အခန်း (၁၉၈)
ဒီစကားတွေ ဆုံးသွားတာနဲ့ ဘေးကလူအုပ်က ရုတ်တရက် ဆူဆူညံညံ ဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ရရှန်နဲ့ ကျန်းအိမ်တော်အကြောင်းက မြို့တော်အတွင်းမှာ ပြန့်သွားခဲ့တာဖြစ်တယ်။ အစတုန်းကတော့ ရှရန်က အတော်လေး အပြစ်ကင်းတယ်လို့ ထင်ခဲ့ရပေမဲ့ နောက်ပိုင်း အဖြစ်မှန်တွေ ပေါ်ခဲ့တဲ့အချိန်မှာ အဲ့ဒါကအရမ်း ရွံ့စရာကောင်းလာတယ်။ ဒီမိန်းမပျိုလေး နှစ်ယောက်ရဲ့ စကားတွေက တည်ငြိမ်နေတဲ့ ရေမျက်နှာပြင်ပေါ်ကို ကျောက်တုံးတစ်တုံး ကျသွားသလိုပဲ။ လှိုင်းတွေ မနားတမ်း ထလာခဲ့တယ်။ သူတို့ပြောမှပဲ သူတို့က ကျန်းအိမ်တော်ရဲ့ သခင်မ ကျောက်မိန်ကို သတိရသွားခဲ့တယ်။
ကျောက်မိန်အကြောင်း ပြောမှပဲ သူတို့က သူမအပေါ်ကို အရမ်းအကောင်း မြင်ထားကြတာဖြစ်တယ်။ ကျောက်မိန်က လှပစွာနဲ့ မွေးဖွားလာခဲ့ပြီး သူမက သဘောထား ကောင်းမွန်တယ်။ ပြီးတော့ မကြာခဏ ဆင်းရဲသားတွေကိုလည်း ကူညီခဲ့တယ်။ သူမကျန်းအိမ်တော်အတွင်းကို လက်ထပ်လိုက်တဲ့ အချိန်မှာလည်း သူမကမကြာခဏ ဆင်းရဲသားတွေကို ကူညီခဲ့တယ်။ သူမက ဘယ်တော့မှ ဆင်းရဲတဲ့လူ ချမ်းသာတဲ့လူဆိုပြီး ခွဲခြားမဆက်ဆံဘူး။ ဒါကြောင့်ဒီ ကောင်းမွန်တဲ့ ဂုဏ်သတင်းတွေက ကျန်းချွမ်ရဲ့ အလုပ်ကို အတော်လေး အထောက်အပံ့ ဖြစ်ခဲ့တယ်။ အဲ့တုန်းက ကျန်းချွမ်ရဲ့ ဂုဏ်သတင်းက ကျောက်မိန်ရဲ့ ဂုဏ်သတင်းကြောင့်သာ မပါရင် လူတွေကြားထဲမှာ သိပ်ပြီး ထွန်းပေါက်မှာမဟုတ်ဘူး။
ဒါပေမဲ့ လူတွေရဲ့အမြင်မှာ ကျောက်မိန်ဆိုတဲ့ မိန်းမပျိုလေးက ပျောက်ကွယ်သွားခဲ့ပြီး သိမ်မွေ့ပြီး သဘောထားကောင်းတဲ့ ရှရန်ဆိုတဲ့ အမျိုးသမီးနာမည်ပဲ ထွက်လာခဲ့တယ်။ ပြီးတော့ ကျန်းချွမ်ကလည်း သူမကိုပဲ တမင်ချီးကျူးခဲ့တယ်။ လူတွေကလည်း လက်ရှိ ကျန်းအိမ်တော်ရဲ့ သခင်မက ရှရန်လို့ပဲ မှတ်မိခဲ့ကြပြီးတော့ ကျောက်မိန်လို့ သူတို့မမှတ်မိတော့ဘူး။ ဒီမိန်းမပျိုလေးနှစ်ယောက် ပြောမှပဲ သူတို့က အဲ့ဒီသဘောထားကောင်းမွန်တဲ့ မိန်းမပျိုလေးကို ပြန်ပြီးမှတ်မိလာကြတော့တယ်။ ဒီတော့မှ သူတို့က ရှက်ရွံ့စွာနဲ့ ပြောလိုက်တယ်။