Unicode
Part 165အခန်း(၁၂၁)(က)
မနေ့က ကျန်းအိမ်တော်က သမီးတစ်ယောက်ကို လက်ထပ်ပေးလိုက်တယ်။ သူတို့ရဲ့
တတိယသခင်မလေး အငယ်ဆုံးသမီးက ကျိုးလန်ကျောင်းရဲ့
သခင်မဖြစ်လာတယ်။ မြို့တော်ထဲက လူတွေက ကြီးမြတ်တဲ့
ကျင်းနိုင်ငံတော်ထဲမှာ အငယ်ဆုံး သမီးတစ်ယောက်က ဒီလိုမျိုး
အဆင့်အတန်းမြင့်မြင့် ဖြစ်သွားတာကို ပျော်နေကြတယ်။ သူတို့က မနေ့က
ဧည့်သည်တွေက အရမ်းပျော်ရွှင်ခဲ့ကြပြီး ပွဲကျင်းပတဲ့ လူတွေကလည်း
ဧည့်သည်တွေကို တက်ကြွစွာ ကြိုဆိုခဲ့ကြတယ်။ တစ်ခြားလျို့ဝှက်
အခြေအနေကိုတော့ ဘယ်သူကမှ မသိခဲ့ဘူး။
ဥပမာအနေနဲ့ ဒုတိယနေ့မှာ နေရောင်က မင်္ဂလာခန်းမထဲကို ကျရောက်လာပြီး
လန်ကျောင်းအိမ်တော်ရဲ့ အစေခံနဲ့ သတိုးသမီးကို လက်ထပ်ပွဲအတွင်းမှာ
ကြည့်ပေးတဲ့ အမျိုးသမီးက သတိုးသမီးက အပျိုစင်ဆိုတာကို သက်သေပြတဲ့
သွေးစွန်းနေတဲ့ အဝတ်ကိုယူလာပြီးတော့ ယူကြတယ်။ အစေခံက
တံခါးအပြင်မှာရပ်ပြီး အထဲကို အကြိမ်ရေများစွာ ဆက်တိုက်ခေါ်ပေမဲ့ အထဲက
ဘာတုန့်ပြန်မှုမှ မကြားရဘူး။ ဒီတော့သူမက အရမ်းပင်ပန်းနေပြီလို့ထင်ပြီး
တံခါးကိုဖွင့်ပြီး အထဲကိုဝင်ခဲ့တယ်။
တံခါးကနေ အထဲကိုဝင်လိုက်တဲ့အခါမှာ ချက်ချင်းပဲ သူမနှာခေါင်းဆီကို
ဘာအနံ့မှန်းမသိတဲ့ ပြင်းထန်တဲ့အနံ့က ရောက်လာတယ်။ အစေခံက
ခေါင်းငုံ့လိုက်ပြီး တိုးတိုးလေး ပြောလိုက်တယ်။
“သခင်ကြီး သခင်မ ”
သူကခဏလောက် စောင့်နေပေမဲ့ ဘာတုန့်ပြန်မှုမှ မရခဲ့ဘူး။
တစ်ခုခုထူးဆန်းနေတယ်လို့ သူတို့က ခံစားလိုက်ရလို့ သူမက သတ္တိမွေးပြီး
အိပ်ယာထဲကို ကြည့်လိုက်တယ်။ အိပ်ယာရဲ့ အကျယ်အဝန်းက အရမ်းကြီးပြီး
အထဲကကိုယ်တုံးလုံး ခန္ဓာကိုယ်တွေကို တွေ့နိုင်တယ်။ သတိုးသမီးကို စောင့်ရတဲ့
အမျိုးသမီးရဲ့မျက်နှာက နီရဲသွားပြီး သူမကစိတ်ထဲမှာ ကျိန်ဆဲလိုက်တယ်။
ထင်ထားတဲ့အတိုင်း ဒီအငယ်ဆုံးသမီးက ဘာစည်းကမ်းမှ မရှိဘူးဘဲ။
ဘယ်လိုလုပ်ပြီး သတိုးသမီးက ဒီလိုမျိုး မဆင်မခြင်နဲ့ သူမကိုယ်သူမ
ပြည့်တန်ဆာလိုမျိုး နေရတာလဲ။
သတိုးသမီးအစောင့်က ပြုံးပြီးခေါ်လိုက်တယ်။
