အခန်း (၁၇၆)
ရှကျွမ်းက အံ့အားသင့်သွားတယ်။ ဒါပေမယ့် ဘာမှမပြောနိုင်ခင်မှာပဲ သူတစ်ယောက်ယောက်က ဓားထောက်ပြီးအော်ပြောလိုက်တာကို ကြားလိုက်ရတယ်။
"လက်နက်မချနဲ့ သူတို့ကိုသတ်ပစ်"
သူ့ဘေးနားကလူတွေကလည်း ရုတ်တရက် ဓားထုတ်လိုက်ကြပြီး ရောက်လာတဲ့လူတွေကို သွားပြီးတော့ တိုက်ခိုက်ကြတယ်။ လူအုပ်ကြီးက ရုန်းရင်းဆန်ခတ်ဖြစ်နေပြီးတော့ ဘာကိုမှပြောလို့မရဘူးဖြစ်နေတယ်။ မြင်းပေါ်က အရာရှိက ရုတ်တရက် ဒီမြင်ကွင်းကို မြင်ပြီး ဒေါသတကြီးနဲ့ အော်ပြောလိုက်တယ်။
ငါပြောတာကို နားထောင်ကြစမ်း ဒါမှမဟုတ် မင်းတို့ဆန့်ကျင်မယ်ဆိုရင်တော့ မင်းတို့ကို နေရာမှာတင် သတ်ပစ်ရမယ်။ ဒါကိုပြောလိုက်တဲ့ အချိန်မှာ ကျန်းချောင်က ပိုပြီးတော့တောင်မှ စိုးရိမ်သွားတယ်။ ပြီးတော့ ညရောက်နေတာဖြစ်ပြီးတော့ ဘာကိုမှ သိပ်ပြီးတော့ ထင်ထင်ရှားရှားမမြင်ရဘူးဖြစ်တယ်။ ပြီးတော့ ရှကျွမ်းခေါ်လာတဲ့ လူတွေက လည်း ရှစ်ယောက် ကိုးယောက်ပဲ ရှိတာဖြစ်ပြီးတော့ ကျန်းချောင်ခေါ်လာတဲ့ လူကလည်း သိပ်မများဘူး။ အဲ့တော့ ဒီအချိန်မှာ သူတို့က ဘာမှ ဆက်ပြီးမလုပ်ချင်ကြဘူး။
မီးက ဆက်ပြီးတော့ လောင်နေတာဖြစ်ပြီး ဒီညမှာ ကြီးမြတ်တဲ့ ကျန်းနိုင်ငံတော်က မြို့သူမြို့သားတွေက အကုန်လုံး အိပ်စက်နေတာဖြစ်ပြီး သူတို့က အပြင်မှာ ဘာဖြစ်နေမှန်း မသိကြဘူး။ ဘယ်သူကမှ မီးလောင်နေတယ်ဆိုတာကို သတိမပြု မိကြဘူး။ ဒီလိုနဲ့ ရှကျွမ်းနဲ့ ကျန်းချောင်တို့ကို အရာရှိတွေက ဖမ်းမိသွားကြတယ်။ ပြီးတော့ မီးကလည်း တစ်ညလုံး မငြိမ်းသတ်နိုင်ပဲ နောက်နေ့မနက်မှာ တော်တော်များများက ပြာဖြစ်သွားတယ်။ ကျန်းမိသားစုရဲ့ ဒုတိယသား ကျန်းချောင်နဲ့ ရှမိသားစုရဲ့ ဒုတိယသခင်လေး ရှကျွမ်းတို့က မနေ့ညက အစွန်းပိုင်းဒေသကို ပို့မယ့် သိုလှောင်ရုံကို မီးရှို့ခဲ့တယ်ဆိုတဲ့ သတင်းက ပြန့်သွားခဲ့တယ်။ ကျန်းချွမ်က ဒီသတင်းကို ကြားတဲ့ အချိန်မှာ သူက သူ့လက်ထဲက လက်ဖက်ရည်ခွက်ကို လွင့်ပစ်လိုက်ပြီးတော့ သူက ပြောလိုက်တယ်။
![](https://img.wattpad.com/cover/344006526-288-k561366.jpg)