Part 162

1.5K 147 1
                                    

အခန်း (၁၆၂)

မယ်တော်ရိကျယ်စီစဉ်တဲ့ ဒီမင်္ဂလာပွဲက အချည်းနှီး ဖြစ်မသွားဘူး။ ရှောင်ရှို့ ထွက်မသွားခင်မှာပဲ ဒီမင်္ဂလာပွဲက ပြီးသွားမှာဖြစ်တယ်။ အခုကျန်းယွမ်က လက်မထပ်ရသေးဘူး ဖြစ်တယ်။

သာမာန်လူတွေကတော့ ဒီရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကို မမြင်နိုင်ရဘူးဖြစ်တယ်။ သူတို့တွေက ကျန်းအိမ်တော်က ကောင်းမွန်တဲ့ကံရှိပြီးတော့ သူတို့အိမ်တော်က မိန်းမပျိုတစ်ယောက်က ကျင်းရင်းဝမ်အိမ်တော်ကို ဝင်ခွင့်ရတယ်ဆိုတာပဲသိတယ်။

ကျန်းအိမ်တော်ရဲ့ သမီးသုံးယောက်ကလည်း ဆွဲဆောင်မှုရှိကြတယ်။ အကြီးဆုံးသမီးက ငယ်ငယ်တုန်းက ကျေးလက်မှာ ကြီးပြင်းလာခဲ့ရပေမဲ့ သူမက ကျေးလက်ကလူနဲ့မတူဘူး။ နောက်ကျသူမက ကံအရမ်းကောင်းပြီး ကျွမ်းကျူ့ဖြစ်လာခဲ့တယ်။ ဒီနေ့မှာ လက်ထပ်ပွဲကိစ္စက ကြေညာပြီးပြီဖြစ်ပြီးတော့ ကျန်းအိမ်တော်ရဲ့ဂုဏ်သတင်းက မြင့်တက်လာခဲ့တယ်။

ကျန်းအိမ်တော်ရှေ့မှာ လူတော်တော်များများက ကျန်းစုစုရဲ့အနာဂတ် အကြောင်းကို စဉ်းစားနေကြတယ်။ ပြောရရင်လည်း ကျန်းစုစုက မြို့တော်ထဲမှာ သူမရဲ့အလှနဲ့ပတ်သတ်ပြီး နာမည်ကြီးတာဖြစ်တယ်။ တကယ်လို့ ရှယန်ရဲ့ ကိစ္စကြောင့်သာမဟုတ်ရင် သူမကအခု ကျန်းမိသားစုထဲမှာ ထွန်းလင်းတောက်ပနေတဲ့လူ ဖြစ်မှာသေချာတယ်။ သူ့အမေက မကောင်းတဲ့ဂုဏ်သတင်းရှိပြီး ကျန်းစုစုကလည်း အဲ့ဒါကြောင့် ထိခိုက်နစ်နာသွားတာဖြစ်တယ်။ မြင့်မြတ်တဲ့လူတွေက သူမကို လက်မထပ်နိုင်တော့တာဖြစ်ပြီးတော့ သူမက လှရုံပဲရှိတာဖြစ်တယ်။ ပြီးတော့ ကျန်းချွမ်ကလည်း သူမအတွက် အိမ်ထောင်ဘက် ကောင်းကောင်း မရှာပေးနိုင်ဘူး။ ဒီတော့ သူမရဲ့လက်ထပ်ပွဲက နှောင့်နှေးနေတာဖြစ်တယ်။

ကျန်းချွမ်က မယ်တော်ရိကျယ် လုပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး မကျေနပ်ရင်တောင်မှ သူကမပျော်သလိုမျိုး နေနေလို့မရဘူး။ ကံကောင်းစွာနဲ့သူက သူ့အိမ်ထဲမှာပဲ နေနေရတာဖြစ်တယ်။ ဟုန်ရင်းက မင်္ဂလာကိစ္စနဲ့ပတ်သတ်ပြီး ကျန်းယွမ်ကို အကုန်လိုက်လုပ်ပေးနေရတာဖြစ်တယ်။ ဒါ့ကြောင့် ကျန်းချွမ်က ဟုန်ရင်းနဲ့ပတ်သတ်ပြီး အရမ်းကျေနပ်နေတာ ဖြစ်ပြီးတော့ ဟုန်ရင်းက ကိုယ်ဝန်ရှိနေတာဖြစ်လို့ သူမရဲ့ဗိုက်ထဲမှာ ကျန်းမိသားစုကို ဂုဏ်သတင်းပြန်တက်အောင် လုပ်ပေးနိုင်သေးတာဖြစ်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Wo Geschichten leben. Entdecke jetzt