“သခင်မ ”
သူတို့က သတိုးသမီးအစောင့်ရဲ့ အသံကို မကြားရပေမဲ့ ကုတင်ပေါ်က
နောက်ထပ်လူတစ်ယောက် အသံက ထွက်ပေါ်လာတယ်။ သူကလိုက်ကာတွေကို
ဖယ်လိုက်ပြီး မူးဝေနေတဲ့ အသံနဲ့ ပြောလိုက်တယ်။
“ဘယ်သူလဲ။ ”
သတိုးသမီးအစောင့်က အိပ်ယာပေါ်ကို တစ်ချက်ကြည့်လိုက်တယ်။
သူမမြင်ရတာက သူမကို ကြက်သေ သေသွားစေတယ်။ သူမက အံ့အားသင့်သွားပုံ ပေါ်တယ်။ သူမဘေးက အစေခံကလည်း
ခေါင်းမော့လိုက်ပြီး အိပ်ယာထဲကို လှမ်းကြည့်လိုက်တယ်။ လှမ်းကြည့်လိုက်ပြီး
သူမကလည်း ကြက်သေ သေသွားတယ်။ သူတို့နှစ်ယောက်က
အချင်းချင်းကြည့်လိုက်ပြီး သူတို့ရဲ့ မျက်ဝန်းထဲမှာ ပြောစရာစကား
ကင်းမဲ့နေပြီး အခန်းထဲကနေ ဆိုးဝါးတဲ့ အော်သံတစ်သံ ထွက်ပေါ်လာတယ်။
အသံက အရမ်းကျယ်လွန်းပြီး လန်ကျောင်းအိမ်တော်ရဲ့ အစေခံတွေနဲ့
အိမ်ထဲကလူတွေကိုပါ အခန်းထဲကို ရောက်လာစေတယ်။ အိပ်ယာပေါ်က
အမျိုးသမီးက နိုးလာပုံပေါ်ပြီး သူမက တစ်ခုခုမှားနေတယ်ဆိုတာကို
သတိပြုမိသွားတယ်။ သူမက အောက်ကိုကြည့်လိုက်တော့ ချက်ချင်းပဲ
သူမကိုယ်သူမ စူးစူးဝါးဝါး အော်မိတယ်။ မင်္ဂလာကုတင်ပေါ်မှာ
ယောကျာ်းနှစ်ယောက်က အဝတ်မပါဘဲ အိပ်နေကြတယ်။ သူမရဲ့အော်သံက
အိပ်ယာပေါ်ကလူနှစ်ယောက်ကို ဖြေးဖြေးချင်း နိုးလာစေတယ်။ ကျန်းလီက
မေ့လဲတော့မလိုပဲ။ အဲ့အချိန်မှာ သူမကလုံးဝ ကိုယ်တုံးလုံးဖြစ်နေပြီ။ သူမရဲ့
အသားအရည်ပေါ်မှာ အစိမ်းရောင်နဲ့ ခရမ်းရောင် အကွက်တွေရှိနေတယ်။
သူမရဲ့ ဖြူဖွေးတဲ့ အသားအရည်ပေါ်မှာ အနီရောင် အစင်းတွေက မနေ့ညက
တော်တော်လေး ကြမ်းခဲ့တယ်ဆိုတာကို သက်သေပြနေတယ်။
ယောကျာ်းတစ်ယောက်က သူ့မျက်လုံးကို ပွတ်ပြီးထလာတယ်။ ပြီးတော့
စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
“ဘာသံတွေလဲကွာ။ တကယ်လို့မင်းတို့ ဒီလိုမျိုး ရုန်းရင်းဆန်ခတ်
လုပ်နေမယ်ဆိုရင် ဒီမင်းသားက မင်းတို့ကို မမေ့နိုင်လောက်တဲ့
သင်ခန်းစာပေးမှာ။ ”
အဲ့ဒါက ရွှမ်းရုံပဲ။ ပြီးတော့ တစ်ခြားတစ်ယောက်က….။ ရှောင်ကျန်းက
နိုးလာတယ်။ သူကမျက်လုံး ဖွင့်လိုက်ပြီး ပါးစပ်အဟောင်းသား
