Part 123(1)

1.6K 166 2
                                    

Unicode

Part 169

အခန်း(၁၂၃)(က)

နန်းတော်ရဲ့ကျင်းရီခန်းမက တောင်ပိုင်း ဥယျာဉ်ရဲ့အဆုံးမှာ ဆောက်ထားတာဖြစ်တယ်။ ဝေးခေါင်တဲ့နေရာမှာ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ရှိပြီး လေကလန်းဆန်းတယ်။ အဲ့ဒါက နန်းတော်ထဲမှာ သုခဘုံလေးတစ်ခုဖြစ်ပြီး အရင်ဧကရာဇ် အသက်ရှိတုန်းက သူကဒီမှာ ခြံဝန်းတစ်ခု ဆောက်ဖို့စဉ်းစားခဲ့တယ်။ ဒါပေမဲ့ နန်းတော်ရဲ့ ဖန်းရွှေကို ပျက်စီးသွားမှာစိုးလို့ သူကအဲ့အကြံကို စွန့်လွှတ်ခဲ့ရတယ်။
အခုဒီ သုခဘုံလေးက ထပ်ပြီးတော့ အသုံးပြုပြီး အဲ့ဒါက ဘုရားကျောင်းအဖြစ် ပြန်ဆောက်ခဲ့တယ်။ ဒီကနေ ဘုရားကျောင်းရဲ့သခင်က နန်းတော်ထဲမှာ မြင့်မားတဲ့ အဆင့်အတန်းရှိတယ်ဆိုတာ သိသာစေတယ်။
ရမ်ကုကုက ကျန်းယွမ်ကို ကျင်းရီခန်းမကိုခေါ်လာပြီး ဘုရားကျောင်းက ကိုရင်လေးတွေနဲ့ စကားပြောနေတဲ့ အချိန်မှာ ကျန်းယွမ်ကဝင်သွားတယ်။ ဘုရားကျောင်းရဲ့ ခန်းမထဲမှာ အဖြူရောင် ဗုဒ္ဓရုပ်ပွားတော်ရှိပြီး နန်းတော်ရဲ့သမိုင်းမှာ ပထမဆုံးအကြိမ် အဆောက်အအုံးတစ်ခုထဲမှာ ဘုရားကျောင်း ရှိနေခဲ့တာဖြစ်တယ်။ အနီရောင်သင်္ကန်းဝတ်ထားတဲ့ ဘုန်းတော်ကြီးတစ်ပါးက တိတ်ဆိတ်စွာနဲ့ ထိုင်နေတယ်။ သူ့လက်ထဲမှာ ပုတီးတစ်ကုံးရှိပြီး သူကမျက်စိမှိတ်ထားပြီး တိတ်ဆိတ်စွာနဲ့ ထိုင်နေတယ်။ ခန်းမထဲမှာ အစိမ်းရောင်မီးခိုးတွေ လွင့်နေပြီး အဲ့ဒါက ဝိညာဉ်လောက ဆန်နေတယ်။
ကိုရင်လေးက ဘုန်းတော်ကြီးဆီကိုသွားပြီး သူနဲ့စကားနည်းနည်း ပြောခဲ့တယ်။ ဘုန်းတော်ကြီးက မျက်စိဖွင့်လိုက်ပြီး သူကသူ့ရှေ့မှာ ရပ်နေတဲ့သူကို မှတ်မိသွားတယ်။ သူ့ရဲ့ ဖော်ရွေတဲ့မျက်နှာပေါ်မှာ စိုးရိမ်မှုက ဖြတ်သွားတယ်။
ကိုရင်လေးက သူ့ရဲ့ဆရာပြောတာကို နားထောင်ပြီးတော့ ကျန်းယွမ်ဆီ လာပြီးပြောတယ်။
“အလှူရှင် ဆရာကဒကာမလေးကို အတွင်းထဲက အခန်းကိုလာပြီး ကျန်းစာရွတ်တာကို နားထောင်ဖို့ ဖိတ်လိုက်တယ်။ ”
