Part 191

1.3K 142 0
                                    

အခန်း (၁၉၁) (က)

ရုတ်တရက် ကျန်းယွမ် ခေါင်းကိုက်လာပြီးတော့ သူမက မျက်လုံးဖွင့်ဖို့အတွက် ကြိုးစားခဲ့တယ်။ ပြီးတော့ ရုတ်တရက် သူမရဲ့နှာခေါင်းဝကို ထူးဆန်းပြီး နည်းနည်းရင်းနှီးတဲ့ အနံ့တစ်ခုက ဝင်ရောက်လာတယ်။ အဲဒါကို သူမ ဖြေးဖြေးချင်း မှတ်မိလာတယ်။ ပြီးတော့ အဲဒါက သွေးညှီနံ့ဆိုတာကို သိသွားတဲ့အချိန်မှာ သူမအံ့အားသင့်သွားခဲ့တယ်။

သူမ ဖြေးဖြေးချင်း မြေပြင်ပေါ်ကနေ ထလိုက်တယ်။

သူမ ရှိနေတဲ့နေရာက မှောင်မည်းပြီး စိုစွတ်တဲ့ နေရာတစ်နေရာဖြစ်တယ်။ ပြီးတော့ မြေပြင်ပေါ်မှာလည်း ပိုးကောင်တချို့ တွားသွားနေကြတယ်။ ပိုးကောင်တွေကကြည့်ရတာ တကယ်ရွံစရာကောင်းတယ်။ ကြည့်ရတာ သူမခေါင်းထဲကို အတွေးတစ်ခု ဝင်လာခဲ့ပြီး သူမက အမြန်ပဲ ဘေးကိုကြည့်လိုက်တယ်။ သူမဘေးနားမှာ ကပ်စေးကပ်စေး အရည်တချို့ ရှိနေပြီး သူမ ထဖို့အတွက် ကြိုးစားလိုက်တယ်။ ရုတ်တရက် အဲ့အချိန်မှာ သူမ အသံတစ်သံ ကြားလိုက်ရတယ်။ ပြီးတော့ တစ်ယောက်ယောက်က အပြင်ကနေ စကားပြောနေတဲ့ပုံပဲ။ ရုတ်တရက် နေရောင်က ဝင်လာခဲ့ပြီး သူမက မျက်လုံးဖွင့်နိုင်ခဲ့တယ်။

အဲ့အချိန်မှာ အမျိုးသမီးတစ်ယောက်ရဲ့ အသံက ထွက်လာတယ်။

"အမြန် ဧကရီက အဲဒါကို သူမ ကိုယ်တိုင် မြင်ရမှဖြစ်မယ်တဲ့ ငါတို့အမြန်ပဲ ဧကရီကို ဒီအကြောင်း အကြောင်းကြားရမယ်။"

ချက်ချင်းပဲ ခဏအတွင်းမှာ နန်းတွင်းမိန်းမပျိုတချို့ ဝင်လာခဲ့ပြီးတော့ ဘာကြောင့်မှန်းမသိ သူတို့က ကြောက်ရွံ့နေတဲ့ပုံ ဒါမှမဟုတ် ရွံရှာနေတဲ့ပုံ ပေါ်နေတယ်။ ပြီးတော့သူတို့က သူတို့လက်ထဲမှာ ရေနံဆီမီးအိမ် တစ်လုံးစီနဲ့ ကျန်းယွမ်ရှိနေတဲ့နေရာကို လာနေကြတာဖြစ်တယ်။ ဒါပေမဲ့ သူတို့က ကျန်းယွမ်ကို မမြင်တဲ့ပုံပဲ။ သူတို့က သူမကို ကြည့်တောင်ကြည့်မသွားကြဘူး။ အဲ့အစား သူတို့က မြေပြင်ပေါ်က တစ်ခုခုကို မလိုက်တယ်။ ကျန်းယွမ်က ဖြေးဖြေးချင်း မျက်မှောင်ကြုတ်လိုက်ပြီး သူတို့ကို သတိထားပြီး ကြည့်နေတယ်။ ဒီလူတွေက သူမကို သတိမထားမိတဲ့ပုံပဲ။ သူတို့အတွက် သူမကအဲဒီမှာ ရှိမနေသလိုပဲ။ ကျန်းယွမ် မတ်တပ် ရပ်လိုက်တဲ့အချိန်မှာလည်း ဘယ်သူမှ သူမကို မတားကြဘူး။ အဲ့အကြောင်း ခဏလောက် တွေးပြီးတော့ သူမ ခေါင်းငုံ့လိုက်ပြီး မိန်းမပျိုလေးတွေ နောက်ကနေ လိုက်သွားတယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Donde viven las historias. Descúbrelo ahora