အခန်း (၂၄၀)
ထျန်ကျူး လုကျူးကိုလည်း ပစ်ချခဲ့လို့မရတော့ သူမ လုကျူးကို ထမ်းထားလိုက်တယ်။ လန်ချောင်ရဲ့ ရင်ဘတ်မှာလည်း ဓားရာကို တွေ့လိုက်ရတယ်။ လုကျူး သတိမရတရဖြစ်နေပြီးတော့ လန်ချောင်ရဲ့ ဒဏ်ရာကို မြင်တော့ သူမ လန့်သွားတယ်။ လန်ချောင်နဲ့ လုကျူးကလည်း ဒဏ်ရာရထားတယ်။ ကျန်းယွမ်ကလည်း ပျောက်သွားတယ်။ လုကျူး ကျန်းယွမ်ကို သူမ မှာ ကျန်တဲ့အားနဲ့ ခေါ်နေတုန်းမှာ ထျန်ကျူးက ပြောလိုက်တယ်။
"ခေါ်မနေနဲ့တော့။ ငါတို့ ဒီမှာ သူမကို ရှာတွေ့မှာမဟုတ်ဘူး"
လုကျူးကလည်း မတုံးအဘူး။ သူမ ပြန်စဉ်းစားကြည့်လိုက်တော့ ဒီလူအုပ်ထဲမှာ လုပ်ကြံသူတွေ ရုတ်တရက်ပေါ်လာတာရဲ့ ရည်ရွယ်ချက်က ကျန်းယွမ်ကို ဖမ်းသွားဖို့ပဲ။ သွေးအရမ်းထွက်ထားတာကြောင့် လုကျူး မျက်နှာကဖြူရော်နေပြီးတော့ သူမ တုန်ရင်စွာနဲ့မေးလိုက်တယ်။
"သခင်မလေး ဒုက္ခရောက်နေပြီ.... ထျန်ကျူး ငါတို့ ဘာလုပ်မလဲ"
ထျန်ကျူး ဘေးကို တစ်ချက်ကြည့်လိုက်တော့ လူတွေက ဆက်ပြေးနေတုန်းပဲ သူမ ရုတ်တရက် တစ်ခုခုကို သတိပြုမိပြီး ရထားလုံးထဲက မယ်တော်ယိတျယ်ပေးထားတဲ့ သစ်သားသေတ္တာလေးကို မြင်သွားတယ်။ သူမ တစ်ခုခုကို သတိရသွားပြီး ရေရွတ်လိုက်တယ်။
"သခင်မလေးက တမင်ဒီလိုလုပ်ခဲ့တာကိုး...."
"နင် ဘာပြောနေတာလဲ"
လုကျူးအသံက တဖြည်းဖြည်းတိုးလာတယ်။ ထျန်ကျူး အဲဒါကိုမြင်တာနဲ့ သူမ ဘာမှဆက်မတွေးတော့ဘူး။ ဒီနှစ်ယောက်ကလည်း အပြင်းအထန် ဒဏ်ရာရထားတာဖြစ်တယ်။ ထျန်ကျူး အချက်ပြမီးပန်းကိုဖောက်လိုက်တယ်။ ညမဟုတ်လို့ သိပ်မလင်းပေမဲ့အနီးအနားက ကျင်းရီရဲမက်တွေ မြင်ပြီးတော့ လာကူညီဖို့အတွက်တော့ လုံလောက်တယ်။
အိမ်တော်ထိန်းလင်းက ဒီလစာရင်းကို တွက်နေတာဖြစ်တယ်။ အဲ့အချိန်မှာပဲ သူ အသံတစ်သံကို ကြားလိုက်ရတယ်။
"အိမ်တော်ထိန်းလင်း မကောင်းတော့ဘူး"
အိမ်တော်ထိန်းလင်း မော့ကြည့်လိုက်ပြီးတော့ အဲ့လူကိုဆူလိုက်တယ်။
![](https://img.wattpad.com/cover/344006526-288-k561366.jpg)