ကျန်းယွမ်က လက်အုပ်ချီလိုက်ပြီး ကိုရင်လေးကို ကန်တော့ခဲ့တယ်။ ဒါကိုမြင်တော့ ရမ်ကုကုကသူမကို ပြုံးပြီးကြည့်လိုက်တယ်။ ပြီးတော့ ကျန်းယွမ်က ကိုရင်လေးနောက်ကို လိုက်သွားတယ်။
အတွင်းပိုင်းခန်းထဲမှာ သစ်သားစားပွဲရှိပြီး အဲ့ပေါ်မှာ သစ်သားကျည်တောက်ရှိပြီး ကျန်းစာ စာအုပ်တွေ အများကြီးလည်းရှိတယ်။
ဘုန်းတော်ကြီးက အခန်းထဲကိုဝင်လာပြီး စားပွဲဘေးမှာ ထိုင်လိုက်တဲ့အချိန်မှာ ကျန်းယွမ်က စားပွဲရှေ့မှာ ထိုင်နေတယ်။ အပြင်ကနေ ဘုန်းတော်ကြီး ဘုရားစားရွတ်နေတဲ့အသံကို ကြားရတယ်။ ပြီးတော့ ခန်းမကို ပြန်ဆောက်ထားတာက ရှေးကျတဲ့ပုံပေါ်ပြီး အရမ်းဘာသာရေးဆန်တယ်။
ကျန်းယွမ်က ပြုံးပြလိုက်တယ်။
“ကျွန်မတို့အချင်းချင်း တွေ့ခဲ့တာ ဘယ်နှစ်နှစ်တောင် ကြာသွားပြီလဲ။ မဟာဆရာတော် ရှင်လိုချင်တာကို ရတဲ့အတွက် ဂုဏ်ယူပါတယ်။ ”
ဝမ်ကျော့ရဲ့အသက်ရှုသံက သူ့ရှေ့ကလူကို ကြည့်နေရင်း မှင်သက်သွားတယ်။ အနီရောင် အဝတ်အစားတွေနဲ့ မိန်းမပျိုလေးက ပိုပြီးတော့တောင် အရမ်းလှလာပြီး သူကဖော်ပြလို့တောင် မရဘူး။ အနီရောင်ဝတ်စုံနဲ့ မိန်းမပျိုလေးက အရင်က သုံးနှစ်ကထက်တောင်ပိုပြီး လှပလာပြီး သူကအဲ့ဒါကို ဖော်ပြဖို့တောင် မတက်နိုင်ဘူး။ ဒါပေမဲ့သူမရဲ့ မျက်ဝန်းထဲမှာ အေးစက်မှုရှိနေပြီး သူမရဲ့ သိမ်မွေ့တဲ့အပြုံးအောက်မှာ လှောင်ပြောင်တဲ့ အရိပ်အယောင် ရှိနေတဲ့ပုံရတယ်။
သူကလက်အုပ်ချီလိုက်ပြီး ခေါင်းငုံ့ပြီး နှိမ့်ကျတဲ့လေသံနဲ့
“အမိထာဘာ ”
“မဟာဆရာတော်က ဗုဒ္ဓကို ကိုးကွယ်နေတာလား။ ဒါမှမဟုတ် ကျွန်မကို ကိုးကွယ်နေတာလား။ ”
ကျန်းယွမ်က စားပွဲပေါ်က ဝါးကျည်တောက်ကို ယူလိုက်ပြီး နည်းနည်းလှုပ်လိုက်တယ်။ အထဲက ဝါးချောင်းလေးတွေက လှုပ်ခါသွားပြီး စိတ်ဆင်းရဲတဲ့ အသံတစ်သံ ထွက်ပေါ်လာတယ်။ အသံတစ်ခုချင်းစီက ဝမ်ကျော့ရဲ့ရင်ထဲမှာ ပြင်းထန်တဲ့ တံခါးခေါက်သံလိုပဲ။
မဟာဆရာတော် လွန်ခဲ့တဲ့သုံးနှစ်က ဘာခံစားမှုမှမရှိတဲ့ မဟာဆရာတော်က ချွေးစေးတွေ နဖူးမှာပျံလာတယ်။ သူကကျန်းယွမ်ကိုကြည့်ပြီး ပြောလိုက်တယ်။