ဖြစ်သွားတယ်။
“ဖာသယ်မ ”
ရှောင်ကျန်းက သူမကို ကြမ်းတမ်းစွာ ရိုက်လိုက်တယ်။ ကျန်းလီက ရိုက်ချက်ကို
ခံလိုက်ရတော့ သူမက ယိမ်းထိုးသွားပေမဲ့ သူမက သူမရဲ့မျက်နှာကို
လက်နဲ့ကာရုံကာနိုင်ပြီးတော့ ဆက်ပြီး တိတ်ဆိတ်နေတယ်။ ဘယ်လိုလုပ်ပြီး ဒါကဖြစ်သွားတာလဲ။ ဘယ်လိုလုပ်ပြီး သူမက ယောကျာ်းနှစ်ယောက်နဲ့အတူ
အိပ်ခဲ့တာလဲ။ ပြီးတော့ သူတို့ထဲကတစ်ယောက်က သူမရဲ့ ခင်ပွန်းသစ်လား။
မနေ့ညက မင်္ဂလာပွဲခန်းမမှာ သူမကကျန်းယွမ် စိတ်ကြွဆေးခတ်ထားတဲ့
ဝိုင်ခွက်ကို သောက်လိုက်တာကို သူမကိုယ်တိုင် မြင်လိုက်ရပြီး သူမက
စိတ်သက်သာရာ ရသွားတယ်။ ဒါပေမဲ့ ဝိုင်ခွက်မြှောက်ပြီး
ဆုတောင်းတာပြီးတော့ သူမက သူမခန္ဓာကိုယ်က တစ်ခုခုမှားနေတာကို
သတိပြုမိသွားတယ်။ သူမက အရမ်းပူပြင်းတယ်လို့ ခံစားနေရတယ်။
အဲ့ဒီအကြောင်းကို အခုတွေးလိုက်မိပြီး သူမက
လှည့်စားခံလိုက်ရတာများလား။ ကျန်းယွမ်က သူမနဲ့ ဝိုင်ခွက်တွေကို
လှည့်လိုက်တာများလား။
ဒါပေါ့ ရွှမ်းရုံက ခွက်နှစ်ခွက်လုံးကို ချမ်းဖန်းသူတွေ ထည့်ထားတာကို
ရွှမ်းရုံကမသိဘူး။ သူကသူ့ရဲ့ အကြံကို အောင်မြင်ဖို့အတွက် နှစ်ခွက်လုံးကို
စိတ်ကြွဆေး ခတ်ထားတာဖြစ်တယ်။ ကျန်းယွမ်က ခွက်ကိုလဲလဲ မလဲလဲသူမက
စိတ်ကြွဆေးကို သောက်မိမှာဖြစ်တယ်။
ဒါပေမဲ့သူမက မင်္ဂလာခန်းမထဲမှာပဲ တစ်ချိန်လုံး ရှိနေခဲ့ပြီးတော့
ကျောင်းကျန်းကလည်း အဲ့လိုပဲ။ ဘာကြောင့်ရွှမ်းလီက
ဒီမှာရောက်နေတာလဲ။
ကျန်းလီကို ရိုက်လိုက်တဲ့အသံက သူမကို သတိပြန်ဝင်လာရုံတင်မကဘူး
ရွှမ်းရုံကိုလည်း ဘာဖြစ်ခဲ့လည်း ဆိုတာကို နားလည်သွားစေတယ်။
မနေ့ကသူက ကျန်းယွမ်ကို မိခဲ့ပေမဲ့ အကုန်လုံးက သူ့ရဲ့အကြံအတိုင်း
ဖြစ်သွားတော့မဲ့ အချိန်မှာ ရှောင်ချုံးက သူ့လူတွေနဲ့ ရောက်လာတယ်။
ရှောင်ချုံးက လုံးဝကို ရှိန်လောက်တယ်။ ပြီးတော့….။ ပြီးတော့သူက
နောက်ပိုင်းဘာမှကို မမှတ်မိတော့ဘူး။ သူနိုးလာတော့သူက
ကျောင်းကျန်းရဲ့ အိပ်ယာထဲမှာ ရောက်နေပြီးသား ဖြစ်နေတယ်။
ရွှမ်းရုံက ဒါကရှောင်ချုံးရဲ့ လက်ချက်ဆိုတာကို သိပေမဲ့သူက
