Part 185

1.4K 132 2
                                    

အခန်း (၁၈၅)

အချိန်တွေကုန်ဆုံးတာ မြန်ဆန်လွန်းပြီးတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကွမ်လင်းဟန်က သူ့ရဲ့တပ်တွေကို ဦးဆောင်လာပြီး ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ကို ပြန်ရောက်လာခဲ့တယ်။ ထျန်ကျင်းနိုင်ငံတော်က သုံ့ပန်းတွေကို ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က ကောင်းကြောင်းတွေကိုပဲ ရေးခိုင်းခဲ့တယ်။ ဧကရာဇ်ကလည်း အဲ့ဒီကိစ္စနဲ့ပတ်သတ်ပြီး အရမ်းကျေနပ်ပြီးတော့ ကွမ်လင်းဟန်ကို ဆုလဒ်တွေအများကြီး ချီးမြင့်ခဲ့တယ်။ ဒါပေမဲ့လူတွေက ဒီကိစ္စတွေကို စိတ်မဝင်စားကြတော့ဘူး။ အဲ့ဒီအစား သူတို့က ကျန်းယွမ်ရဲ့ ကိစ္စတွေကိုပဲ စိတ်ဝင်စားနေကြတယ်။ ကွမ်လင်းဟန် ပြန်ရောက်လာတဲ့ ငါးရက်မြောက် နေ့မှာပဲ ကျင်းရီဝမ်နဲ့ ဟောင်အမ်းကျွမ်းကျူ့တို့က လက်ထပ်သွားခဲ့ကြတယ်။ ဟောင်အမ်းကျွမ်းကျူ့က အခု တော်ဝင်မိသားစုဝင် ဖြစ်နေပြီဆိုတော့ မယ်တော်ကျိကြယ်ကပဲ အဲ့ကိစ္စကို တာဝန်ယူလိုက်ပြီး တကယ့် လက်ထပ်ပေးရမဲ့ အုပ်စုက ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။

ဒီနေ့မှာ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ နှင်းတွေကျနေပြီး ကျန်းယွမ်က အတွင်းပိုင်းအခန်းမှာ ထိုင်နေခဲ့တယ်။ ကျောက်မိသားစုရဲ့ အဘွားဖြစ်တဲ့ သခင်မယောင်ရှီက သူမရှေ့မှာ ထိုင်နေပြီး ရှီနီယမ်(လက်ထပ်မင်္ဂလာပွဲတွင် သတိုးသမီးကို လိုက်ပါစောင့်ရှောက်သည့် အိမ်ထောင်သည်မိန်းမကြီး)က ရောင်စုံချည်မျှင်တွေကို ကိုင်ထားတာကို ကြည့်နေတယ်။ ကျန်းယွမ်က ကျောက်ဖေးကျောက်ကို ကယ်ခဲ့လို့ ဒုတိယကျောက်သခင်မက အမြဲတမ်း ကျန်းယွမ်ကို ကျေးဇူးတင်နေတာဖြစ်တယ်။ ဗိုလ်ချုပ်အိမ်တော်က အမျိုးသမီးတွေက ပြောရရင် အရမ်းကြင်နာပြီး သဘောကောင်းတယ်။ ပြီးတော့ သူတို့က သူမကကျောက်မိန်ရဲ့ သမီးဆိုတာကိုသိတော့ သူမကိုနှစ်တိုင်း လက်ဆောင်တွေပို့ကြတယ်။ အခုလက်ထပ်ပြီးပြီဆိုတော့ သူမက ကျန်းအိမ်တော်ကနေ ထွက်လာခဲ့ပြီးပြီဖြစ်တယ်။ ကျန်းချွမ်နဲ့သူမက အခုထိ မခေါ်ကြသေးဘူး။ ရှယွဲ့ကလည်း ရှအိမ်တော်ကဖြစ်ပြီးတော့ သူမက အပြင်ပန်းမှာတော့ အလုပ်တွေကို ခက်ခက်ခဲခဲ ကြိုးစားတဲ့ပုံပေါ်ပေမဲ့ သူမက ဘာမှထူးထူးခြားခြား မလုပ်ခဲ့ဘူး။ ကျောက်မိသားစုကတော့ ဂုဏ်ပြုတဲ့အနေနဲ့တင် တပ်ပေါင်းနှစ်ဆယ်ကို လက်ဆောင်အဖြစ် ပေးခဲ့တယ်။ ကျောင်းကွမ်းကလည်း ရွှေတစ်သန်း ပို့လိုက်ပြီး မြေကွက်တစ်ချို့ကို ငှားပေးခဲ့သေးတယ်။ ပြီးတော့ အဲ့ဒါက ကျောက်မိန်ကို သူမပို့ခဲ့မိတဲ့ မင်္ဂလာလက်ဖွဲ့လို့ ပြောခဲ့ပြီး အဲ့ဒါတွေအကုန်လုံးက ကျန်းယွမ်အတွက်လို့ ပြောခဲ့တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး  (၂)Where stories live. Discover now