152 01
အခန်း (၁၅၂)
ဝါးလှေကားတွေရဲ့အောက်မှာ လူတွေက မင်းသမီးဟယ်ရီရဲ့ ခန္ဓာကိုယ်ကို မြုပ်လိုက်ကြပြီး ကြမ်းပြင်ပေါ်က သွေးတွေကို သန့်ရှင်းရေး လုပ်လိုက်ကြတယ်။ ဝါးအဆောက်အအုံထဲမှာ ရွှမ်းလီနဲ့ ရွှမ်းလန်တို့က ထိုင်နေကြပြီး သူတို့အကြည့်တွေက ခုနကလို စိတ်အေးလက်အေး မဖြစ်နေတော့ဘူး။
"သူမက အဲအကြောင်းကို ဘယ်လို သိလဲဆိုတာ ငါသိချင်လိုက်တာ"
ရွှမ်းလီက ရွှမ်းလန်ကို စိုက်ကြည့်လိုက်တယ်။ ဒီနေရာက နန်းတော်ရဲ့ အတွင်းပိုင်းမှာ ရှိနေပြီး လျှို့ဝှက်နေရာအဖြစ် ရှိနေပြီးတော့ ဘယ်သူမှ မမြင်နိုင်ဘူး။ တကယ်လို့မင်း လမ်းပေါ်ကနေ သွားမယ်ဆိုရင်လည်း စောင့်နေတဲ့ အစောင့်တွေနဲ့ တွေ့မှာဖြစ်ပြီးတော့ မင်းသမီးဟယ်ရီက တစ်လျှောက်လုံး ဘယ်အစောင့်မှမတွေ့ဘဲ ရောက်လာတာဖြစ်တယ်။ ဒါကသူမက ဒီနေရာကို တစ်ယောက်ယောက်နောက်က လိုက်လာတယ်ဆိုတာ သိသာတယ်။ သူမက သူမဘာသာ လာတာမဖြစ်နိုင်လောက်ဘူး။
ဒီနေရာက အလွန်လျို့ဝှက်ထားတာ ဖြစ်တယ်။ ရွှမ်းလီက စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာပဲ ရွှမ်းလန်ကို တစ်ခုခုကို ဆွေးနွေးဖို့အတွက် ခေါ်ပြီးတော့ ဒီနေရာမှာ ဆုံကြတာဖြစ်တယ်။ ဒီနေ့ဆွေးနွေးပွဲကတော့ မင်းသမီးဟယ်ရီကြောင့် ပျက်သွားပြီဖြစ်တယ်။ ဒီနေရာက တိတ်ဆိတ်ပြီး စွန့်ပစ်ထားတဲ့နေရာ ဖြစ်ပေမဲ့ နန်းတော်ထဲက လူတစ်ချို့က ဒီနေရာကို တစ်ခါတစ်လေကျ လာကြတယ်။ ပြီးတော့ မင်းသမီးဟယ်ရီ ပျောက်သွားတာကိုသိရင် လူတွေက သံသယ ဝင်ကြမှာလည်းဖြစ်တယ်။
ရွှမ်းလန်က လန့်သွားတယ်။
"အစ်ကိုရှစ် ခင်ဗျားကျွန်တော်ကို သံသယဝင်နေတာတော့ မဟုတ်ပါဘူးနော်"
သူကဘယ်လို ရှင်းပြရမှန်းမသိ ဖြစ်နေတယ်။
"ကျွန်တော် ကျိန်ပြောရဲတယ်။ ကျွန်တော် မပြောဘူး။ ဘယ်လိုလုပ်ပြီးသူမကို ဒီလိုမျိုး အကြောင်းအရာ ပြောနိုင်မှာလဲ"
"ငါလည်းအဲဒါ မင်းလို့မပြောပါဘူး"
ရွှမ်းလီက လက်ခါပြလိုက်တယ်။