“အလှူရှင်ဒကာမလေးက ဗုဒ္ဓရွေးချယ်ထားတဲ့ တစ်ယောက်ဖြစ်ပြီး ဒီဘုန်းတော်ကြီးက ဗုဒ္ဓရဲ့ဆန္ဒကို လိုက်နာတယ်။ ”
ကျန်းယွမ်က ပြုံးလိုက်တယ်။
“မဟာဆရာတော်က တကယ်ပဲ ထင်ပေါ်ကျော်ကြားတဲ့ ဘုန်းကြီးပဲ။ ”
ဝမ်ကျော့က တိတ်ဆိတ်နေတုန်းပဲ။ လွန်ခဲ့တဲ့သုံးနှစ်က စာပို့တဲ့လူက သူ့ကိုစာတစ်စောင် ပို့ခဲ့ပြီး အဲ့ဒါကကျန်းယွမ်ဆီကဖြစ်တယ်။ စာရွက်အသေးစိတ်ထဲမှာ နန်းတော်ထဲမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ အကြီးကြီးတွေရော အသေးလေးတွေရောပါတယ်။ သတိကြီးကြီးထားတဲ့ လူဖြစ်တဲ့ဝမ်ကျော့က အစတုန်းကဒါတွေကို တစ်ခုမှမယုံခဲ့ဘူး။ ပြီးတော့ နေ့စဉ်ဖြတ်ကျော်လာခဲ့ပြီးတော့ စာထဲမှာပါတဲ့ အဖြစ်အပျက် အသေးစိတ်က တကယ်ဖြစ်နေတာကို တွေ့ခဲ့တယ်။ ဒါကြာင့်ဝမ်ကျော့ စာထဲမှာရေးထားတဲ့ အဖြစ်အပျက်တွေ အကုန်လုံးကို ယုံကြည်ခဲ့တယ်။ သူကလူတွေကြားထဲမှာ ပုန်းကွယ်နေပေမဲ့ ဒီထင်ပေါ်ကျော်ကြားတဲ့ ဘုန်းတော်ကြီးက နန်းတော်ထဲမှာ မကြာခဏ ကြားနေရပြီး သူ့ကိုဧကရာဇ်က ပင့်ခဲ့တာဖြစ်တယ်။ သူ့ရဲ့ ရွှန်းရွှန်းဝေအောင်ပြောတတ်တဲ့ လျှာနဲ့ဒီစာရွက်လေး တစ်ရွက်ပေါ်ကို အားကိုပြီး သူက သုံးနှစ်တာ အချိန်ကိုဖြတ်ကျော်ခဲ့ပြီးသူက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ ဘယ်တုန်းကမှ ခန့်မှန်းတာမမှားတဲ့ ဝမ်ကျော့ဆိုတဲ့ ဘုန်းတော်ကြီးနာမည်ကို သိလာကြတယ်။ ဒါကြောင့် တစ်ဆင့်ချင်းတစ်ဆင့်ချင်း ဝမ်ကျော့က နောက်ဆုံးမှာ မဟာဆရာတော်ဆိုတဲ့နေရာကို ရခဲ့တယ်။
ဝမ်ကျော့ ခေါင်းမော့လိုက်ပြီး ကျန်းယွမ်ကိုကြည့်လိုက်တယ်။ လွန်ခဲ့တဲ့သုံးနှစ်က ကျန်းယွမ်ကသူ့ကို မရေမတွက်နိုင်အောင် အကန့်အသတ်မရှိတဲ့ ကျော်ကြားမှုမျိုးနဲ့ အဆင့်အတန်းကို ပေးချင်တယ်လို့ ပြောခဲ့တယ်။ သူ့ကိုလေးစားခံရပြီး အချစ်ခင်ခံရတဲ့ မြင့်မြတ်တဲ့နေရာ ပေးမယ်လို့ပြောခဲ့တယ်။ အဲ့ဒီအကြောင်းကို အခုစဉ်းစားကြည့်ရင် ဒါကမမျှော်လင့်တဲ့ အနေအထားကနေ တကယ်ဖြစ်လာခဲ့တာ။ ဝမ်ကျော့က ကျန်းယွမ်ကိုကြည့်နေရင်း ဘယ်လိုလုပ်ပြီး သာမာန်လူက ဟောကိန်းဟောနိုင်မှာလဲ။ ဒါပေမဲ့ကျန်းယွမ်က တကယ်ပဲဒီလိုမျိုး ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်တယ်။ ဝမ်ကျော့က ဒီကမ္ဘာပေါ်မှာ အလကားရတာ ဘာမှမရှိဘူးဆိုတာ သိတယ်။ ကျန်းယွမ်ကသူ့ကို ဘာရည်ရွယ်ချက်မှ မရှိဘဲမကူညီဘူး။ သူမကို ပြန်ပြီးတော့ ပေးဆပ်ခိုင်းတဲ့နေ့က ပြန်ရောက်လာမှာပဲ။ အခုကျန်းယွမ်က ပြန်လာပြီ။ ပြီးတော့သူမက သူမစောင့်ဆိုင်းခဲ့တဲ့အရာကို လာပြီးပြန်သိမ်းယူတယ်။
ကျန်းယွမ်ကပြုံးပြီး ဂရုစိုက်စွာ ပြောလိုက်တယ်။
“အခုမဟာဆရာတော်ဆိုတဲ့ နေရာကို ရသွားပြီဆိုတော့ အဲ့ဒါက သခင်လေးရဲ့ ကျန်းမာရေးကလည်း ပိုကောင်းလာပြီဆိုတဲ့ သဘောပဲ။ ”
ဝမ်ကျော့က အံ့အားသင့်သွားတယ်။ သူ့သားက သူတို့ရဲ့အသက်ပဲ။ လက်ရှိမှာသူတို့က အချင်းချင်း ဆရာနဲ့တပည့်ခေါ်ကြပြီး ဧကရာဇ်ကလည်းသူ့ကို အကြွင်းမဲ့ယုံတယ်။ ဒါကြောင့် အဲ့ဒါကသူ့ကို တော်ဝင်သမားတော်တွေဆီကို အပ်နိုင်ပြီး အရင်တုန်းက ရှားပါးတဲ့ ဆေးတွေကလည်း နန်းတော်ထဲမှာ ရှိခဲ့တယ်။ တစ်ခါတစ်ရံမှာ သူ့သားရဲ့ အခြေအနေက သက်သာလာပြီး သူ့ခန္ဓာကိုယ်ကို အရင်ကလောက် အားမနည်းတော့ဘူး။ ပုတီးကိုကိုင်တဲ့လက်က တုန်ယင်လာပြီး သူကပြောလိုက်တယ်။
“ဒီအလှူရှင်ဒကာမလေးက ဘာကိုတောင်းဆိုချင်တာလဲ။ ”
“မဟာဘုန်းတော်ကြီး ကျွန်မက ဗုဒ္ဓဘာသာကို မယုံကြည်ဘူး။ ဒါကြောင့်ကျွန်မကို ဘုရားစာလည်း ရွတ်ပြစရာမလိုဘူး။ ”
ကျန်းယွမ်ရဲ့အသံက ပေါ့ပါးပေမဲ့ ဝမ်ကျော့က သူမရဲ့စကားတွေကို ခံစားမိတယ်။ ဒီဖိအားနဲ့ သူမကသူ့ကို သေသေချာချာသိချင်လို့ ခေါ်လိုက်တာဖြစ်တယ်။ သူက အံ့ကြိတ်လိုက်ပြီး ဝမ်ကျော့ကို ဒီနိမ့်ကျတဲ့လူက ကျွမ်းကျူကို အလုပ်အကျွေးပြုဖို့ အကောင်းဆုံးလုပ်မှဖြစ်မယ်။ နောက်ပြီးကျန်းယွမ်က သူမလက်ထဲက ဝါးကျည်တောက်ကို စားပွဲပေါ်ချလိုက်တယ်။ သူမက ဝါးကျည်တောက်ထဲက တစ်ခုကို ဝမ်ကျော့ရှေ့ကို ချပြီးပြောလိုက်တယ်။
