တယ်။
"ဘာ"
"ရှင်ကျွန်မကို မမှတ်မိဘူးလား"
ကောင်မလေးက ကျန်းရှင်းကျီကို ကြည့်ပြီးတော့ ပြောလိုက်တယ်။ သူက စိုးရိမ်နေတဲ့ပုံပဲ။ သူမက ပြောလိုက်တယ်။
"ရှင် နန်းတွင်းညစာစားပွဲတုန်းက ကျွန်မရဲ့အသက်ကို ကယ်ခဲ့ဖူးတယ်"
"ကျွန်မက... ကျွန်မက ရှင့်ကို ပြန်ပြီးတော့ ကျေးဇူးလာဆပ်တာပါ။ ရှင်ကျွန်မကို မမှတ်မိဘူးလား"
ကျန်းရှင်းကျီက မျက်မှောင်ကြုတ်လိုက်တယ်။ အစတုန်းက သူက ဒီကောင်မလေးက နဲနဲရင်းနှီးတယ်လို့ တွေးခဲ့မိပေမယ့် အခုသူမရဲ့ စကားတွေကို ကြားတဲ့အချိန်မှာ သူက အဲ့အကြောင်းတွေကို ပြန်တွေးမိခဲ့တယ်။ နန်းတွင်းညစာစားပွဲတုန်းက မယ်တော်ရိကျယ် လုပ်ကြံခံရတော့မယ့် အချိန်မှာ သူက ကောင်မလေးနှစ်ယောက်ကို ကယ်ခဲ့ဖူးတယ်။ အခု သူက အဲ့ကောင်မလေးကို ပြန်သတိရတော့ သူက လန့်သွားပြီးတော့ ပြောလိုက်တယ်။
"မင်းက အရာရှိတစ်ယောက်ရဲ့ သမီးမဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"
အစတုန်းကတော့ သူက အဲ့အကြောင်းကို စိတ်ထဲမထားခဲ့ဘူး။ သူက ဒီကောင်မလေး ဘယ်သူလဲဆိုတာကိုလည်း မသိဘူးဖြစ်တယ်။ ပြီးတော့ ဒီကောင်မလေးက နန်းတွင်းညစာစားပွဲကို တက်ရောက်တယ်ဆိုတော့ သူမက အရာရှိတစ်ဦးရဲ့ သမီးဖြစ်ရမယ်လို့ပဲ သူကတွေးခဲ့တာဖြစ်တယ်။ ဘယ်လိုလုပ်ပြီး အဲလို ညင်သာတဲ့ မိန်းကလေးတစ်ဦးက ဒီလိုမျိုး ရန်သူရဲ့ တပ်အတွင်းကို ဝင်နိုင်ရတာလဲ။ သူမရဲ့မိဘတွေက ဘယ်လိုဖြစ်သွားလို့လဲ။
"ကျွန်မတို့အိမ်မှာ လေ့ကျင့်ပေးထားတဲ့ အကျင့်စရိုက်တစ်ခုရှိတယ်။ အဲဒါ ကျေးဇူးကြွေးကို ပြန်ဆပ်ရမယ်တဲ့"
ကောင်မလေးက ပြန်ပြောလိုက်တယ်။
"ရှင်က ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တယ်ဆိုတော့ ကျွန်မရှင့်ကို ပြန်ပြီးတော့ ကျေးဇူးဆပ်တာပဲ။ ရှင်က ရန်သူရဲ့တပ်အတွင်းမှာ ပိတ်မိနေတာဖြစ်ပြီးတော့ ကျွန်မရှင့်ကို ပိုက်ဆံနဲ့ ပြန်ပြီးတော့ ကျေးဇူးမဆပ်နိုင်ဘူး။ ဒီတော့ ကျွန်မဒီကို လာပြီးတော့ ပြန်ပြီးကျေးဇူးဆပ်တာပဲ။ ပြီးတော့ တကယ်လို့ ကျွန်မရဲ့ မိဘတွေကသာ သိတယ်ဆိုရင် သူတို့ကလည်း ကျွန်မကို ထောက်ခံပေးမှာပဲ"