Part 133

1.5K 147 6
                                    

133 01

အခန်း (၁၃၃) (က)

ကျောက်မိသားစုက သူတို့ ခဲ့ချိူးရန်ဆီကဘာတွေမျှော်လင့်ထားလဲ သိသာအောင် ပြသနေတယ်။ ဒါကြောင့် ကျေးဇူးပြန်ဆပ်ခံရအောင် ခဲ့ချိူးရန်က ဒီအမှုကို လူထုရှေ့မှာ သူ အားစိုက်ထုတ်ထားကြောင်း သေချာပြသတယ်။ ရက်အနည်းငယ်အတွင်း မြို့တော်ထဲက လူအကုန်လုံးဟာ ကျန်းယွမ်က မှားပြီး အကျဉ်းချခံရမှန်းသိခဲ့တယ်။ အဲဒါတင် မကဘူး ဒီအမှုက တော်တော်ကျယ်ပြန့်တယ်ဆိုတာ သိခဲ့တယ်။ အရင်က ဟူချန်ချိုးနဲ့ ဒုတိယကိုယ်လုပ်တော်ရဲ့ဆက်ဆံရေးက နိုင်ငံတစ်နိုင်ငံလုံးကိုပြန့်သွားတယ်။ ပြီးတော့ ကျန်းချွမ် ထပ်ပြီးဖောက်ပြန်ခံရတာကို သိသွားတယ်။

ဒါပေမယ့် ဘယ်သူကမှ ကျန်းချွမ်ကို မသနားဘူး။ ဒါကဘာကြောင့်လဲဆိုတော့ ကျန်းယွမ်က အကျဉ်းချခံရချိန်ကနေ ပြန်လွတ်တဲ့အချိန်ထိ ဝန်ကြီးချုပ်ကျန်းက သူမဆီကိုတစ်ခါမှ လာမလည်ခဲ့လို့ဖြစ်တယ်။ သူ့ကိုအဲဒီနေ့က ရုံးတော်မှာ မတွေ့ခဲ့ရဘူး။ လူတွေကအမြဲတန်း အားနည်းတဲ့သူတွေကို သနားကြတယ်။ ဟောင်အန်းကျွမ်းကျု့က လက်ရှိတည်ငြိမ်တဲ့ အခြေအနေအထိ မြင့်တက်ခဲ့ပေမယ့်သူမက ကျန်းအိမ်တော်ထဲမှာ အရမ်းဒုက္ခခံခဲ့ရတာကို မထင်မှတ်ထားခဲ့ဘူး။ အဲဒါတကယ်ပဲသနားစရာကောင်းတယ်။

ဒုတိယကိုယ်လုပ်တော်ကို ဒုတိယရက်မှာ ခေါင်းဖြတ်သတ်ဖြတ်ခံရဖို့ အမိန့်ချတာနဲ့ပြီးဆုံးသွားခဲ့တယ်။ ဒုတိယကိုယ်လုပ်တော်ကို ခေါင်းဖြတ်သတ်ရမယ့် အချိန်က သတ်မှတ်ပြီးဖြစ်ပြီး နောက်ရက်ညနေလို့ပြောခဲ့တယ်။ ခဲ့ချိူးရန်က ဒီကိစ္စတွေကို အမြန်ဆောင်ရွက်ခဲ့တယ်။ ဟူချန်ချိုးကို အလုပ်ဖြုတ်ပြီးပြီဆိုတော့ ခဲ့ချိူးရန်က ဒေသအလိုက် စစ်ဆေးသူနေရာကိုရခဲ့တယ်။ အဲဒါတင်မကဘူး ဟူချန်ချိုးဦးစီးတုန်းက အရာရှိတွေထဲက တစ်ဝက်ကျော်က သူနဲ့ပတ်သက်ခဲ့တယ်။ ဒီလို ကြာမြင့်တဲ့ဆက်ဆံရေးတွေကို ရှင်းလင်းခဲ့ပြီး အရာရှိဌာနက လုံးဝကို ပြန်ပြီးအသစ်ခန့်လိုက်တာဖြစ်တယ်။ ပြီးတော့ ဟူချန်ချိုးရဲ့လူတွေ တစ်ယောက်မှမကျန်ခဲ့တော့ဘူး။ လက်ရှိခန့်အပ်ထားတဲ့အရာရှိတွေကလည်း စစ်ဆေးရေးဌာနမှာ ဖြစ်ပျက်ခဲ့တဲ့အရာကို သင်ခန်းစာယူခဲ့တာဖြစ်ပြီး သူတို့အလုပ်တွေကို ကောင်းကောင်းလုပ်နေကြတယ်။ ဒါတွေအကုန်လုံးက နောက်ပိုင်းပုံပြင်တွေကို မှတ်တမ်းတင်ထားသလိုဖြစ်တယ်။

မုန်းမာန်ဖွဲ့ရန်ငြိုး ၂Dove le storie prendono vita. Scoprilo ora