“ကျွန်မဘာကို ဆွဲလိုက်တာလဲ။ ”
ဝမ်ကျော့က ခဏလောက် လန့်သွားတယ်။ သူမကိုကြည့်ရင်း သူကပြောတယ်။
“ကျွမ်းကျူက အများကြီးဆွဲခဲ့ပြီး အဖြေကို … ”
“ဒီဟာက ကျွန်မအတွက် မဟုတ်ဘူး။ ”
ကျန်းယွမ်က အေးစက်စွာပြောလိုက်တယ်။
“အဲ့ဒါက အိမ်အတွက်ဖြစ်ပြီး နိုင်ငံရဲ့ ကိစ္စအတွက်လည်းဖြစ်တယ်။ တကယ်လို့ အိမ်ကိစ္စကလည်း နိုင်ငံရေးကိစ္စဖြစ်ရင် ဧကရာဇ်မိသားစုရဲ့ ကိစ္စဖြစ်ပြီး အဲ့ဒါက အတွင်းပိုင်း နန်းတော်နဲ့ ဆိုင်တယ်လို့ ပြောတာမဟုတ်ဘူးလား။ ”
ဝမ်ကျော့က သံသယရှိစွာနဲ့ ကြည့်ပေမဲ့ သိမ်မွေ့စွာ ပြောလိုက်တယ်။
“ဒီကျွမ်းကျူက နန်းတော်ရဲ့ အရှေ့ပိုင်းမှာ အတိတ်မလွင့်ကောင်းတဲ့ ရောင်ဝါတွေ စွဲကပ်တာမြင်နေရပြီး အဲ့ဒါကဧကရာဇ်ကို ဒုက္ခရောက်စေလိမ့်မယ်။ မဟာဘုန်းတော်ကြီးက ရိုးရာဓလေ့ထဲက ကျောင်းတော်ကို ဖျော်ဖြေနိုင်မယ်ထင်တယ်။ ”
ကျောင်းတော်က တကယ့်နဂါးမဟုတ်ပေမဲ့ နဂါးအဖြစ်ပြောင်းဖို့ အဆင့်တစ်ဆင့်ပဲ လိုတာဖြစ်တယ်။ အဲ့ဒါက ထီးနန်းကို လုယူမယ်လို့ သွယ်ဝိုက်ပြီးပြောတာဖြစ်တယ်။ ဝမ်ကျော့ရဲ့မျက်လုံးတွေ တဖြတ်ဖြတ်ခတ်သွားပြီး တစ်ယောက်ယောက်က ပုန်ကန်ဖို့ ကြိုးစားနေတယ် ဟုတ်လား။ ဒါက အတွင်းပိုင်းနဲ့ ဘာဆိုင်လို့လဲ။
“စီမံနန်းတော်က အရှေ့ဘက်မှာရှိတယ်။ ”
ကျန်းယွမ်ကပြောတယ်။
“ပြီးတော့ ကျောင်းတော်က နဂိုကတည်းက အရမ်းလှတဲ့ သတ္တဝါပဲ။ ”
ကျန်းယွမ်ရဲ့စကားတွေက ပြီးသွားတာနဲ့ ဝမ်ကျော့ကနေရာမှာ ကြက်သေသေသွားတယ်။ ကျန်းယွမ်ရဲ့ စကားတွေက အတွင်းပိုင်းနန်းတော်က လူတစ်ယောက်ကို မမြင်ရတဲ့ သတ္တဝါတွေကို အကြောင်းပြုပြီး လူပုံအလယ်မှာ အရှက်ကွဲစေချင်တာဖြစ်တယ်။ ပြီးတော့ ဆိုလိုတာက လက်ရှိမကောင်းတဲ့ ကပ်ဘေးရှိနေတာက စီမံနန်းတော်ထဲမှာဖြစ်ပြီး နန်းတော်ထဲက အချစ်ခံရဆုံးဖြစ်တဲ့ တော်ဝင်ကြင်ယာတော်ချန်ဖြစ်တယ်။ ဧကရီကတောင်မှ သူမနဲ့ပတ်သတ်ပြီး ဇနိုးဇနောင့် ဖြစ်နေတာဖြစ်တယ်။ ဝမ်ကျော့က နန်းတော်ထဲမှာ ချိုးခြံတဲ့ဘဝနဲ့ နေထိုင်ခဲ့တာဖြစ်ပေမဲ့ သူကလက်ရှိ နိုင်ငံရေးအခြေအနေကို လုံးဝမသိတာ မဟုတ်ဘူး။ သူကဧကရာဇ်က လက်ရှိအိမ်ရှေ့စံကို လုံးဝသဘောမကျဘူး။ ပြီးတော့ အချစ်ခံရဆုံး တော်ဝင်ကြင်ယာတော်ချန်ရဲ့ မင်းသားရှစ်ရွှမ်းလီနဲ့ ပြောင်းလဲဖို့ လုပ်နေတာကို သိတယ်။ တော်ဝင်ကြင်ယာတော်တစ်ရဲ့ ငါးယောင်မြောက်မင်းသား ရွှမ်းဟာကလည်း အဲ့ဒီအရွေးခံထားရတဲ့ထဲမှာ ပါတယ်။ ဒီအချိန်မှာ မင်းသားရှစ်ရွှမ်းလီရဲ့ အခြေအနေက သူသဘောကျနေတဲ့ထဲမှာပါတယ်။
တကယ်လို့သူက တော်ဝင်ကြင်ယာတော်ချန်ကို ဆန့်ကျင်ရင် အဲ့ဒါကသူ အနာဂတ် ဧကရာဇ်ရဲ့ မွေးမိခင်ကို ဆန့်ကျင်တာဖြစ်တယ်။ အဲ့ဒါကသူ့ကို ပြဿနာအရမ်း ဖြစ်စေမှာဖြစ်တယ်။ ဘုန်းတော်ကြီးဝမ်ကျော့က မျက်မှောင်ကြုတ်လိုက်ပြီး ဆက်ပြီး တိတ်ဆိတ်နေတယ်။
“အခုတလော မဟာဘုန်းတော်ကြီးက ရှင်ဆုတောင်းသလောက် မဖြစ်နိုင်ဘူးဆိုတာကို စပြီးခံစားနေရပြီလား။ ”
ကျန်းယွမ်က ဂရုမစိုက်စွာ ပြောလိုက်တယ်။
“တကယ်လို့ကျွန်မသာ ကောင်းကင်ဘုံရဲ့ ထူးခြားဆန်းကြယ်မှုကို စပ်စုချင်တယ်ဆိုရင် ကျွန်မရဲ့ စွမ်းဆောင်ရည်က အနာဂတ်ကို မြင်နိုင်တယ်။ မဟာဘုန်းတော်ကြီးက ဒီလိုမျိုး မလုပ်နိုင်ဘူးဆိုရင် တစ်ခြားလုပ်နိုင်တဲ့သူကို ရှင့်ရဲ့နေရာကိုပေးပြီး ပြောင်းခန့်လိုက်တော့မယ်။ ဘုန်းတော်ကြီးတွေက အများကြီးရှိပြီး မဟာဘုန်းတော်ကြီးက ဗုဒ္ဓရဲ့ အလိုဆန္ဒကို သယ်ဆောင်နိုင်တဲ့ လူတစ်ယောက် မဟုတ်တာ ဖြစ်နိုင်တာပဲ။ ”
တည်ငြိမ်ပြီး အေးဆေးတဲ့ အမူအရာနဲ့ ကျန်းယွမ်က သူ့ကိုကြည့်ပြီး ပြောလိုက်တယ်။
“ဒါပေမဲ့ သခင်လေးအတွက်ကတော့ သနားစရာပဲ။ …. သူကနန်းတော်ကနေ ထွက်သွားတာနဲ့ သူကဆက်ပြီးတော့ ကျန်းမာရေး ကောင်းမကောင်း ဘယ်သူသိမှာလဲ။”