ရှောင်ချုံးသူ့အသက်ကို မယူခဲ့လို့ သက်ပြင်းချလိုက်တယ်။ သူကကျန်းယွမ်သူ့ရဲ့
လက်ထဲကနေ လွတ်မြောက်သွားတာကို မကျေနပ်သေးပေမဲ့သူက ရှောင်ချုံးကို
မဆန့်ကျင်ရဲဘူး။ သူက ကျောင်းကျန်းနဲ့ ကျန်းလီတို့ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။ မနေ့ညရဲ့ အဖြစ်အပျက်က ကျန်းလီနဲ့
ဖြစ်သွားတာပဲ။ အို ဘာပဲဖြစ်ဖြစ်ပါ သူမကလည်း အပျိုစင်ပဲလေ။ ရွှမ်းရုံက
ပျင်းရိစွာနဲ့ လက်ဆန့်ပြီး ပြောလိုက်တယ်။
“သခင်မလေးကျန်း အိုး အခုကျွန်တော်ခင်ဗျားကို ကျောင်းသခင်မလို့
ခေါ်သင့်တယ်ထင်တယ်။ မနေ့ညက ဧည့်ခံမှုအတွက် ကျေးဇူးပါ။ ဒီမင်းသားက
အရမ်းကို ကျေနပ်တယ်။ ”
ကျောင်းကျန်းက လက်သီဆုပ်လိုက်ပြီး သူဒေါသတွေနဲ့ ပြည့်နေတယ်။
သတိုးသမီး အစောင့်ဆီက အော်သံက အခုအဖြစ်အပျက်ကို ကြည့်နေတဲ့လူတွေရဲ့
အာရုံကို ဖမ်းလိုက်တယ်။ မနေ့ညက ဧည့်သည်အချို့က ဒီမှာအရမ်းမူးနေတော့
အိမ်ကိုမပြန်နိုင်ဘဲ လန်းကျောင်းအိမ်တော်မှာပဲ ညနေခဲ့တယ်။ ပြီးတော့
အဲ့ဒီအော်သံကြောင့် ဘာဖြစ်နေလဲဆိုတာ လာကြည့်ကြပြီး သူတို့က
အခန်းတံခါးဝမှာ တိုးဝှေ့ပြီး ကြည့်နေကြတယ်။ သူတို့က ဟာသတစ်ခု
ဖြစ်လာပြီ။
မင်္ဂလာဦးညမှာပဲ သူ့ရဲ့အသစ်စက်စက် မိန်းမက
အခြားယောကျာ်းတစ်ယောက်နဲ့ အိပ်ယာပေါ်မှာ ချစ်ရည်လူးခဲ့တယ်။
တကယ်လို့ဒါကသာ အပြင်ကို ပြန့်သွားရင် လူတွေက ကျောင်းကျန်းက
ပုံမှန်မဟုတ်တဲ့ အစွဲအလမ်းရှိတယ်လို့ ထင်ကြမှာဖြစ်တယ်။ သူ့ရဲ့ဂုဏ်သိက္ခာနဲ့
သူ့ရဲ့ပုံရိပ်က သူမဘဝကို ပျက်စီးသွားမှာဖြစ်တယ်။ ကျောင်းကျန်းက
ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဖြစ်သွားလဲဆိုတာကို စဉ်းစားလို့မရဘူး။ မနေ့က
ရွှမ်းရုံချစ်ရည်လူးနေရမှာက ကျန်းယွမ်နဲ့လေ။ ဒါ့အပြင် ရွှမ်းရုံက
သူတို့နဲ့ရှိနေတာဆိုတော့ ကျန်းယွမ်က ဘာမှမဖြစ်ဘူးဆိုတဲ့ သဘောပဲ။
တကယ်လို့သာ ဒီသတင်းက နန်းတော်ထဲကို ရောက်သွားခဲ့ရင်
ကြင်ယာတော်ချန်က သူ့ကိုဒီလိုမျိုး ကိစ္စအကြီးကြီး လုပ်ခဲ့လို့
အပူစ်တင်မှာဖြစ်တယ်။
