Part 226

490 70 0
                                    


အခန်း (၂၂၆)

ချန်းရှ ရယ်လိုက်ပြီး ပြောလိုက်တယ်။

"သုံးယောက်မြောက် အစ်မ အိမ်ထဲမှာပဲ နေနေတယ်ကြားလို့ လာခဲ့တာ"

သူပြောလိုက်တယ်။

"ကျွန်တော် ကျင်းရင်ဝမ်အိမ်တော်မှာ တစ်ခုခုဖြစ်ခဲ့တယ်လို့ ကြားတယ်"

ချန်းရှ ဒီလိုပြောတယ်ဆိုတော့ သူ အပြင်ကနေ ဒီကိစ္စကို ကြားခဲ့ပြီးပြီနဲ့တူတယ်။ သူက ကျင်းရီရဲမက်တွေနဲ ခင်တယဆိုတော့ သူ ကျင်းရီရဲမက်တွေဘက်မှာ ပါလောက်မှာ။ ကျန်းယွမ် ပြုံးလိုက်တယ်။

"သမားတော်ရှကလည်း ကျွန်မ အပြစ်ရှိတယ်လို့ ထင်နေတာလား"

သူမက စကားပြောရင်သိမ်မွေ့ပေမဲ့ သူမ ဒီရက်ပိုင်းမှာ စိတ်မကြည်တော့ ချန်းရှလို့ သူမ သိတဲ့သူတွေရှေ့မှာ သူမ ဟန်ဆောင်စရာမလိုဘူး။

ချန်းရှ ခြံထဲက ကျောက်စားပွဲကို လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်တယ်။

"ကျွန်တော် ထိုင်ပြီးတော့ စကားပြောချင်တယ်။

ကျန်းယွမ် ခေါင်းညိတ်လိုက်တယ်။ သူတို့နှစ်ယောက် ခြံထဲက ကျောက်စားပွဲမှာ ထိုင်လိုက်ကြတယ်။ လန်ချောင် လက်ဖက်ရည်နဲ့ မုန့်တချို့ ယူလာတယ်။ ကျန်းယွမ် လက်ဖက်ရည်ခွက်ကိုကြည့်လိုက်တယ်။ သူမ မျက်နှာပေါ်မှာ အပြုံးလေးရှိနေသေးပေမဲ့ သူမရဲ့ အသံက နည်းနည်းအေးစက်နေတယ်။

"ချန်းရှကလည်း ငါ့အစေခံရဲ့ အပြစ်လို့ထင်နေတာ ယုံရမှာအတော်လေး ခက်တယ်။ ပြီးတော့ လောင်သခင်မလေးကို ငါ လုပ်ကြံတယ်လို့ ဘာလို့ လူတွေက ယုံကြတာလဲမသိဘူး"

"သုံးယောက်မြောက်အစ်မရဲ့ စိတ်ထားနဲ့ဆိုရင် ဒါက ဖြစ်နိုင်ပါတယ်"

ချန်းရှပြုံးလိုက်တယ်။ သူဆက်ပြောတယ်။

"ဒါပေမဲ့ သုံးယောက်မြောက်အစ်မက ဒီလိုမျိုး လောင်သခင်မလေးကို လွှတ်ပေးမှာမဟုတ်ဘူး။ သုံးယောက်မြောက်အစ်မရဲ့ အကြံတွေက ဘယ်တုန်းကမှ မလွဲဖူးဘူး။ ဒီတော့ ဒီကိစ္စနောက်ကွယ်က သုံးယောက်မြောက်အစ်မ မဖြစ်နိုင်ဘူး"

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now