ကျန်းယွမ်ရဲ့စကားတွေက ဝမ်ကျော့ရဲ့ စိတ်ထဲကို တိုက်ရိုက်ထိုးနှက်လိုက်သလိုပဲ။ တကယ်ပဲ ဧကရာဇ်က ဝမ်ကျော့ကို အရမ်းယုံကြည်ခဲ့ပြီး သူ့ရဲ့သဘောထားတွေနဲ့ ကိစ္စတွေအများကြီးကို တိုင်ပင်ခဲ့တယ်။ ဒါ့အပြင် ကျန်းယွမ်ကသူ့ကို အဲ့ဒီအဖြစ်အပျက်တွေကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းတွေ ပေးခဲ့ပြီး သူမက အဲ့ဒါတွေအကုန်လုံးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသလိုပဲ အကုန်လုံးကစာထဲမှာ ကောင်းကောင်းရေးပြီးသွားပြီ။ သူက အခြေအနေတွေကို ဒီလိုမျိုး ကျော်ဖြတ်ခဲ့ရပြီး ဧကရာဇ်ကသူ့ကို ပိုပြီးတော့တောင် သဘောကျလာပြီး သူ့ရဲ့မဟာဆရာတော်နေရာက ခိုင်မြဲလာတယ်။ ”
သုံးနှစ်ပြီးဆုံးသွားပြီးတော့ စာထဲမှာရေးထားတဲ့ အခြေအနေက ဒီတစ်ကြိမ်တော့ မပါခဲ့ဘူး။ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ဘာမှရေးမထားဘူး။ ဝမ်ကျော့က လူလိမ်ဖြစ်ပေမဲ့ သူက ကောင်းကင်ဘုံရဲ့ ထူးဆန်းမှုတွေကို မစပ်စုနိုင်ဘူး။ သုံးနှစ်ပြီးတော့ ဧကရာဇ်က သူ့ကိုဆက်ပြီးတော့ ယုံကြည်နေပေမဲ့ ဧကရာဇ်က ဘာမှပြောစရာမရှိဘူး။ ဘာလို့လဲဆိုတော့ ဝမ်ကျော့က ကျန်းဟူမှာ ဒီလောက်နှစ်တွေအများကြီး နေခဲ့ပြီးတော့ သူကသူခန့်မှန်းတာ မလွဲခဲ့လို့် သူကဘာမှမပြောနိုင်ဘဲ မလွဲခဲ့ဘူးလို့ အများကယုံကြည်ထားလို့ သူက ဧကရာဇ် တစ်ခုခုလာမေးတိုင်းသူက အကြောင်းပြချက်တွေ တစ်ခုပြီးတစ်ခု ပေးခဲ့ရတယ်။ ဒါပေမဲ့ တကယ်လို့ ဒီတိုင်းပဲ ဆက်ဖြစ်နေမယ်ဆိုရင် သံသယက စတင်မြင့်တက်လာမှာဖြစ်တယ်။ ပြီးတော့အဲ့ဒါက တကယ်လို့ အဲ့လိုမဟုတ်ရင်သူက အသုံးမကျတော့တဲ့လူ ဖြစ်လာမှာဖြစ်ပြီး ဧကရာဇ်ကသူ့ကို တန်ဖိုးထားမှာ မဟုတ်တော့ဘူး။
နန်းတော်ကနေ ထွက်သွားရမယ်ဆိုရင် သူ့သားက နန်းတော်ထဲမှာ တန်ဖိုးရှိတဲ့ ဆေးကုန်ကြမ်းတွေကို ဆုံးရှုံးရမှာဖြစ်ပြီး သူတို့ရဲ့အနာဂတ်က ဘယ်လိုဖြစ်မလဲဆိုတာ မသိတော့ဘူး။ ဒါ့အပြင်သူ့ရဲ့ ဂုဏ်သတင်းကြီးတဲ့ မဟာဆရာတော်ဆိုတဲ့ နေရာမှာသူက နန်းတော်ထဲက လူတစ်ချို့ကို ဆန့်ကျင်ခဲ့ပြီး တစ်ခြားလူတွေကို သက်တောင့်သက်သာ မဖြစ်စေခဲ့လောက်ဘူး။ လက်ရှိမှာ ဧကရာဇ်က သူ့ရဲ့လုံခြုံမှုကို အာမခံချက် ပေးထားတယ်။ သူကအဲ့ဒါကို ဆုံးရှုံးတာနဲ့ ဘယ်လိုမျိုး မမျှော်လင့်ထားတဲ့ ကံဆိုးမှုတွေက သူ့အပေါ် ကျရောက်လာမယ်ဆိုတာ သူမသိဘူး။
