Part 236

375 45 0
                                    


အခန်း (၂၃၆)

အိမ်တော်ထိန်းလင်းနဲ့ စကားပြောပြီးတော့ ကျန်းယွမ် ဘာခံစားချက်မှ မပြသပေမဲ့ လန်ချောင်နဲ့ လုကျူးတို့ကတော့ နည်းနည်းအံ့အားသင့်နေကြတယ်။ သူတို့ အမြင်မှာ အိမ်တော်ထိန်းလင်းက နည်းနည်းချောင်နေတဲ့ အဘိုးကြီးလို့ မြင်ကြတာဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဘာလို့လဲမသိဘူး။ သူက အရင်တုန်းကနဲ့ လုံးဝကွဲပြားနေတယ်။

ကျန်းယွမ် အဲဒါကို မျှော်လင့်မထားဘူး။ ဒီတန်ဟွာပညာတော်သင်ကျောင်းသားက နိုင်ငံတော်ထဲမှာ အထက်မြတ်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်တယ်။ သူ လီကုန်းကုန်းဆုံးသွားပြီဆိုတဲ့ သတင်းကိုကြားတော့ သူ့ အကြည့်တွေထဲက ဝမ်းနည်းမှုကို သူ ဖုံးကွယ်မထားနိုင်ခဲ့ဘူး။ သူနဲ့ လီကုန်းကုန်းတို့ ဆက်ဆံရေးတချို့ ရှိခဲ့တယ်ဆိုတာ သိသာတယ်။ ဒါပေမဲ့လည်း လူတိုင်းမှာ လျှို့ဝှက်ချက်ကိုယ်စီရှိကြတာဆိုတော့ သူမ မမေးခဲ့ဘူး။

"ရှင်ပြောတာမှန်တယ်။ လီကုန်းကုန်းကို သူနဲ့ အရမ်းနီးစပ်တဲ့သူက သတ်ခဲ့တာ။ သူက လီကုန်းကုန်းနားမှာ နေတာအတော်ကြာလောက်ပြီ။ ပြီးတော့ ဧကရာဇ်ကလည်း အပြင်းဖျားနေပြီဆိုတော့ ဒါက အချက်ပြတာဖြစ်မယ်"

ကျန်းယွမ်ပြောလိုက်တယ်။

"အချက်ပြတာလား"

အိမ်တော်ထိန်းလင်း မျက်မှောင်ကြုတ်လိုက်တယ်။

"သူတို့ အဲဒါလုပ်တော့မယ်လို့ သခင်မလေးထင်တာလား"

"ဟုတ်တယ်။ လီကုန်းကုန်း ရုတ်တရက်သေသွားတယ်။ သူ့ သေဆုံးခြင်းက အရမ်းမြန်လွန်းတယ်။ ပြီးတော့ ဒီလိုအချိန်မှာ သူ့ကိုသတ်လိုက်တာ အကြောင်းအရင်းတစ်ခုခု ရှိကိုရှိရမယ်"

ကျန်းယွမ် ပြောလိုက်တယ်။

အိမ်တော်ထိန်းလင်း ခဏလောက်တွေးလိုက်ပြီး ကျန်းယွမ်ရဲ့ အကြောင်းအရင်းက အရမ်းအကျိုးအကြောင်းသင့်တော့ သူ သူမကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။

"ဒါပေမဲ့ သူ ဘာအမှားလုပ်မိလို့ သူ့ကို သတ်လိုက်ရတာလဲ"

ကျန်းယွမ်ပြုံးလိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Where stories live. Discover now