ဒါပေမဲ့ ကျောင်းကျန်းကတော့ လက်ရှိမှာ တော်ဝင်ကြင်ယာတော်ချန်
အကြောင်းကို မစိုးရိမ်နိုင်သေးဘူး။ သူကလက်ရှိမှာ မဖြစ်နိုင်တဲ့
အခြေအနေတစ်ခုမှာ ပိတ်မိနေတယ်။ တကယ်လို့သူက ရွှမ်းရုံကိုအခု
သွားခွင့်ပေးလိုက်ရင် သူကမြို့တော်ထဲက လူတွေက သူ့အကြောင်းကို
အတင်းတုပ်နေကြမှာဖြစ်ပြီး တော်ဝင်ကြင်ယာတော် ချန်ကလည်း
ဒီအခြေအနေကို အစီရင်ခံစာ တင်ပြရမှာဖြစ်တယ်။ ဒါပေမဲ့တကယ်လို့သူက
ရွှမ်းရုံကိုဖမ်းရင်…။ သူကတော်ဝင်ကြင်ယာတော် ချန်ရဲ့အမိန့်ကို
ဆန့်ကျင်သလိုဖြစ်မှာဖြစ်တယ်။ ဒီတော့ သူကဘယ်လိုလုပ်ပြီး ရွှမ်းရုံကို
ဖြေရှင်းရမှာလဲ။ ဒီလိုမျိုးတွေ ဖြစ်သွားပြီဆိုတော့ ကျောင်းကျန်းက လုံးဝကို
နောင်တရနေတယ်။ ဘာလို့သူက တော်ဝင်ကြင်ယာတော်ချန်ကို ကျန်းယွမ်ကိုရဖို့
ကူညီမယ်လို့ ကတိပေးလိုက်တာပါလိမ့်။ ပြီးတော့သူက ကတိပေးခဲ့ရင်
ဘာလို့သူက သူ့ရဲ့မင်္ဂလာပွဲနေ့မှာ အဲ့လိုလှုပ်ရှားမယ်လို့ ရွေးလိုက်တာပါလိမ့်။
သူကကျန်းလီကို မချစ်ပေမဲ့ သူမက လန်ကျောင်းအိမ်တော်ရဲ့ သခင်မ
ဖြစ်လာပြီးပြီ။ ဂုဏ်သိက္ခာကို အဖက်ဆယ်ဖို့ သူကသူမကို
ငြင်းလို့လဲမရတော့ဘူး။ ဒါပေမဲ့ သူတို့ တစ်ယောက်နဲ့တစ်ယောက် သာယာတဲ့
မိသားစုဘဝ စတင်ဖို့က အခုပျက်သုန်းသွားပြီဖြစ်တယ်။
ကျောင်းကျန်းက အံ့ကြိတ်လိုက်တယ်။ သူကရွှမ်းရုံ သူ့အဝတ်တွေကို
အေးဆေးဝတ်ပြီး အခန်းထဲက ထွက်သွားတာကို ကြည့်နေတယ်။ ရွှမ်းရုံက
အပြင်လူတွေ ပြောတာကို ဘာမှဂရုမစိုက်ဘူး။ ပြီးတော့
အေးအေးဆေးဆေးပဲ။ ကျန်ခဲ့တဲ့ကျောင်းကျန်းက တစ်ယောက်ထဲ ဒေါသတွေ
အရမ်းထွက်နေတယ်။ သူကကျန်းလီရဲ့ စိုးရိမ်နေတဲ့ အသွင်အပြင်ကိုကြည့်ပြီး
ဒေါသထွက်စွာနဲ့ သူကသူမကို ကန်ပြီးတော့ အော်နေတယ်။
“ဖာသယ်မ ”
ကျန်းလီက အနောက်ကို သတိနဲ့ပြန်ပြီး ဆုတ်လိုက်တယ်။ သူမက မိန်းကလေးပေမဲ့
သူမရဲ့အပျိုစင်ကို ကျောင်းကျန်းရှေ့မှာ ဆုံးရှုံးခဲ့ရပြီးပြီ။ အခု
လန်ကျောင်းအိမ်တော်ရဲ့ သခင်မလို့ သတ်မှတ်လို့ ရပြီဖြစ်ပြီး
သူမကသူမယောကျာ်းရဲ့ ရိုသေမှုနဲ့ သဘောကျမှုကို ဒီဘဝမှာ ဘယ်တော့မှ
