မုန်းမာန်ဖွဲ့ရန်ငြိုး
Part 177
အခန်း(၁၂၇)(က)
"အရှင်မင်းကြီး.... "
တော်ဝင်ကြင်ယာတော်ချန်က ဧကရာဇ်ကို ကြည့်လိုက်တယ်။ သူမက ဘာမှမပြောပေမဲ့ သူမရဲ့ တောက်ပတဲ့ မျက်ဝန်းတွေက တစ်ခုခုကို စိုးရိမ်နေတဲ့ပုံ ပေါ်နေတယ်။ ဧကရီက နှုတ်ခမ်းစိလိုက်ပြီး သူမရဲ့ အမူအရာတွေပေါ်မှာ အကူအညီမဲ့တဲ့ပုံပေါ်နေပြီး သူမက တိတ်ဆိတ်နေတယ်။
"ကောင်းပြီ။ မင်းအမွှေးတိုင်ကို မီးရှို့တာကို ငါကြည့်မယ်။"
ဧကရာဇ်က နက္ခတ္တဗေဒ အစိုးရဌာနရဲ့ အကြီးအကဲကိုပြောတယ်။ နက္ခတ္တဗေဒ အစိုးရဌာနရဲ့ အကြီးအကဲက ခေါင်းငုံ့လိုက်ပြီး သူ့ရဲ့လက်အောက်ငယ်သားတွေကို ရွှီးရွမ်အမွှေးတိုင် ယူလာဖို့အမိန့်ပေးလိုက်တယ်။
အမွှေးတိုင်က အရမ်းကြီးမားပြီး ထောက်တိုင် အသေးတစ်ခုလိုပဲ။ ပြီးခဲ့တဲ့ နန်းဆက်တွေရဲ့ ဧကရာဇ်တွေက ရွှီးရွှမ်အမွှေးတိုင်ကို မကောင်းတဲ့နိမိတ်ဆိုးတွေ ပေါ်လာမှ မီးရှို့တာဖြစ်တယ်။ အမွှေးတိုင်ကို မီးရှို့ပြီးတာနဲ့ နက္ခတ်တာရာကြည့်မျှော်စင်ကို မီးခိုးတွေက လွှမ်းခြုံထားတယ်။ နက္ခတ်ဗေဒ အစိုးရဌာန အကြီးအကဲက ရွှီးရွှမ်အမွှေးတိုင်ကို မျက်နှာပြုပြီး ဒူးထောက်နေပြီးတော့ သုံးကြိမ် ပြင်းထန်စွာ အရိုအသေပေးလိုက်ပြီး ပြောလိုက်တယ်။
"ကောင်းကင်ဘုံ ကျွန်ုပ်တို့ကို ကောင်းချီးပေးပါစေ။ ကောင်းကင်ဘုံကနေ သတိပေးချက်တစ်ခု ဆင်းသက်လာပါစေ။ ကောင်းကင်ထဲမှာ အမြွှာကြယ်နဲ့လရှိနေပြီး မကောင်းတဲ့ကြယ်က ထွက်ပေါ်လာတယ်။ ကျွန်ုပ်တို့အားလုံး ကောင်းကင်ဘုံကို တောင်းပန်ပါတယ်။ ဒီမကောင်းဆိုးဝါးကြယ်ကို ကျွန်ုပ်တို့ကို ဖော်ပြပေးပါ။"
အစိမ်းရောင်မီးခိုးက အပေါ်ကို ရစ်တက်သွားပြီး အမှောင်ယံထဲမှာ ပျောက်ကွယ်သွားတယ်။ ကျန်းယွမ်ရဲ့နှုတ်ခမ်းထက်မှာ အပြုံးလေးတစ်ခုပေါ်လာပြီး သူမက လက်ပိုက်နေလိုက်တယ်။ လေညှင်းက သူမရဲ့ဆံပင်ရှည်လေးကို ပွတ်သပ်သွားတယ်။ သူမရဲ့အဖြူရောင် အဝတ်အစားတွေက တင်းကြပ်စွာ ထုတ်သွားပြီး သူမရဲ့သွင်ပြင်က ဆွဲဆောင်မှုရှိစွာနဲ့ လှပနေတယ်။ ဒါပေမဲ့သူမက မကောင်းဆိုးဝါး ဝိညာဉ်တွေထဲက လှပတဲ့ မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုလိုပဲ။ ကြီးမားတဲ့ အမုန်းတရားအကြည့်နဲ့ သူတို့ကိုကြည့်နေတယ်။ ရှောင်ရှို့က နက္ခတ္တဗေဒ အစိုးရဌာန အကြီးအကဲ အရိုအသေပေးနေတဲ့ပုံကို ကြည့်နေပြီး မျက်နှာထားက ရုတ်တရက် ပြောင်းလဲသွားတယ်။ သတိပေးခြင်းမရှိဘဲ လူအုပ်ထဲကနေ အော်သံတစ်သံ ကြားလိုက်ရတယ်။
