Part 239

193 35 0
                                    


အခန်း (၂၃၉)

ရွှမ်းဖေး ပြောလိုက်တယ်။

"ဝန်ကြီးချုပ်မုက မုရှီးရုံကို နန်းတော်ထဲကို အတင်းဝင်ခိုင်းခဲ့တာ။ အဲ့တုန်းက သားတော် သူမကို လွတ်လပ်မှုပေးမယ်လို့ ကတိပေးခဲ့တယ်။ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော် ပြောင်းလဲသွားတဲ့အချိန် အဲဒါ သူမအချိန်ပဲလို့ သားတော်ပြောခဲ့တယ်"

"သူမက သားတော်ပြောတာကို ဒီလောက်လွယ်လွယ်နဲ့ ယုံတာလား"

ကျန်းယွမ် နည်းနည်းအံ့အားသင့်သွားတယ်။ ရွှမ်းဖေးက သူ့ခွန်အားကို ဒီအချိန်ကမှ ထုတ်ပြတာပဲ။အရင်တုန်းက လူတိုင်းက သူ့ကို ထီးနန်းရနိုင်ချေ တစ်စက်မှမရှိတဲ့ သဘောမကျခံရတဲ့အသုံးမကျတဲ့မင်းသားလို့ လူတိုင်းက တွေးကြတာဖြစ်တယ်။ ဘယ်လိုလုပ်ပြီး ဒီလိုလူက မုရှီးရုံကို သူ့ဘက်ပါအောင်လုပ်နိုင်ခဲ့ပြီးတော့ မုရှီးရုံကိုယ်တိုင်ကိုက စစ်တုရင်ရုပ်တစ်ရုပ်အဖြစ် လိုလိုလားလား အသုံးချခံချင်အောင် လုပ်နိုင်ခဲ့ပါလိမ့်။

"လူတိုင်းမှာ အားနည်းချက်ရှိပြီးတော့ သူမကလည်း ခြွင်းချက်မဟုတ်ဘူးလေ"

ရွှမ်းဖေး ပြောလိုက်တယ်။

"သူမ နန်းတော်ကို အတင်းဝင်လာခဲ့ရတော့ နန်းတော်ထဲမှာ သူမ စိတ်ဓာတ်ကျနေမယ့်အစား သူမရဲ့ စိတ်ထားကို အနာဂတ်တိုက်ပွဲမှာ အသုံးချနိုင်တာ ပိုကောင်းတယ်"

ရွှမ်းဖေး ပြောလိုက်တယ်။ ကျန်းယွမ် သူ့ရှေ့က ကလေးကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ သူမက သူမ ရွှမ်းဖေးကို ကောင်းကောင်းကာကွယ်နိုင်လိမ့်မယ်လို့ ထင်ခဲ့တာ။ ပြောရရင် သူမနဲ့ ရွှမ်းဖေးတို့ ဒီဘဝမှာ ခဏခဏမတွေ့ရတော့ ရွှမ်းဖေး ဒီနေ့အတွက် ဒီလောက်ပြင်ဆင်ထားမှန်း သူမ မသိခဲ့ဘူး။ သူ့ရင်ထဲမှာ အမုန်းတရားတွေ ဘယ်လောက်တောင်ရှိခဲ့လို့ သူ ဒီလောက်တောင် လုပ်ခဲ့တာပါလိမ့်။

ရွှမ်းဖေး မုရှီးရုံကို စစ်တုရင်ရုပ်တစ်ရုပ်ဖြစ်အောင် ဘယ်လိုစည်းရုံးခဲ့လဲဆိုတာ ကျန်းယွမ် မသိဘူး။ ရွှမ်းဖေး ပိုက်ဆံအများကြီးပေးခဲ့တာလားမသိဘူး။ ကျန်းယွမ် ထပ်မမေးခဲ့ဘူး။ ရွှမ်းဖေးက သူမ အကုန်လိုက်စီစဉ်ပေးတာကို လိုအပ်တော့တဲ့ ကလေးတစ်ယောက်မဟုတ်တော့ဘူး။ သူက သူလုပ်သမျှအစွမ်းကုန်လုပ်ပြီးတော့ သူမကို သူ့နည်းနဲ့သူ ကာကွယ်ပေးနေပြီးတော့ သူမအတွက် လမ်းဖောက်ပေးနေပြီဖြစ်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂حيث تعيش القصص. اكتشف الآن