ရမှာမဟုတ်တော်ဘူးဆိုတာ သိသွားတယ်။
လူအုပ်က လန်ကျောင်းအိမ်တော်ရဲ့ မင်္ဂလာခန်းမ အပြင်ဘက်မှာ
ကြည့်နေကြပြီး ဘာတွေဖြစ်နေလဲဆိုတာ ဆွေးနွေးနေကြတယ်။ လူနှစ်ယောက်က
လူအုပ်ထဲကနေ တွန်းပြီးထွက်လာတယ်။ တစ်ယောက်က သတိုးသမီးအစောင့်လို
ဝတ်ဆင်ထားပြီး နောက်တစ်ယောက်က အစေခံတစ်ယောက်လို့
ဝတ်ဆင်ထားတယ်။ ကျင်းစမ်းနဲ့ ကျင်းစီတို့ဖြစ်တယ်။
ကျင်းစမ်းက ကျင်းစီကိုကြည့်ပြီး မေးလိုက်တယ်။
“ငါအော်လိုက်တာ ကျယ်သင့်သလောက်တော့ ကျယ်တယ်မလား။ ”
ကျင်းစီက ခေါင်းညိတ်ပြီး ပြောလိုက်တယ်။
“မဆိုးပါဘူး။ ”
သူတို့နှစ်ယောက်လုံးက အချင်းချင်းကြည့်ပြီး ပြုံးနေကြပေမဲ့ ဒါကအစပဲ
ရှိသေးတယ်။ သူတို့သခင်က အရမ်းဒေါသထွက်ပြီး ရလဒ်အနေနဲ့ မြို့တော်ထဲမှာ
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက စတင်တော့မယ်။
လက်ရှိမှာ လန်ကျောင်းအိမ်တော်က အရမ်းရှက်ရွံ့စရာကောင်းတဲ့ ကိစ္စကို
ကြုံတွေ့ခဲ့ရတယ်။ ဒါ့အပြင် ဒီကိစ္စမှာ ပါဝင်တဲ့လူတိုင်းက သူတို့ကိုသူတို့
မလွတ်နိုင်ဘူးဆိုတာ သိသွားကြမှာဖြစ်တယ်။ သေရမဲ့လူက သေရမှာဖြစ်ပြီး
နန်းတော်ထဲက လူကတော့ လွတ်မြောက်ဖို့အတွက် နည်းလမ်းမရှိဘူး။
ရှောင်ချုံးက ပြုံးလိုက်တဲ့အချိန်မှာ ယမမင်းကတောင် သူ့ဘေးကနေ
ရှောင်သွားရတယ်။ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ထဲက မြင့်မြတ်တဲ့လူတွေက
လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ ဘဝကို သက်တောင့်သက်သာနဲ့
ဖြတ်သန်းခဲ့ရတာဖြစ်ပြီး သူတို့ကစိတ်လွတ်သွားကြပြီဖြစ်တယ်။ သူတို့ကအခု
ဒါကိုအခွင့်ကောင်းယူပြီးတော့ ဒါကဟုတ်မဟုတ်ဆိုတာ
ကြည့်လိုက်ကြရအောင်။
ရွှမ်းရုံက သူ့ရဲ့အိမ်တော်တစ်လျှောက် ကျယ်လောင်စွာ သီချင်းအော်ဆိုပြီး
ပြန်သွားတယ်။ မနေ့ညကသူက သူ့ကိုယ်သူအရမ်း ကြိုးစားပြီးတော့သူက
အားနည်းနေသလိုပဲ။ အိမ်ပြန်ရောက်တာနဲ့ သူကရေဆာသလို ခံစားလိုက်ရပြီး
စားပွဲပေါ်က လက်ဖက်ရည်ခွက်ကိုယူပြီး သောက်လိုက်တယ်။
ချန်ဖမ်းသူက တကယ်ပဲ အကောင်းဆုံး စိတ်ကြွဆေးလို့ ခေါ်ထိုက်တာပဲ။
