အခန်း (၁၅၇)
အသွင်အပြင်လေးတစ်ခုက ရှေ့ကိုထွက်လာတာကို မြင်လိုက်ရတယ်။
အကုန်လုံးက ရွှမ်ဖေးကို မြင်လိုက်ရတာ အံ့အားသင့်နေကြတယ်။ ၁၃ယောက်မြောက်မင်းသားက ဘယ်တော့မှ အဲလိုမျိုးကြီး ထွက်မလာဘူး။ တကယ်လို့ ရွှမ်းလန်က အသုံးမဝင်တဲ့ မင်းသားဆိုရင် သူကနည်းနည်းတော့ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပြီးတော့ အနိုင်ကျင့် မခံရဘူး။ ဒီ၁၃ယောက်မြောက် မင်းသားရွှမ်ဖေးက အဆင့်နိမ့် နန်းတွင်းအစေခံဆီကနေ မွေးဖွားလာတာဖြစ်တယ်။ အခုသူ့ရဲ့အမေက ဆုံးသွားပြီဖြစ်ပြီးတော့ သူ့ကိုဘယ်သူမှ ဂရုမစိုက်ကြဘူး။ နန်းတော်ထဲမှာ သူ့နာမည်ကိုခေါ်ရင် ဘယ်သူကမှ သူနန်းတော်ထဲမှာ ရှိနေအုံးမယ်လို့ ထင်မှာမဟုတ်ဘူး။
ရွှမ်ဖေးက ဒီနေ့မှာတော့ သူကောင်းကောင်း ဝတ်ဆင်ထားပြီး ကြာပန်းရောင် အဝတ်အစား ဝတ်ဆင်ထားတယ်။ သူ့ရဲ့ အပြာရောင် ကြာပန်းရောင်က တည်ကြည်ပြီး ဂုဏ်သိက္ခာရှိတဲ့ပုံပေါ်ပြီး အခုရွှမ်ဖေးက ငယ်ငယ်လေးနဲ့ ဒီလိုမျိုး ထူးခြားတဲ့ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ပြီးတော့ ဒီဝတ်စုံက အပေါ်ပိုင်းကလည်း ရိုကိတ်အထပ်ဖြစ်ပြီးတော့ ဒါကလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပုံစံမျိုးဖြစ်တယ်။ ကြည့်လိုက်တာနဲ့ အဲဒါကသူနဲ့ သိပ်ပြီးတော့ မလိုက်ဘူး။
ဒီလိုဆိုရင်တောင်မှ ဒီကောင်လေးက တည်ငြိမ်စွာနဲ့ပဲ ဆက်ပြီးလျှောက်လာတယ်။ ဧကရာဇ်ရဲ့ အကြည့်ထဲမှာ အံ့အားသင့်သွားတဲ့ အရိပ်အယောင် ထွက်ပေါ်လာတယ်။ ရွှမ်ဖေးရဲ့ ရုတ်တရက် ထွက်ပေါ်လာခြင်းက လူတိုင်းကို အံ့အားသင့်သွားစေပေမဲ့ ဒီမင်းသားလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုး ပြောဆိုနိုင်တာက အံ့အားသင့်စရာကောင်းတယ်။
ရွှမ်ဖေးက ကျန်းယွမ်ဘေးမှာ ရပ်လိုက်ပြီး ပြောလိုက်တယ်။
"ဖခမည်းတော် ဒီမင်းသားက မင်းသမီးဟယ်ရီရဲ့ သေဆုံးမှုက ဟောင်အမ်းကျွမ်းကျူ့နဲ့ မသက်ဆိုင်ဘူးဆိုတာကို သက်သေခံပေးနိုင်ပါတယ်"
ကျန်းယွမ်က သူ့ရှေ့က ကောင်လေးကို ကြည့်လိုက်တယ်။ သေသေချာချာကြည့်လိုက်တော့ ဒီကောင်လေးက အရင်က အနိုင်ကျင့်ခံရတဲ့ ကောင်လေးနဲ့မတူဘဲ ရွှမ်ဖေးက ဒီလိုမျိုးလူဆိုတာ ပေါ်လာတယ်။ သူ့ရဲ့မျက်နှာက တည်ငြိမ်တဲ့ အဘိုးအိုတစ်ယောက်လို ဟန်ဆောင်ထားပေမဲ့ အဲ့ဒါကအရမ်း ထူးဆန်းနေတယ်။