ကျန်းယွမ်ရဲ့စကားတွေက ဝမ်ကျော့ရဲ့ အားနည်းတဲ့နေရာတွေ အကုန်လုံးကို တိုက်ခိုက်လိုက်ပြီး ကျန်းယွမ်ကသူ့ကို မဟာဆရာတော်နေရာကို တွန်းပို့ပေးခဲ့တော့ သူမကတစ်ယောက်ယောက်ကို ဒီနေရာကို တွန်းပေးဖို့ သူမက တက်နိုင်မှာပဲ။ သူမရဲ့ နည်းလမ်းတွေနဲ့ မကောက်ကျစ်တဲ့ ဟောကိန်းတွေနဲ့ဆိုရင် အဲ့ဒါက အေးအေးဆေးဆေး။
ဝမ်ကျော့က ခေါင်းငုံ့လိုက်ပြီး ပြောလိုက်တယ်။
“ကျွန်တော် ကျွမ်းကျူကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို ခွင့်လွတ်ပေးပါ။ ”
“မဟာဘုန်းတော်ကြီးက စိတ်ပူနေတာကို ကျွန်မသိပါတယ်။ ”
ကျန်းယွမ်ကပြောပြီး ရုတ်တရက် သူ့နားကို ကပ်လိုက်တယ်။ အရမ်းတိုးတဲ့ အသံနဲ့ သူမကပြောလိုက်တယ်။
“အဲ့ဒီနေရာက မင်းသားရှစ်နဲ့ မထိုက်တန်ဘူး။ ”
ဝမ်ကျော့က ခေါင်းမော့လိုက်ပြီး ရုတ်တရက် ကျန်းယွမ်ကို စိုက်ကြည့်လိုက်တယ်။ သူကသူမကို မကျေမချမ်းနဲ့ ကြည့်လိုက်ပြီး မေးလိုက်တယ်။
“ဒါက……ဒါကလည်း ဟောကိန်းတစ်ခုပဲ။ ”
ကျန်းယွမ်က အသက်မဲ့စွာ ပြောလိုက်တယ်။
တကယ်တော့ သူမရဲ့အရင်ဘဝမှာ အဲ့ဒါတကယ်ပဲ ရွှမ်းလီက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အာဏာတွေ အကုန်လုံးကို ရခဲ့တာပဲ။ ဒါပေမဲ့သူမက ဒီလိုမျိုး အခြေအနေမျိုးကို ထပ်ဖြစ်စေမှာ မဟုတ်ဘူး။ တော်ဝင်ကြင်ယာတော်ချန်က နန်းတော်ထဲမှာ သူမရဲ့ အပစ်မရှိတဲ့ပုံစံကို ဆက်ပြီး ရှိနေချင်သေးတာမလား။ ဧကရာဇ်ရှေ့မှာ သူမကသူမရဲ့သားကို ထီးနန်းပေးဖို့ စိတ်မဝင်စားသလိုမျိုး ဟန်ဆောင်နေပြီး အခုတော့ ကျန်းယွမ်က သူမရဲ့လှပပြီး ကျက်သရေရှိတဲ့ မျက်နှာဖုံးကို အချိန်မတန်သေးဘဲ ချွတ်ပစ်မျာစိုးနေတယ်။ အဲ့သားအမိနှစ်ယောက်က ဒီနိုင်ငံအတွက် ကပ်ဘေးဆိုရင် သူတို့နှစ်ယောက်က ဘာဖြစ်မလဲ။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Dove le storie prendono vita. Scoprilo ora