သူကမနေ့ညက ကြမ်းကြမ်းတမ်းတမ်း လုပ်ခဲ့ပေမဲ့ သူကလက်ရှိမှာ ကဏှာမငြိမ်
ဖြစ်နေသလိုပဲ။ ဒါကြောင့်သူက ထလိုက်ပြီး သူ့ရဲ့တဏှာမီးတောက်ကို
ငြိမ်းသက်ဖို့ ကိုယ်လုပ်တော်တစ်ယောက်ကို ခေါ်ဖို့ထလိုက်တယ်။
သူကအခန်းပြင်ကို ထွက်တော့မဲ့အချိန်မှာ ရပ်လိုက်တယ်။ သူအိမ်တော်ထဲကို
ရောက်တဲ့အချိန်မှာ ဘယ်သူကမှ သူ့ကိုလာမနှုတ်ဆက်ဘူး။
သူ့ရဲ့အစေခံယောကျာ်း အစေခံမိန်းကလေးတွေ သူ့ရဲ့ကိုယ်လုပ်တော်တွေ
တစ်ယောက်မှ မလာကြဘူး။ တစ်အိမ်လုံးက အရမ်းတိတ်ဆိတ်နေတယ်။
ဘာအသံမှကို မကြားရဘူး။
ရွှမ်းရုံရဲ့ရင်ထဲမှာ ကြောက်လန့်မှုက ထွက်ပေါ်လာပြီး
သူကအရှေ့ကိုမသွားတော့ဘဲ ဆက်သွားနေတာကို ရပ်လိုက်တယ်။
သူကသူ့ရင်ထဲက သံသယက ကြီးထွားလာပြီး အော်ခေါ်လိုက်တယ်။
“ရှောင်လီ ရှောင်လီ ”
သူ့ရဲ့အစေခံ ယောကျာ်းက မတုန့်ပြန်ဘူး။ တစ်အိမ်လုံးမှာ ဘာတုန့်ပြန်မှုမှ
မကြားရဘူး။ အဲ့ဒီမှာဘယ်သူမှ မရှိသလိုဘဲ။ ရွှမ်းရုံက အခန်းထဲကနေ
အမြန်မထွက်သွားရဲဘူး။ ဒီတော့သူက ပြတင်းပေါက်ကိုသွားပြီး အပြင်ကို
ချောင်းကြည့်လိုက်တယ်။ သူချောင်းကြည့်တာနဲ့ သူက
ကြောက်စရာကောင်းတဲ့ မြင်ကွင်းကိုတွေ့လိုက်ရတယ်။ အနီရောင်အတန်းတွေက
ပြတင်းပေါက်အောက်မှာ ပြန့်နေတယ်။ ရွှမ်းရုံကနောက်ကို ကြောက်လန့်စွာနဲ့
ခြေနှစ်လှမ်း ဆုတ်လိုက်ပြီး သူ့နောက်က လိုက်ကာနဲ့ တိုက်မိသွားတယ်။
လိုက်ကာက ကျလာပြီး အဲ့ဒီနောက်က ယောကျာ်းတစ်ယောက်ကလည်း
ကျလာတယ်။ ရွှမ်းရုံက အလန့်တကြား အော်လိုက်တယ်။ မြေပြင်ပေါ်ကို
ကျလာတဲ့လူက သူ့ခန္ဓာကိုယ်ပေါ်မှာ ညှီနံ့နံနေပြီး သွေးတွေနဲ့ ဖုံးနေတယ်။
အဲ့ဒါကသူ့ရဲ့ ယောကျာ်းအစေခံ ရှောင်လီပဲ။
ရွှမ်းရုံ ကြက်သေသေသွားတယ်။ သူချက်ချင်းပဲ လှည့်လိုက်ပြီး အခန်းထဲကနေ
ထွက်သွားတော့မယ်လို့ ပြင်လိုက်တဲ့အချိန်မှာ အဲ့ဒါက
အရမ်းနောက်ကျသွားပြီဖြစ်တယ်။ အခန်းတံခါးကို အပြင်ကနေ
အကန်ခံလိုက်ရပြီး ဝတ်ရုံနက်လူနှစ်ယောက်က တံခါးဝမှာ ရပ်နေတယ်။
ပြီးတော့သူ့ကို အသက်မပါတဲ့အကြည့်နဲ့ ကြည့်နေတယ်။
