Part 234

871 91 1
                                    


အခန်း (၂၃၄) 

အဲ့နေ့ညမှာပဲ ကျန်းယွမ် နောက်ဆုံးမှာ ရှောင်ရှို့ကို စကားပြောအောင်လုပ်နိုင်ခဲ့တယ်။ ရှောင်ရှို့ ကျင်းရီရဲမက်တွေကို ပထမဆုံးအကြိမ်ဦးဆောင်ရတဲ့အချိန်မှာ သူ တောင်ပိုင်းရှင်းကျန်းထဲကို ဝင်ပြီးတော့ အဲ့အချိန်မှာ ကျန်သေးတဲ့ တောင်ပိုင်းရှင်းကျန်းက လူတွေကို ဖြေရှင်းရတာ ဖြစ်တယ်။ အခု တောင်ပိုင်းရှင်းကျန်းရဲ့ ခေါင်းဆောင်က အရင်က တောင်ပိုင်းရှင်းကျန်းမပြိုခင်တုန်းက ခေါင်းဆောင်ရဲ့ညီဖြစ်တယ်။ တောင်ပိုင်းရှင်းကျန်းရဲ့ နယ်မြေက ရှုပ်ထွေးပြီးတော့ အဲ့မှာ အဆိပ်ရှိတဲ့ အပင်တွေနဲ့ ပိုးကောင်တွေ အများကြီးရှိတယ်။ တကယ်လို့ သူဂရုမစိုက်ရင် ပိတ်မိသွားနိုင်တယ်။ အဲ့အချိန်တုန်းက ရှောင်ရှို့က ငယ်သေးတော့ သူ အကြောက်တရားမရှိဘဲ တောင်ပိုင်းရှင်းကျန်းထဲကို ဝင်ပြီးတော့ တောင်ပိုင်းရှင်းကျန်းကလူတွေရဲ့မျက်စိအောက်မှာပဲ သူတို့ ခေါင်းဆောင်ကို သတ်ခဲ့တယ်။ ဒီတာဝန်က ပေးဆပ်ရတာ အတော်များပြီးတော့ သူ အောင်မြင်ခဲ့တယ်။

ဒီလူငယ်က အဲ့ကို လူသွားသတ်ပေမဲ့ တောင်ပိုင်းရှင်းကျန်းက လူတစ်ယောက်ရဲ့ အာရုံစိုက်ခြင်းကို သူခံခဲ့ရတယ်။ အဲဒါ တန်ထျန်းပဲ။

တန်ထျန်းက တောင်ပိုင်းရှင်းကျန်းက မိန်းမပျိုလေးဖြစ်တယ်။ ရှောင်ရှို့က အဲ့တုန်းက ၁၄နှစ် ဒါမှမဟုတ် ၁၅နှစ်ပဲ ရှိဦးမှာဖြစ်တယ်။ တန်ထျန်းက သူ့ထက်တောင်ပိုပြီး ငယ်သေးတယ်။ သူတို့နှစ်ယောက်လုံးက ရန်သူတွေဆိုတာ သိသာပေမဲ့ တန်ထျန်းက ရှောင်ရှို့အတွက် တခြားခံစားချက်တွေ ရှိခဲ့တယ်။ ဒါက ဖြစ်နေကြဖြစ်စဉ်တွေပါပဲ။ ရှောင်ရှို့က သူ့အရွယ်ကောင်လေးတွေထဲကမှ အရမ်းအာရုံစိုက်ခံရတဲ့ကောင်လေး ဖြစ်တယ်။ နိုင်ငံတော်တန်ဖိုးထားတဲ့ မိန်းမပျိုလေးတစ်ယောက်အနေနဲ့ သူမကို တောင်ပိုင်းရှင်းကျန်းက လူတွေက အမြဲတမ်းကာကွယ်ပေးကြတယ်။ ဒီတော့ ဘယ်သူနဲ့မှ သိပ်ပြီးမတွေ့ရတဲ့ တန်ထျန်းက ရှောင်ရှို့ကိုမြင်တဲ့အချိန်မှာ ချစ်မိသွားခဲ့တယ်။

တန်ထျန်းက ရှောင်ရှို့ရဲ့ သဘောကျမှုကို ခံရဖို့ သူမခံစားချက်တွေကို ဖော်ပြရမှာ တောင်ပိုင်းရှင်းကျန်းကလူတွေနဲ့ အရမ်းတူနေတယ်။ ရှောင်ရှို့ တောင်ပိုင်းရှင်းကျန်းက ခေါင်းဆောင်ကိုသတ်ပြီး မြို့တော်ကိုပြန်လာတော့ တန်ထျန်းက ရှောင်ရှို့ကို ဖမ်းဖို့အတွက် ကိုယ်ခံပညာမှာ ကျွမ်းကျင်တဲ့သူတွေ အများကြီးကို ပို့ခဲ့တယ်။ သူ့ကို ပြန်ခေါ်လာရင် သူမ သူ့ကို ရုပ်သေးရုပ်အဖြစ်လုပ်လိုက်တာပဲဖြစ်ဖြစ် အကျဉ်းချတာပဲဖြစ်ဖြစ် လုပ်မလို့ဖြစ်တယ်။ အဲ့နေ့မှာ ရှောင်ရှို့ အဲ့လူတွေကို သတ်ခဲ့ပြီးတော့ မြို့တော်ကို ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ပြန်လာတာဖြစ်တယ်။ ဒါက သူ ကျန်းယွမ်နဲ့ စစတွေ့တဲ့နေ့ပဲဖြစ်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now