အခန်း (၁၆၈)
ကျန်းစုစု ပျောက်ကွယ်သွားတဲ့အကြောင်းကို ရဲမက်တွေက မသိခဲ့ဘူး။ သူတို့က နောက်နေ့ မနက်ခင်းရောက်တဲ့အချိန်မှာ သူတို့က မှားနေတာကို သတိပြုမိခဲ့တယ်။ သူတို့က အချိန်အတော်ကြာ ခေါ်ခဲ့ပေမဲ့ ဘယ်သူမှ မဖြေခဲ့လို့ သူတို့ကအထဲကို ဝင်ကြည့်တဲ့အချိန်မှာ သူတို့က စာတစ်စောင်ကို မြင်ခဲ့လိုက်ရတယ်။
အဲ့ဒီရဲမက်တွေက ထိတ်လန့်သွားခဲ့ပြီးတော့ ကျန်းအိမ်တော်ကို ဒီကိစ္စကိုပြန်ပြီးတော့ အကြောင်းကြားခဲ့တယ်။ ကျန်းချွမ်က မေ့လဲတော့မလိုဘဲ။ ဒါပေမဲ့ အစောင့်တွေရဲ့ စကားကလည်း ကျန်းစုစုက သူမသာသာသူမ ထွက်ပြေးသွားတယ်ဆိုတာကို သေချာအောင် ပြောခဲ့တဲ့အတွက် သူကတစ်ခြားလူတွေကိုလည်း အပြစ်တင်လို့ မရခဲ့ဘူး။ ပြီးတော့ တစ်မြို့လုံးကလည်း ကျန်းချွမ်က သူ့ရဲ့သမီး ဆုံးရှုံးလိုက်ရတယ်ဆိုတာကို သိသွားကြတယ်။
အဲ့ဒီအချိန်ကစပြီးတော့ ကျန်းအိမ်တော်က မြို့တော်ရဲ့ ဟားတိုက်စရာဖြစ်ပြီးတော့ လမ်းတွေမှာလည်း လူတွေအကုန်လုံးက ကျန်းစုစု ထွက်ပြေးသွားတဲ့အကြောင်းကိုပဲ ပြောနေကြပြီးတော့ အဲ့ဒါက ကျန်းချွမ်ကို အရမ်းစိတ်အနှောက်အယှက် ဖြစ်စေတယ်။ ပြီးတော့ ကျန်းယွမ်ကိုလည်း ကျင်းရင်ဝမ်အိမ်တော်ကို ရှောင်ရှို့က ပြန်ခေါ်သွားတာဖြစ်တယ်။ ဒီတော့ကျန်းယွမ်က နန်းတော်ထဲကိုသွားပြီး မယ်တော်ကျိကြယ်ကိုသွားပြီး တွေ့နေတာ ဖြစ်နိုင်တယ်။ ဒီတော့သူမကိုလည်း စွပ်စွဲဖို့လည်း မဖြစ်နိုင်ဘူး။ ကျန်းချွမ်က သူ့ရဲ့ဒေါသတွေကို ဟုန်ရင်းအပေါ်မှာပဲ ပုံချရုံပဲ တက်နိုင်ခဲ့တယ်။ ဟုန်ရင်းက အားနည်းနေခဲ့ပြီးတော့ ကျန်းချွမ်ကသူ့ရဲ့ ဒေါသတွေအကုန်လုံးကို ဟုန်ရင်းအပေါ်မှာ ပုံချပြီးတော့ သူမကိုနေ့တိုင်း ကန်ချောက်ခဲ့တယ်။ ပြီးတော့သူမက သေတဲ့အထိ နှိပ်စက်ခံနေရသလိုပဲ။ ဟုန်ရင်းက သူမဆက်ပြီးတော့ အသက်ရှင်ဖို့ နည်းလမ်းမရှိဘူးဆိုတာကို သိပြီးတော့ သူမက နောက်နေ့ညမှာပဲ ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်။ သူမသေတဲ့အချိန်မှာ ကျန်းချွမ်ကသူမကို အခေါင်းထဲတောင်မှ မထည့်ခဲ့ဘူး။ သူမကို မြို့တော်အပြင်ဘက် တောထဲမှာပဲ ပြစ်ချခိုင်းခဲ့တယ်။ ဒီတော့ ကျန်းမိသားစုထဲမှာ ကျန်ခဲ့တာက ကျန်းလန်ပဲဖြစ်ပြီးတော့ သူမကလည်း နန်းတော်ထဲမှာ ရောက်နေတာဖြစ်တယ်။ ကျန်းအိမ်တော်က တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ပြိုလဲကာနီးဖြစ်လာတယ်။
![](https://img.wattpad.com/cover/344006526-288-k561366.jpg)