“မင်းတို့က ဘယ်သူတွေလဲ။ ငါ့လူတွေက ဘယ်မှာလဲ။
ငါကမင်းသားတစ်ယောက်ကွ မင်းတို့ဘာလုပ်နေတာလဲ။ ”
ရွှမ်းရုံက ကြောက်လန့်မှုတွေနဲ့ ပြည့်နေတယ်။ လူနှစ်ယောက်ကသူ့ကို
သူ့ဆီရောက်လာပြီး ငယ်သံပါအောင် အော်တဲ့အသံတစ်သံကို
ကြားလိုက်ရတယ်။ မြို့တော်ထဲမှာ လန်ကျောင်းရဲ့ မင်္ဂလာပွဲ ဒုတိယမြောက်နေ့မှာ တစ်မြို့လုံးက ကောလဟာလတွေနဲ့ ပြန့်နေတယ်။
တစ်ဖက်မှာ တစ်ချို့က ကျိုးလန်ကျောင်းက ဖြောင့်မတ်ပြီး
ကောင်းတဲ့လူတစ်ယောက် ဖြစ်ပုံပေါ်ပေမဲ့ သူတို့က စာအုပ်တစ်အုပ်ကို
ဘယ်တော့မှ အဖုံးကိုကြည့်ပြီး မဆုံးဖြတ်သင့်ဘူး။ သူက ရွံကစရာကောင်းတဲ့
အစွဲအလမ်းတစ်ချို့ရှိတယ်။ သူ့ရဲ့ မိန်းမကို အပြင်လူတွေနဲ့ အတူတူ
ချစ်ရည်လူးတာက အရမ်းရွံ့စရာ ကောင်းတာပဲ။ ယောကျာ်းတွေက
သူတို့ရဲ့လျို့ဝှက် အစွဲအလမ်းတွေရှိတာ မမှာပါဘူး။ ဒါပေမဲ့ ဒီသူ့ရဲ့
မယားကြီးကို ဒီလိုမျိုးနည်းလမ်းနဲ့ ကစားတာက အရမ်းရွံ့စရာ
ကောင်းတာပဲ။ တစ်ဖက်မှာလည်း ကျိုးလန်ကျောင်းက သူ့ရဲ့မိန်းမ
ဖောက်ပြန်တာကို လက်ခံပြီးတော့ သူကသူ့မိန်းမကို မကွာရှင်းသလို
တဏှာကြီးတဲ့ မင်းသားကိုလည်း ဘာပြဿနာမှ မရှာဘူး။ ဒါတွေကြောင့်
ကျန်းလီက ခေါင်းမဖော်ရဲဘူး ဖြစ်နေတယ်။ သူမက သူမအခန်းထဲမှာပဲ
တစ်နေကုန် နေနေပြီး အပြင်ကို မထွက်ရဲဘူး။ လန်ကျောင်းအိမ်တော်ရဲ့
အစေခံတွေကလည်း သူမကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်နေကြတယ်။
ကျိုးလန်ကျောင်းကတော့ ပြောမနေနဲ့။ သူမကို အကြောင်းမဲ့
ဆူလိုက်ရိုက်လိုက်နဲ့ပဲ။ သူမရဲ့ နေ့စဉ်ဘဝက အရမ်းခက်ခဲတယ်။ ဒါ့အပြင်
ကျန်းချွမ်ကလည်း ဒီအခြေအနေကို ကြားပြီးတော့
အရမ်းဒေါသထွက်သွားပြီး ကျန်းလီကိုဆူနေတယ်။ ဝန်ကြီးချုပ်တွေ
အကုန်လုံးကသူ့ကို အထင်သေးတဲ့အကြည့်နဲ့ ကြည့်နေကြပြီး
တော်ဝင်ကြင်ယာတော် ချန်ကလည်း ဧကရာဇ်ကို လန်ကျောင်းအိမ်တော်က
အပျော်အပါးမက်တဲ့ နေရာလိုမျိုး ဖြစ်နေလို့ ဧကရာဇ်ကို အစီရင်ခံစာ
တင်ပြနေရပြီး ကျန်းချွမ်းကိုလည်း သူ့ကလေးတွေကို
ကောင်းကောင်းမဆုံးမလို့ ဆူနေခဲ့တယ်။