Part 160

1.5K 155 3
                                    

အခန်း (၁၆၀)

ဒီနေ့မှာ ကျန်းအိမ်တော်ရဲ့ တံခါးပေါက်မှာ လူတွေစည်းကားနေတယ်။

ဟောင်အန်းကျွမ်းကျူ့ရဲ့ ဂုဏ်သတင်းက ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ ဘယ်သူမှ မသိတဲ့လူမရှိ ဖြစ်လာခဲ့ပြီးတော့ သူမက အကျဉ်းထောင်ထဲ အကြိမ်တော်တော်များများ ကျခဲ့ပြီးပြီဖြစ်တယ်။ ဒါပေမဲ့ သူမရဲ့ အခြေအနေတွေက အမြဲတမ်းပဲ သူမနဲ့ ကင်းလွတ်ခဲ့တာဖြစ်ပြီးတော့ သူမနဲ့ လွတ်လွတ်ကင်းကင်းနဲ့ လွတ်မြောက်ခဲ့တာဖြစ်တယ်။

ကျန်းအိမ်တော်ရဲ့ ခန်းမထဲမှာ ကျန်းချွမ်နဲ့ မိန်းမစိုးတစ်ယောက်က စကားပြောနေတယ်။ အဲ့ဒီမိန်းမစိုးက ပြောလိုက်တယ်။

"မယ်တော်ယိတျယ်ရဲ့ အမိန့်အရ ကျင်းရင်းဝမ်အိမ်တော်က ရှောင်ရှို့နဲ့ ကျန်းအိမ်တော်က ကျန်းယွမ်ကို လက်ထပ်ပေးရမယ်တဲ့။ ဒါက... "

ကျန်းချွမ်က ကျန်းယွမ်ကို ကြည့်လိုက်တယ်။

"ဒီကိစ္စက ဟောင်အန်းကျွမ်းကျူ့ ပြောရမဲ့ကိစ္စပါ"

ကျန်းယွမ်က ချိုသာစွာ ပြုံးပြလိုက်တယ်။

"အဖေက သမီးကိုအရမ်း အလေးပေးတာပဲ"

"ကျွမ်းကျူ့က အရမ်းယဉ်ကျေးတာပဲ"

ကျန်းချွမ်က လက်သီးဆုပ်လိုက်ပြီး ပြောလိုက်တယ်။

"ဒါကအရမ်း ကောင်းတဲ့သတင်းမို့လို့ ကျွန်တော်လည်း အရမ်းပျော်ပါတယ်"

ပြီးတော့သူက ကျန်းယွမ်ကို မျက်စောင်းထိုးလိုက်တယ်။ မယ်တော်ယိတျယ်က ကျန်းယွမ်ကို တကယ်ပဲ ကာကွယ်နေတာပဲ။ ပြီးတော့ ကျန်းယွမ်က အနာဂတ်မှာ ကျင်းရင်းဝမ်အိမ်တော်ရဲ့ သခင်မ ဖြစ်လာမှာဖြစ်ပြီးတော့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ အာဏာရှိလာမှာပဲ။ ဒီလိုဆိုရင် သူမကသူ့ကို နင်းချေဖို့ ကြိုးစားတော့မှာပဲ။ အဲ့ဒီအချိန်မှာ မယ်တော်ယိတျယ်က ပြောလိုက်တယ်။

"ဒါကကောင်းတဲ့အရာပဲ မဟုတ်ဘူးလား။ ကျန်းလူကြီးမင်းက မပျော်ရွှင်ဘူးလား"

ကျန်းချွမ်က လန့်သွားပြီးတော့ သူကရုတ်တရက် ပြုံးပြီးပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂जहाँ कहानियाँ रहती हैं। अभी खोजें