အခန်း (၂၁၂)
နန်းတော်ထဲမှာ အိမ်ရှေ့စံက မေ့မြောနေပြီး ဧကရီက သူ့ဘေးမှာ ထိုင်နေပြီး စိုးရိမ်မှုတွေနဲ့ သူ့ကိုကြည့်နေတယ်။ အိမ်မရှေ့စံက ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာဖြစ်ပြီး ရုံးတော်ကလူတွေ အကုန်လုံးက သူ အားနည်းလို့ ဒီလိုဖြစ်တာလို့ပဲ ပြောနေကြတယ်။ အိမ်ရှေ့စံက နှစ်ပေါင်းများစွာ အချစ်မခံရပေမဲ့ ဧကရာဇ်က အိမ်ရှေ့စံကို ဒီလိုမျိုး ပစ်ထားမှာ မဟုတ်ဘူးဆိုတာ ဧကရီသိတယ်။ ဧကရီက ဒီဖြစ်ရပ်နောက်ကွယ်ကလူတွေကို စုံစမ်းနေတုန်းပဲဖြစ်တယ်။ သူမရဲ့ အမြင်မှာတော့ ရွှမ်းဖေးက အခု ဧကရာဇ်သဘောကျတာ ခံနေရပေမဲ့ သူ့မှာ သူ့ကို ထောက်ပံ့ပေးဖို့ မိခင်မရှိဘူး။ ပြီးတော့ သူက အရမ်းငယ်သေးတယ်။ ဒီတော့ သူမ သူ့ကို သံသယမရှိခဲ့ဘူး။ အဲဒါ ရွှမ်းလီနဲ့ ရွှမ်းဟွာ နှစ်ယောက်ထဲက တစ်ယောက်ပဲဖြစ်ရမယ်။
အဲ့အကြောင်းကို တွေးနေတုန်း မိန်းမစိုးတစ်ယောက်က သတင်းလာပို့တာကို သူမ ကြားလိုက်ရတယ်။ ကျန်းတန်က အိမ်ရှေ့စံကို သတင်းလာမေးတာတဲ့။ ဧကရီလှည့်လိုက်တော့ ကျန်းတန်က ဝင်လာခဲ့ပြီး သူမ ကုတင်ပေါ်က အိမ်ရှေ့စံကို ကြည့်လိုက်ပြီး ဧကရီရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်။
"ဧကရီ အရှင်မင်းသား ပြန်ပြီးတော့ သက်သာလာမှာပါ။ ပြီးခဲ့တဲ့ရက်တွေတုန်းက ကျွန်တော်မျိုးမ အရှင်မင်းသားအတွက် နန်းတော်ထဲက ဘုရားကျောင်းမှာ သွားပြီး ဆုတောင်းပေးခဲ့ပါတယ်။ သူ မကြာခင်ပြန်ကောင်းလာပါစေလို့ ကျွန်မ မျှော်လင့်ပါတယ်"
သူမက ဝမ်းနည်းတဲ့ အမူအရာနဲ့ပြောနေတာဖြစ်တယ်။ ဆုတောင်းပေးခဲ့တာလို့ ပြောတာက အလွယ်ဆုံးဖြစ်တယ်။ ဧကရီက ကျန်းတန်အကြောင်းကြားထားပြီးတော့ သူမက ကျန်းတန်အပေါ်မှာ ကောင်းမွန်တဲ့ထင်မြင်ချက် ရှိလာခဲ့တယ်။ နန်းတော်ထဲကို ဝင်လာတည်းက ကျန်းတန်က အမြဲတမ်း နှိမ့်ချစွာနေနေတာဖြစ်တယ်။ သူမက လူတွေကို ကြင်နာစွာနဲ့ ဆက်ဆံတယ်။ ဧကရီက ပြောတယ်။
"မင်းက အတော်ကြင်နာတာပဲ။ သူ မြန်မြန်သက်သာလာပါစေလို့ ငါလည်းမျှော်လင့်တာပဲ။ အိမ်ရှေ့စံ နေရာလိုချင်တဲ့ လူကို အိမ်ရှေ့စံနေရာပေးလိုက်မယ်"