Part 230

498 61 2
                                    


အခန်း (၂၃၀) 

ဒုတိယမြောက်နေ့နံနက်စောစောမှာ ကျန်းယွမ် နောက်ကျမှထခဲ့ပြီး ဗိုလ်ချုပ်အိမ်တော်ကလူတွေကို လီရှိက ကျန်းယွမ်ကို သွားမနှိုးဖို့ပြောခဲ့တယ်။ နေဖင်ထိုးနေပြီးတော့ ရှောင်ရှို့က ထွက်သွားပြီဖြစ်တယ်။ အိပ်ရာက သန့်ပြန့်နေတယ်။ မနေ့က ဘာမှမဖြစ်ခဲ့သလိုပဲ။ သူမ နာကျင်မှုတချို့ ခံစားလိုက်ရပြီး သူမ ပခုံးပေါ်မှာ လက်ရာတချို့ ရှိနေသေးတယ်။ နှစ်ပေါင်းများစွာ မတွေ့ခဲ့ရသလိုပဲ ရှောင်ရှို့က သားရဲတစ်ကောင်လိုပဲ။ အရမ်းသန်မာနေတယ်။

ကျန်းယွမ် လန်ချောင်နဲ့ လုကျူးတို့ကို ခေါ်လိုက်တယ်။ လန်ချောင် ကျန်းယွမ်ကို ဆံပင်ဖီးပေးနေတုန်း သူမ ကြည့်ရတာ နည်းနည်းရှက်နေတဲ့ပုံပဲ။ ကျန်းယွမ် သူမ ပုံကိုမြင်တော့ မေးလိုက်တယ်။

"နင် ဘာဖြစ်နေတာလဲ"

"သခင်မလေး အင်္ကျီလဲသင့်တယ်ထင်တယ်"

လန်ချောင် ကျန်းယွမ်ရဲ့ ဂုတ်ကိုကြည့်ရင်း ပြောလိုက်တယ်။ ကျန်းယွမ်ရဲ့ အူကြောင်ကြောင်ဖြစ်နေသေးတဲ့ ပုံကိုမြင်တော့ ကြေးမှန်နဲ့ ပြလိုက်တယ်။ ကျန်းယွမ် ကြည့်လိုက်တော့ သူမရဲ့ ဖြူဖွေးတဲ့ ဂုတ်လေးမှာ နီညိုရောင်အမှတ်ကို တွေ့လိုက်တယ်။ ကျန်းယွမ် စိတ်ထဲမှာ ရှောင်ရှို့ကို ချက်ချင်းဆဲလိုက်တယ်။ လုကျူးက သူမကို အနီရောင်လည်စည်းလေး စည်းပေးလိုက်တယ်။

လုကျူး ကျန်းယွမ်ကို ဂရုတစိုက်နဲကြည့်နေတယ်။ မနေ့ညက ရှောင်ရှို့ ရောက်လာတာက ကျန်းယွမ်ကို ပြောင်းလဲပေးသွားတာပဲ။ အနည်းဆုံးတော့ သူမ မျက်နှာပေါ်က အေးစက်မှုက ပျောက်ကွယ်သွားပြီဖြစ်တယ်။ လုကျူး ကျန်းယွမ်အတွက် ပျော်ခဲ့ပေမဲ့ သူမ ကျန်းယွမ် သူမကို အတွေးတွေနဲ့ စိုက်ကြည့်နေတာကို သတိမပြုမိဘူး။ လုကျူး တုံ့ဆိုင်းစွာနဲ့ မေးလိုက်တယ်။

"သခင်မလေး ဘာလုပ်မလဲ"

ကျန်းယွမ် ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။

"ဘာမှမလုပ်ဘူး"

မနေ့ညက ရှောင်ရှို့က သူမကို အတည်ပြုသွားပေးပြီဖြစ်တယ်။ ဒီဒရမ်မာကို ရှောင်ရှို့နဲ့သူမသိတယ်ဆိုပေမဲ့ လုကျူးက မသိသေးဘူးဖြစ်တယ်။ လုကျူး ကျင်းအာအပေါ်မှာ ဘယ်လိုမျိုး ခံစားရသေးလဲဆိုတာကို သူမ မသိဘူး။ ကျင်းအာနဲ့ လုကျူးတို့ဘယ်လိုမျိုးဖြေရှင်းကြမလဲမသိဘူး။ ကျန်းယွမ် သက်ပြင်းချလိုက်ပြီး ထျန်ကျူးကိုပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now